Tuesday, 17 July 2012

ငြိမ်းချမ်းရေး ရင်ခွင့်(၅)

       စိတ်ကို  ဆေးပေးလိုက်ပါ ----

“ကိလေသာ”ကို ပါယ်ဖျောက်ရန်“အာရုံအသိ-စိန္တာမယအသိ”နယ်ကိုကျောလွန်ြ့ပီး ။“လောကုတ္တရာ”အသိကိုရှာဖွေရပါမည် ။ဒါသည်“ဗုဒ္ဓ”၏
နည်းလမ်းလည်းဖြစ်၏ ။“လောကုတ္တရာ”အသိကိုရှာဖွေတဲ့ အခါမိမိတို့၏ “စိတ်”ကို အရှိန် ပါဝါ မြင့်အောင် ဆေးကြော ပေးရပါမည် “စိတ်”
ဓါတ်မြင့်မားလာအောင် ၊စိတ်ကို သန့်ရှင်းပေးရပါမည် “စိတ်”ဓါတ်မြှင့်တင်ရေး ဆိုသည်မှာ “ဂစ်တာတီးခြင်း။ကခြင်း။ခုန်ခြင်းတို့မဟုတ်ပါ ။
ဂစ်တာတီး။က+ခုန် လုပ်တာတွေက“စိတ်”ကိုဖျက်ဆီးခြင်းတွေပါ။
သက်ရှိတို့ “ဘဝ“ငြိမ်းချမ်းရေးသည် အတွင်း “မနော”ဝိဥာဏ်နှင့်သာသက်ဆိုင်ပါ၏ ။မနော  ဆိုသည်မှာ စိတ်ဖြစ်ပါ၏ ။ထို စိတ်ကို ဘယ်လို
ဆေးပေးရမလဲ။ဘယ်လိုမြှင့်ပေးရမလဲဆိုရင် “ဗုဒ္ဓ”၏ နည်းလမ်းများကိုကြည့်ပါ ။နည်းလမ်းဆိုသည်မှာ “အဆုံမ”ဖြစ်၏ ။ထိုအဆုံးမ များမှာ
“ပိဋကသုံးပုံ+နိကယ်-၅-ရပ် +ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀)တို့ဖြစ်၏ ။အလွန်များပြား၊ ကျယ်ပြန့်သော အဆုံးမလည်းဖြစ်ပါ၏ ။“ပိဋက သုံးပုံ”ကို
အကျဉ်းချုံ့ လျှင်+သီလ+သမာဓိ+ပညာ+သုံးမျိုးကိုရပါ၏ ။“ဝိနယ”ပိဋကထဲမှ “သီလ” ။သုတ္တန္တပိဋကထဲမှ “သမာဓိ” ။အဘိဓမ္မာ ပိဋကထဲမှ
“ပညာ”ဒေီတော့ ၁။သီလ+၂။သမာဓိ+၃။ပညာ -သုံးမျိုးပေါ့။
ဒီသုံးမျိုးထဲက ပထမဆုံး “သီလ”ဆိုတာ စိတ်ကို ဆေးကြောတဲ့ တရားပါ စိတ်ကို ဘာကြောင့် ဆေးကြောရတာလဲလို့ မေးရင် “ကိလေသာ”
တွေရှိနေလို့ပါ ။တကယ်တော့ စိတ် ဆိုတာ အာရုံကို သိတတ်တဲ့ အမှတ်သားလေးပါ ။အဖြူသက်သက်ပေါ့ ။“နီတယ် ။ဝါတယ် ။ပြာတယ် ။
မဲတယ် ။ကောင်းတယ် ။ဆိုးတယ် မရှိဘူး ။ကောင်း မကောင်းဆိုတာတွေက “စေတသိက်”ကနေဖန်တီးပေးနေတာပါ ။စိတ်ကို  ပြုပြင်ပေးနေတဲ့ “စေတသိက်”က (၅၂)ပါးရှိပါတယ် ။အဲဒီ-၅၂-ပါးကို ကောင်းတဲ့ စေတသိက်= မကောင်းတဲ့ စေတသိက်လို့ -၂-မျိုးခွဲ
