Sunday, 15 July 2012

ငြိမ်းချမ်းရေး ရင်ခွင့်(၄)

     ကိလေသာမရှိတော့ရင် တကယ် ငြိမ်းချမ်းမှာလား။
မှန်တာပေါ့ ။မငြိမ်းချမ်းနိုင်မှု အားလုံးဟာ ကိလေသာကြောင့်ပါ ။“သံကိလိဋ္ဌ
သံကိလေသိကာဓမ္မာ” လို့ ဗုဒ္ဓဟောခဲ့ပါတယ် ။ပူလောင်စေတတ်၊
နှိပ်စက်တတ်တဲ့ တရားပါ ။“လောဘ-ဒေါသ-မောဟ-စသောကိလေသာ များသည် သတ္တဝါတို့ကို
ပူလဲပူလောင်စေတတ်။ နှိပ်စက်လဲ နှပ်စက်
တတ်တဲ့တရားပါ ။ဒီ“ကိလေသာ ”များ၏ ။နှိပ်စက်နေမှု့  တို့ကို သိသာဖို့ ၊ပင်မ
ဗဟိုရ်ချက်ချာဖြစ်တဲ့ “အဝိဇ္ဇာ” ကိုလှမ်းမျှော်ကြည့်ပါ ။“အဝိဇ္ဇာ”
ဆိုတာ “ကိလေသာ ”အားလုံးတို့၏ ၊အရှင် သခင်ပါ ။ဒီ အဝိဇ္ဇာ ၏ သဘောမှာ
“မသိမှု”ကိုအခြေခံပြီး၊“ငါ” ဆိုတဲ့ “အတ္တ”က ဦးစီးထားပါတယ်။
“ငါ” ဆိုတဲ့ အတ္တက ဦးဆောင်လာတဲ့အခါ ၊လူတို့သည် ၊ငါ့တိုင်းပြည်
။ငါ့လူမျိုး ။ငါ့ဆွေ၊ငါ့မျို ။ငါ့သာ၊ငါ့မယား။ငါ့စည်းစိမ်၊ငါ့
ဥစ္စ။ငါ့ထီး၊
ငါ့နန်း ။
ငါ့ ပိုင်နက်ဆိုပြီး၊ပိုစိုးလိုမှုတွေများလာတတ်တယ် ။
ဒါကို သစ္စာဓမ္မ  ရှု့ထေင့်ကကြည့်လျှင် မှာနေသော နယ်လွန် စိတ္တုပ္ပါဒ်သာ
ဖြစ်ပါ၏ ခါးသီနေ၏ သော သော် “လောဘကိလေသာက” ထိုသို့
ငါ ဆိုတဲ့ အတ္တစွဲနှင့် လုပ်နေမှုအပေါ်၊ ချိုမြိန်အောင်၊
မွေ့လျှော်အောင်၊မခွဲမခွါရက်အောင် ၊မျှို့စားထားတတ်၏ ဆွဲဆောင်တတ်၏
။တွန်းအား
ပေနေတတ်၏ ။လုပ်သမျအားလုံး“ငါ”သာမှန်တယ် ဆိုတာမျိုးဖြစ်အောင် “အဝိဇ္ဇ”က
ဖုံအုပ်ထား၏ ။ လွှမ်းမိုးထား၏ ။ စိတ်မနှံ့ သူကို ရူးနေသူ
ကအုပ်ချုပ်ထား သလိုဖြစ်၏ ။
နိုင်ငံတခုနှင့် တခု။လူမျိုး  နှင့်တမျိုး၊အောက်ထစ်ဆုံးအားဖြင့်၊ မိဘ
သားသမီး၊ညီအစ်ကိုယ်၊မောင်နှမချင်းတို့ တောာင်၊ ကိုယ့်ထက်သာ။
ကိုယ့်ထက်တော်လာပြီဆို၊ မနာလိုမှု။ ငြူစူမှု။ဝန်တိုမှု။ဖျက်စီးလိုမှု။
ပျက်စီးစေလိုမှု။စသော “ကိလေသာ” များတို့ကြောင့် ။တိုက်ကြ ။ခိုက်ကြ
သတ်ကြ။ဖြတ်ကြသည်များကိုလည်း  လူတိုင်း မြင်တွေ့နေကြမှာပါ။ ဘယ်လိုပင်
ဖြစ်ဖြစ် “ငတေ”မှာပြီးရော ဆိုတာလို ငါမှားတယ်လို့ ဝန်
ခံသူကားမရှိ မှန်တယ် ကောင်းတယ်လို့သာ မော်ကြွားနေတတ်ကြ၏ ။
ဒါသည်လည်း“အဝိဇ္ဇာ” ၏ ချုပ်နှောင်မှု နှင့် ။ “အတ္တ”၏ အသာစံလိုမှုတို့အတွက်
“ကိလေသာ”များက ဝိုင်းရန်ထားတဲ့ သဘောပါ ။ဒီကိလေ
သာများသာမရှိခဲ့ရင်၊မည်မျှ ငြိမ်းချမ်လိမည်လဲ။အာရုံပြုကြည့်ပါ။ဒီတော့
တကယ့် ဘဝငြိမ်းချမ်းရေး”ကိုလိုလားရင် “ကိလေသာ”တို့ကို
နည်းအောင် ။လျှော့အောင်။ပါးအောင်။ အမြစ်ပြတ်အောင်လုပ်ဖို့သာ
လိုပါတော့တယ်။လုပ်ရမည်မှာ ကိုကိုယ်တိုင်ဖြစ်ပါ၏ ။တစ်ဦးတစ်
ယောက်ကိုမျှ အားကိုးလို့ရမည်မဟုတ်။
မိမိကိုသာလျှင် မိမိအားကိုးရမည် ဖြစ်၏
။“ဗုဒ္ဓ“ကိုယ်တော်တိုင်လည်းမိမိကိုမိမိ အားကိုးခဲ့တာပါ ။ဒါသည်ပင်
“ဗုဒ္ဓ”ဝါဒ ဖြစ်၏ ။ ကိလေသာ
ကိုပါယ်ဖျောက်ရန်မှာ။ ရုပ်ပိုင်းဆိုင်ရာအသိနဲ့ မလုံလောက်ပါ
။အာရုံအသိကိုကျော်လွန်သော“ ကျော်လွန်ပြီး။ဆက်စပ်အသိ “စိန္တာမယ”


နယ်မှလည်းလွန်မြောက်ရမည် ဖြစ်သည် ။ပြင်သစ်ပညာရှင် (Nicholas of Cusa)က
ဒီလို သုံးသပ်ပြခဲ့ပါတယ် ။
                                           “အာရုံအသိမျှတွင် အခြေခံသော
ကျွန့ှ်ုပ်တို့၏ မောက်မာလှသော
                                          အသိပညာ ဟူသမျကား စင်စစ်
မသိတွေဝေမှု အဝိဇ္ဇာသာဖြစ်ပါ၏။
                                          အသိပညာမှန် ဝိဇ္ဇာကိုမူ
အာရုံသိဖြင့် မဟုတ်ဘဲ အာရုံသိ နယ်ပါယ်၏၊
                                          အပြင်ဘက် သို့ ထွက်လျှက်
(ထိုးထွင်းသိဖြင့်) ဆင်ခြင် သုံးသပ် ခြင်း
                                          ဖြင့်သာရနိုင် ပေသည်။

No comments:

Post a Comment