၁။ ပထဝီဓာတ်ကို ဝိပဿနာရှူ့တဲ့အခါ “မာတဲ့သဘော တောင့်တဲ့သဘော ထုံတဲ့သဘော တင်းတဲ့သဘော နာတဲ့သဘော ကိုက်တဲ့သဘော ကျိုင်တဲ့သဘောတွေကိုတွေ့လာလိမယ် အထိုင်များသည် ကြသည်နှင့်အမျှ ခါးကနာလာသလို ဒူးကကိုက်လာသလို ကျိုင်လာသလို
ထုံလာသလို လည်ပင်းက တင်းလာသလိုစတဲ့ ဝေဒနာဆိုးတွေ ပေါ်လာတတ်တယ် ဒီသဘော
တွေဟာ သိပ်အကြာကြီးဖြစ်နေတာတော့ မဟုတ်ပါဘူး ပေါ်လိုက်ပျောက်လိုက် ဖြစ်လိုက် ပျက်လိုက်သဘောတွေပါ ။
ဒါကို လက္ခဏာရေး(၃)ပါးတင်ပြီး အနိစ္စ ဒုက္ခ အနတ္တ ပေါ်အောင် မြင်အောင်ရှူ့ ရမယ် ၊မာတဲ့
သဘောနဲ့ပေါ်လာတဲ့ရုပ် တောင့်တဲ့သဘောနဲ့ပေါ်လာတဲ့ရုပ် ထုံတဲ့သဘောနဲ့ပေါ်လာတဲ့ရုပ် ကိုက်ခဲ နာကျင်မှုတွေနဲ့ပေါ်လာတဲ့ရုပ်အား
ဥာဏ်မှာမြင်အောင် ရှူ့ရမယ် ၊အနိစ္စကိုတွေ့ဖို့မြင်ဖို့ လတွေ နှစ်တွေနှင့်ချီပြီးစောင့်စရာ
ပရမတ်ရုပ် တကယ်အရှိရုပ်တွေဟာ အချိန်တိုင်း်အချိန်တိုင်း အနိစ္စ ဒုက္ခ အနတ္တ ဖြစ်နေကြတာ
ပါ ။
၂။တေဇောဓာတ်ကိုဝိပဿနာရှူ့တဲ့အခါ
အိုက်တဲ့သဘောတွေကိုဘဲရှူ့ရပါတယ် မနေနိုင်အောင်ပူလာတာမျိုးတော့ မဟုတ်ပါဘူး
တေဇောဓာတ်၏ ဖောက်ပြန်မှုသဘောလောက်ပါ ၊ပူသလို နွေးသလို အေးသလို အိုက်သလို
တွေ့လာပါလိမယ် ၊အကြာကြီးလည်းမခံဘူး ဒလစပ်ဖြစ်ပျက်နေတာပါ ပူတာက အေးလိုက် အေးတာက ပူလိုက် ပရမတ်ရုပ်တွေရဲ့ ပျက်ဆီးပြောင်းလဲနေမှုတွေပါ ဒီသဘောများဟာ တစ်
စက္ကန့်မှာ ဘယ်နှစ်မျိုးလောက်ပြောင်းလဲေ
ဘယ်နှစ်မျိုးလောက် ပျက်ဆီးနေသလဲ ဥာဏ်နှင့်ကြည့်ပါ သ္မာဓိရှိရင် ရှိသလောက် တွေ့ပါလိ
မည် ၊ဘုရားရှင်ကတော့ တစ်စက္ကန့်မှာ ကုဋေတစ်သောင်းထိ ဖြစ်ပျက်နေကြတယ်လို့ဟောခဲ့
ပါတယ် ၊ဒီသဘောတွေကို ရုပ်အနေနှင့်ပြောရင် ပူသဘောက ပူတဲ့ရုပ် အေးသဘောကအေး
တဲ့ရုပ် နွေးသဘောက နွေးတဲ့ရုပ် အိုက်သဘောက အိုက်တဲ့ရုပ် တေဇောရုပ်တွေပေါ့ ၊ပထဝီ
ဓာတ်ထဲမှာတွေတဲ့သဘောများကိုလည်း ပထဝီရုပ်တွေလို့မှတ်ပါ ။မရပ်မနားဘဲ တခုပြီးတခု