လိုက်တော့(၂)အုပ်စု ဖြစ်သွားပါတယ် ။မကောင်းတဲ့ စေတသိက်ထဲမှာ “ကိလေသာ ”-၁၀-ပါးပါတယ် ။ဒီ ကိလေသာ တို့ကို သေချာမှတ်
ထားပါ ။
၁။လောဘ၊ လိုချင်တပ်မက်မှု။
၂။ဒေါသ၊စိတ်ဆိုး အမျက်ထွက်မှု။
၃။မောဟ၊တွေဝေမှု မသိမှု ။
မာန၊ ထောင်လွှားမှု။မောက်မာမှု ။
၅။ဒိဋ္ဌိ၊အယူမှားမှု ။
၆။ဝိစိကိစ္ဆာ ၊ယုံမှားမှု ။မဆုံးဖြတ်နိုင်မှု။
၇။ထိန၊ထိုင်းမှိုင်းနေမှု။
၈။ဥဒ္ဓစ္စ၊မတည်ငြိမ်မှု။ပျံလွင့်မှု
၉။အဟိရိက ၊မကောင်းမှု ပြုလုပ်ရမည်ကို မရှက်မှု ။.
၁၀။အနောတ္တပ္ပ၊မကောင်းမှု ပြုလုပ်ရမည်ကို မကြောက့်မှု -တို့ဖြစ်ပါတယ် ။
အဲဒီ-၁၀-ပါထဲကတပါးပါး  စိတ်ကို ပူးကပ်နေရင် အဲဒီအချိန် စိတ်ဟာ “ကိလေသာ”ရောနှောနေတဲ့ စိတ် -ကိလေသာ ပေးကျံနေတဲ့ စိတ်-
ကိလေသာ၏ အချုပ်နှောင်ကို ခံနေရတဲ့ စိတ်ပေါ့ ။ကြည်လင်မှု-လတ်ဆက်မှု -ပျော်ရွှင်မှုတို့မရှိတော့ဘူး ။ဒါတွေဟာ စိတ် သ်သက်ကြောင့် ဖြစ်တာမဟုတ်ပါ ။စေတသိက်ထဲက ကိလေသာတွေကြောင့် ဖြစ်တာပါ ။
ဦးပမာ-လောဘ စေတသိက်က စိတ်နှင့် ပူးကပ်နေပြီး ဆိုပါတော့ အဲဒီအချိန် ထိုလူရဲ့ စိတ်ဟာ လောဘ စိတ်ဖြစ်နေမယ် တရားတာ မတရားတာမသိ  ကိုယ်ဖို့ဆိုတာပဲ သိနေတယ် ။မှန်တယ်-မှားတယ်မသိ ငါရရင် ငါပိုင်ရင် ပြီးပြီဆိုတာမျိုးဖြစ်တတ်တယ် ။ဒါကိုမြင်တဲ့
ခါ ၊တခြား လူတွေက  “ဟာ”ဒီကောင်အရမ်းလောဘကြီးတဲ့ကောင်ပဲ ။လောဘသမားပဲ လို့ ပြောကြတယ် ။အမှန်တော့ စိတ် မှာ လောဘ
ကိလေသာ ပူးကပ်နေလို့  လူက လောဘကြီးနေတာပါ ။
အဲဒီအချိန် ထိုလူရဲ့ စိတ်ဟာ ပူလောင်နေမှာလား  ငြိမ်းချမ်းနေမှာလား ဆိုတာ စာဖတ်သူတို့ စဉ်းစားကြည့်ပါ ။ကိလေသာတွေက စိတ်
မှာ မှီနေပြီ ကပ်နေပြီ ဆိုရင် စိတ်ဟာ အရှိန်ဝါ အကျော်စောမရှိတော့ ဘူး ညစ်ညမ်းနေတယ် ။ယုတ်နိမ့်နေတယ် ဒါကို သီလ နဲ့ဆေးပေးရတာပါ ။ တခြား ကိလေသာတွေလဲ ဒီအတိုင်းပါပဲ------ငြိမ်းချမ်းရေး ရင်ခွင် --၆--သို့ 
Add caption
           ငြိမ်းချမ်းရေး  ရင်ခွင် (၆)

No comments:

Post a Comment