ရင်ခွင်(၂)ခု။
စာဖတ်သူများ အားလုံး ဘေးဘယာတွေဝေးကြပါစေ၊ဘဝကို ငြိမ်းချမ်းအောင်
ပြုပြင်နိုင်ကြပါစေ၊မေတ္တာ ပို့ပြီး၊ပို့ဆဲ၊ပို့လတ္တံ့
ပါ။ငြိမ်းချမ်းရေး သဘောကို (၁)မှာ ပြောခဲ့ပြီးပါပြီ။
ခု“ရင်ခွင်”အကြောင်းကို အနည်းငယ်ပြောပြပါမည် ။“ရင်ခွင်”
ဆိုတာအားကိုးရာတခုခုရှာဖွေ နေသူတို့ အတွက်၊ အားကိုးခံနိုင်လောက်တဲ့
နေရာကို ရည်ညွန်းတဲ့ စကားလုံးပါ ။တနည်း -ပြောရလျှင်၊ လောကီ “ရင်ခွင်”
နှင့်
လောကုတ္တရာ “ရင်ခွင်” ဆိုပြီး (၂) မျိုးရှိပါတယ် ။အပူ ရင်ခွင်၊ အအေးရင်ခွင် ပေါ့။
ဒီတော့ စာဖတ်သူတို့က ဘယ်“ရင်ခွင်”ကို အားကိုးချင်သလဲ။ဘယ်“ရင်ခွင်”က တကယ်
အားကိုးနိုင်လောက်တယ် ထင်လဲ ကိုယ့်ကိုကိုယ်
ဆုံးဖြတ်ပါ ။ဘယ်ရင်ခွင်က အေးတယ် ။ဘယ်ရင်ခွင်က မအေးဘူး ဆိုတာလဲ
သိပြီးသားပါ။ဒါက ဦးဇင်း ရေးနေတဲ့ ”ငြိမ်းချမ်းရေး ရင်ခွင်”
ဆိုတာကို နားလည်အောင် နည်းနည်းပြောပြတာပါ။ ငြိမ်းချမ်းရေး ဆိုတာ “ဘဝ”ကို
ဦးတည်ပြီး ”ရင်ခွင်”က “အားကိုးရာ” သို့ ဦးတည်ပါတယ်။(၂) ခု
ပေါင်းလိုက်တော့ “ဘဝ”၏ အားကိုး ရာပေါ့ ။ဒါကို ငြိမ်းချမ်းရေး ရင်ခွင်
လို့ပြောတာပါ။
အဲဒီ ငြိမ်းချမ်းရေး ကို ရှာဖွေခဲ့သူများ ထဲက “ဗုဒ္ဓ” ၏။ ရှာဖွေ ပုံ၊ ဗုဒ္ဓ
၏ နည်းလမ်း ဗုဒ္ဓ ၏ ၊ ဝါဒများကို တင်ပြပါမည်။
ဗုဒ္ဓ ဝါဒဆိုတာ၊ဗုဒ္ဓိကနေပြီး ။ဗုဒ္ဓဝါဒ ဆိုတဲ့ဝေါဟာရဖြစ်လာတာပါ ။“ဗုဒ္ဓိ”
နိုးထခြင်းလို့ အဓိပ္ပာယ်ရပါတယ် ။ဗုဒ္ဓ သည် သက်တော်(၃၆)နှစ်
အရွယ်မှာ သူကိုယ်တိုင် နိုးထခဲ့ပြီး သူကိုယ်တိုင် ငြိမ်းချမ်းရေးကို
ရှာဖေခဲ့သူပါ ။ဒီတော့ “ဗုဒ္ဓ” ဝါဒဆိုတာကို “ဗုဒ္ဓ” ကိုယ်တော်တိုင် ဖြတ်
သန်းလာခဲ့ရတဲ့ ဘဝ အတွေ့ကြုံတွေအပေါ်မှာ အခြေခံပြီး တည်ဆောက်ထားခဲ့တာပါ
။ယခုခါ “ဗုဒ္ဓ” ဝါဒ၏ သက်တမ်းမှာ (၂၅၀၀) ကျော်လာ
ပါပြီ ။တစ်ကမ္ဘာ လုံး အတိုင်းတာအရ ဗုဒ္ဓ ဘာသာဝင် ဦးရေသည်လည်း
သန်းပေါင်း(၃၀၀)ကျော်ခန့်ရှိေ
နပါပြီ ။
ပြီးခဲ့တဲ့ နှစ်(၁၀၀)ခန့်ကတော့ ဗုဒ္ဓ ဘာသာဟာ အာရှ ဒဿန အဆင့်လောက်ပဲ
ကျယ်ပြန့် ခဲ့ပါတယ် ။ခုတော့ ဦးရောပ+အမေရိက တို့မှာပါ
အလွန်ကျယ်ပြန့်စွာ လိုက်စားနေကြပါပြီ။“ဗုဒ္ဓ” ဝါဒဟာ အတွေ့ကြုံမှ တဆင့်
အသိဥာဏ် သို့ မြှင့်တင်ပြီး၊ “ဘဝ” ငြိမ်းချမ်းရေးကို ရှာဖွေတဲ့ ဝါဒပါ
။ဒါကို တချို့ က “ဗုဒ္ဓ” ဝါဒ ဟာ (phi lo sophy)/ အတွေးခေါ်မျှသာ
ဖြစ်ပါသလားလို့ မေးကြပါတယ်။
(philosophy)မျှတော့ မဟုတ်ပါ။(philosophy)ထက် အဆင့်မြှင့်တဲ့ဝါဒပါ။
ငြိမ်းချမ်းရေး ရင်ခွင်----၃--သို့---

No comments:
Post a Comment