Saturday, 14 July 2012

ငြိမ်းချမ်းရေး ရင်ခွင့်(၃)

    Posted by ashin reavata on သြဂုတ် 4, 2011 at 2:07am

                                 ရင်ခွင်ကူးပြောင်းခြင်း။


ဗုဒ္ဓဆိုတာ ဘီစီ(၅၆၃)မှာ ဘုရင် သုဒ္ဓေါဓနနှင့်+မဟာ မာယာဒေဝီ  “သကျ သာကီဝင်
”မျိုးမှ သန့်စင်လာသော “သိဒ္ဓတ္ထ” မင်းသားဖြစ်သည်။
သူသည်၊အသက်(၂၉)နှစ်မှာ သား-မယား-စည်းစိမ် ဥစ္စာ-အခြံရံ-အကျော်စော-ရာထူး
ဂုဏ်သိမ် အားလုံးကိုစွန့်ပြီး ၊“ငြိမ်းချမ်းရေး”ဓမ္မ ကိုရှာ
ဖွေရန်စတင်ခဲ့ပါတယ်၊လောကီ “ရင်ခွင်”မှ ၊လောကုတ္တရာ“ရင်ခွင်”သို့
ကူးပြောင်းခြင်းဖြစ်သည်။
လောကီဆိုတာ၊လောကပါ။ လောက ဆိုတည်းက “လုဇ္ဇတိ ပလုဇ္ဇတီတိလောကော”ဆိုတဲ့အတိုင်
အမြဲတမ်း ဖြစ်ပျက်နေတဲ့ နေရာပါ။မည်မျှ
ပြည့်စုံ ချမ်းသာစေ မငြိမ်းအေး-မငြိမ်းချမ်းနိုင်တဲ