ဖြစ်ပျက်နေတာကိုတွေ့ပါလိမည် ။
၃။အာပေါဓာတ်ကတော့ အလွန်သိမ်မွေ့နုညံ့ပါတယ် ထိတွေ့ စမ်းသပ်လို့မရလောက်အောင်ထိ
နုညံ့ပါတယ် ၊ဒါပေမဲ့ သူ့လက္ခဏာကို သူဖော်ပြနေပါလိမည် ၊အေးစက်စက် စပ်ဖြိန်းဖြိန်း ကျိန်း
စပ်စပ်သဘောတွေပါ ၊ကြက်သီးထသလိုလို မွှေးညှင်းပင်တွေ ထောင်လာသလိုလိုတွေ့တတ်ပါ
တယ် ၊အာပေါ ရုပ်တွေပေါ့ ၊ မိမိဥာဏ်ထဲမှာ ထင်လာတဲ့ သဘောကို လက္ခဏာရေး(၃)ပါးတင်
ပြီး ၊ဖြစ်ပျက်မြင်အောင်ရှူ့ပေးပါ ။
၎။ါယောဓာတ်ကတော့အတော်ထင်ရှားပါ
ကွေ့တဲ့သဘော၊ဆန့်တဲ့သဘော၊စောင်း
ယောရုပ်တွေပါ ၊ဒီ ဓာတ်ကြီး(၄)ပါးထဲပါတဲ့ ရုပ်သဘောလက္ခဏာအားလုံးတို့သည် အချိန်မခြား
ဖြစ်ပျက်ပြောင်းလဲပါတယ် ၊နဒီသောတောဝိယ မြစ်ရေယဉ်ကဲသို့ ပြတ်တောက်မှုမရှိ သွင်းသွင်
စီးကျပြောင်းလဲနေကြတယ် ဆိုပြီး ဘုရားရှင်ဟောခဲ့ပါတယ် ၊ဒီပဇာလာဝိယ မီးတောက် မီးလျှံ
ကဲသို့လောင်ကျွမ်းနေတယ်လို့လည်း
မြစ်ရေစီးကျနေတာကို ကြည့်လိုက်တဲ့အခါ ရေတွေဟာ တပေါင်းတည်းတစုတည်းဖြစ်ပျက်မှုမ
ရှိစီးကျနေကြတာဘဲလို့ မြင်ပါလိမည် ၊တကယ်တော့ ဖြစ်ပျက်နေကြတာပါ ၊ပထမမြင်လိုက်တဲ့
ရေဟာ ဒုတိယမြင်ကွင်းမှာမရှိတော့ဘူး ၊ဒုတိယမြင်လိုက်တဲ့ရေလည်း တတိယမြင်ရတဲ့နေရာ
မှာမရှိတော့ ဘူး ၊အရှိန်လျှင်မြန်နေလွန်းလို့သာ တသွေးတသားတည်းလို့ထင်ရတာပါ ။မီးစွဲ
ထားတဲ့ ဖယောင်းတိုင်မှာလည်း စွဲခါစမီးသည် စွဲပြီးချိန်မှာမရှိတော့ဘူး ထို့အတူ အသစ်အသစ်
မီးတွေက ဆက်ခါဆက်ခါလောင်နေကြတာပါ။
ဓာတ်ကြီး(၄)ပါးမှာရှိတဲ့ ပရမတ်ရုပ်သဘောတို့သည်လည်း မြစ်ရေတို့ ဆီမီးတိုင်တို့ကဲသို့ပါဘဲ၊
ဓာတ်ကြီး(၄)ပါးတို့ သဘောလက္ခဏာများကို သေချာမှတ်ပြီးရှူ့ကြည့်ပါ ၊ဥပမာတောင့်တဲ့
သဘောကိုတွေ့ရင် ဒီသဘောက ဘာဓာတ်လဲ ၊ပြီးတော့မှ အဲဒီသဘောထဲမှာ ရုပ် နာမ်ခွဲပါ
ရုပ်နာမ်ကိုခွဲနိုင်ရင် ----ငြိမ်းချမ်းရေးရင်ခွင်(၁၈)-
No comments:
Post a Comment