ရင်ခွင်ပါ။ချမ်းသာတဲံနေရာမှာ ”သိဒ္ဓတ္ထ”မင်းသား၏  ချမ်းသာကိုမှီနိုင်တဲ့
ချမ်းသာ ဒီကနေ့
ကမ္ဘာ ပေါ်မှာတင် ရှိမည်မဟုတ်။ထိုမျှကြီးကျယ် ခန့်ငြားသော်လည်း ”ဘဝ” ကိုကား
မငြိမ်းအေးစေနိုင်။အပူရှိန်ကိုသာ မြှင့်ပေးနိုင်၏။ ထိုအပူ
များကို မည်သူက ငြိမ်းစေနိုင်မည်နည်း ။အေးအောင်၊ ငြိမ်းအောင် မည်သူက
ဖန်ဆင့်ပေးနိုင်မည်နည်း ။
၎င် အပူ တို့မှာ ကီလိုမီတာ ဒီဂရီနှင် တိုင်းတာလို့ရတဲ့ အပူလဲမဟုတ်
။သက်ရှိအားလုံးတို့ ”ဘဝ” စကတည်းက ကိန်းပါလာသော “ကိလေသာ”
များသာ ဖြစ်သည် ။ကိလေသာ ဆိုသည်မှာ မှီသူကိုလဲပူ
အမှီခံသူကိုလဲပူစေတတ်တဲ့သဘောပါ ။ဒါကြောင့် ဒီကိလေသာများနှင့်ပြည့်နှက်
နေတဲ့ “လောကီရင်ခွင်”သည်လည်း
လာရောက်ခိုလှုံသူကိုလည်ဲးပူ-ခိုလှုံခံသူကိုလည်းပူစေတတ်တာကြောင့်
“အပူရင်ခွင်” လို့ပြောတာပါ ဒါကို သိဒ္ဓတ္ထ
မင်းသားသိပါ၏ ။
သိသည့်အတိုင်း “အပူရင်ခွင်”မှ ရုန်းထွက်ကာ-ငြိမ်းအေးတဲ့ “ရင်ခွင်”
ကိုရယူရန် ဆရာအသီးသီးတို့ ထံနည်းခံ ရှာဖွေခဲ့ပါတယ် ။သော သောာ် တကယ့်
စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဓမ္မ ကို ပေးနိုင်စွမ်းသူ  မတွေ့တဲ့နောက်
သူကိုယ်တိုင် (၆)နှစ်ကြာအောင် “ဒုက္ကရ” စရိယအကျင့်
ကိုကျင့်ခဲ့ပါတယ် ။ဒီတော့မှ မသိမှု “အဝိဇ္ဇာ” မောဟစတဲံ ကိလေသာ အားလုံးကို
ပါယ်နိုင်စွမ်းတဲ့ “သဗ္ဗဥူတ ”ဥာဏ်ကို မဟာသက္ကရာဇ်
(၁၀၃)ကဆုန်လပြည့်-ဗုဒ္ဓဟူးနေ့ -ပစ္ဆိမယံ- အရုဏ  အချိန်မှာရရှိခဲ့ပါတယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဓမ္မ နှင့် ငြိမ်းချမ်းရေး ရင်ခွင် ကိုပိုင်
ဆိုင်ခဲ့ပါတယ် ။
သဗ္ဗဥူတ ဥာဏ်ကို ရပြီးမှ၊ လောကတွင် အတူမရှိ “အတုလ”ဗုဒ္ဓ- ဘုရား အဖြစ်
လူ-နတ်-ဗြဟ္မာ တို့က အသိမှတ်ပြုလာကြတာပါ ။ဗုဒ္ဓ
သည် ၊၄၅-နှစ်ကြာ အသက်ရှင် နေထိုင်တော်မူခဲ့ပါတယ်။သူကိုယ်တိုင် ထိုးထွင်း
ရှာဖွေ ရရှိခဲ့တဲ့ “ငြိမ်းချမ်းရေး”သစ္စာ ဓမ္မ ကို သတ္တဝါ
ဝေနေယျများစွာ တို့အား ဟောကြားပေးခဲ့ပါတယ် ။သက်တော်(၈၀)မှာ
အိုမင်းရင့်ရော်မှု“ဇရာ”။နာကျင်မှု “ဗျာဓိ” ။ပျက်ဆီမှု“မရဏ”တို့
ကို ရှု့မှတ်ရင်  ငြိမ်းချမ်းစွာ “ပရိနိဗ္ဗန်”ဝင်စံတော်မူခဲ့ပါတယ် ။
ဗုဒ္ဓ ရရှိခဲ့တဲ့ သဘာဝသစ္စာဓမ္မသည်၊ လောကုတ္တရာ ရင်ခွင်ပါ ထို “ရင်ခွင်”သည်
ခိုလှုံသူတို့လဲ ငြိမ်းချမ်း-ခိုလှုံ ခံရသူလဲ ငြိမ်းချမ်းတဲ့ ရင်ခွင်ပါ
။တကယ်အစစ်မှန် အေးချမ်းတဲ့ ရင်ခွင် နန်းတော်ပေါ့ ။ ဒီရင်ခွင်က ဘာလို့
ငြိမ်းချမ်းရတာလဲ၊ငြိမ်းချမ်းမှုကို ဘယ်တိုင်းတာထိ
ပေးစွမ်းနိုင်မလဲ ဆိုတာ ကိုယ်တိုင်လုပ်ကြည့်ပါ ။“လောကုတ္တရာ” ဆိုသည်မှာ
“လောကဥတ္တရ” လောကနှင့် ဆက်နွယ်မှု မရှိတဲ့နေရာ
လို့ ဆိုလိုပါတယ် ။လောကရဲ့ အပြင်ဘက်။လောကထက် မြင့်မြတ်တဲ့နေရာ ။ဒီနေရာမှာ
ကိလေသာ တွေလုံးဝမရှိတော့တဲ့အတွက်၊ ထာ
ဝရ “ငြိမ်းချမ်း”တဲ့ ရင်ခွင် ပါ ။
 ကိလေသာမရှိရင် တကယ် ငြိမ်းမှာလား-----ငြိမ်းချမ်းရေး ရင်ခွင် --၄ ---သို့------

No comments:

Post a Comment