Thursday, 19 July 2012

ငြိမ်းချမ်းရေး ရင်ခွင့်(၇)

       ကိလေသာကို  ဒီလိုဆေးကြောလိုက်ပါ။

ဦးဇင်းပြောလာခဲ့တဲ့ “ကိလေသာ”တရားကို “နီဝရဏ”လို့လည်းခေါ်ပါတယ် ၊“နီဝရဏ”ဆိုတာ တားဆီ ပိတ်ပင်းတတ်တဲ့တရားပါ ၊ဘာတွေကို
ပိတ်ပင်းတာလဲမေးရင် “ကောင်းတာတွေ”မလုပ်ဖြစ်အောင် ပိတ်ပင်းထားတာပါ၊လူတစ်ယောက်ယောက်မှာ “ကိလေသာ”တမျိုးမျိုးဖြစ်နေပြီ
ဆိုရင်၊ကောင်းတဲ့ဖက်ကို သိပ်သတိမရတော့ဘူး ၊မကောင်းတာတွေဘဲ သတိရနေတယ် လုပ်ချင်နေတယ် ၊အာရုံပြုနေတယ် ၊ကြံစည်ပြီးနေ
တတ်တယ် ၊လုပ်မိပြန်ရင်လည်း မကောင်းတဲ့အလုပ်တွေပဲ၊အဲလို မကောင်မှုတွေ လုပ်ပါများလာတဲ့ခါ စိတ်က ပိုပြီးပူလာတယ် လောင်လာတယ် တဖြေးဖြေးကျွမ်းလာတယ် ဒါကို တခြားလူတွေမသိသော်လည်း ခံနေရသူကတော့ သိနေမှာပါ ၊“ဗုဒ္ဓ”လက်ထက်တော်
က ဝက်သတ်သမား “စုန္ဒ”ဆိုရင် လောဘ  “ကိလေသာ”ကြောင့် စားလိုဇော၊ချမ်းသာလိုဇောတွေနဲ့ ဝက်တွေကိုအရှင်လက်လက်ရေနွေးပူတွေ
လောင်း၊အရှင်လတ်လတ် မီးဖုတ်၊သတ်ဖြတ်လုပ်ခဲ့တာတွေ နောက်ဆုံးတော့ သူကိုယ်တိုင်ပဲ ဝက်လိုအော်ပြီး သေခဲ့ရတယ် ၊အဲဒီတုန်းက
“ဗုဒ္ဓ”ကိုယ်တော်တိုင် စုန္ဒ အိမ်နဲ့ သိပ်မဝေးတဲ့   “ဝေဠုဝန်”ကျောင်းမှာ သီတင်သုံးနေတာပါ၊ ကောင်မှုကုသိုလ်တွေလုပ်ဖို့ ၊သီလဆောက်တည်
ဖို့၊ဘုရားဖူး၊တရားနာဖို့ ဘယ်လောက်ကောင်းသလဲဒါကိုသတိမရနိုင်ခဲ့ဘူး ၊ကိလေသာတွေရဲ့ တားဆီမှု၊ပိတ်ပင်းမှုတွေနဲ့ ဘဝပျက်စီးဆုံး
ရှုံးခဲ့ရတယ် ။
ဒီ ကိလေသာတွေ စိတ်မှာ အကြာကြီး အနေထိုင်မနေအောင်“သီလ”နှင် ခဏခဏဆေးကြောပေးရပါမည် ဒီတော့ခါ လူုတစ်ယောက်အမြဲ
လက်ကိုင်ထားရမည့် “သီလ”မှာ ငါးပါးသီလပါ ၊ရှစ်ပါးသီလ၊ကိုးပါးသီလ၊ပြီးတော့၊အာဇီဝဋ္ဌမကသီလ ဆိုပြီး ရှိပါတယ် ၊ဒီထဲက ၁-သူ့အသက်
သတ်ခြင်းမှ ရှောင်ကြည်ခြင်း၊-၂-ပိုင်ရှင်မပေးသော သူတပါးဥစ္စာကိုခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း ၊၃-မှားယွင်းဖောက်ပြန်သောမေထုန်
ကျင့်မှ ရှောင်ကြဥ့်ခြင်း၊၄-မမှန်မကန်လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြည်ခြင်း၊၅-မူးယစ်မေ့လျှော့စေတတ်သော သေရည်အရက် မူးယစ်ဆေးဝါးသုံးဆောင်မှီဝဲခြင်းမှ ရှောင်ကြည်ခြင်း တို့ကိုလက်ကိုင်ထားပြီး လိုက်နာကျင့်သုံးပါ ဒါက(၅)ပါးသီလပါ၊
ဒီသီလများကို လိုက်နာ ကျင့်သုံးနိုင်တဲ့ အတိုင်းတာပေါ်မူတည်ပြီး  စိတ်၏ ငြိမ်းချမ်းမှုကိုရလာမှာပါ ၊သီလကို ဆောက်တည်တဲ့အခါ ရဟန်း
သံဃာများထံမှာပဲ ဖြစ်ဖြစ်၊ဘုရားရှေ့မှာပဲဖြစ်ဖြစ် ၊ဘုရားရှင်အပေါ် အာရုံပြုလို့ပဲ ဖြစ်ဖြစ်ဆောက်တည်နိုင်ပါတယ် ၊ဆောက်တည်ထားတဲ့ သီလ ကိုတော့ အကျိုးပျက်မခံပါနှင့် မိမိဆောက်တည်ထားတဲ့ သီလ၏ သဘောသဘာဝတွေကိုလည်း နားလည်အောင်ကြိုးစားပါ တစ်
ယောက်ယောက်ကတိုင်ပေးမှ လိုက်ဆိုတတ်တာတွေက ရေပေါ်မှာ ခဲကျသလိုမျိုးပါ ၊ဒါပေမဲ့ ခုလက်ရှိမှာ ဒါတွေအတော်ရည်ပန်းစားနေ
ပါတယ် ၊ပြောသူ အရူးဖြစ်ရမဲ့ ကိန်းဆိုက်နေပါပြီ -နော် ။
ကဲ့ ထားလိုက်ပါတော့ မိမိ၏ သီလကိုမိမိကိုယ်တိုင် အတွင်းကျကျနားလည်မှ “သီလ”က မိမိနှလုံးသားထဲ နေရာယူနိုင်တာပါ ၊နှလုံးသား
ထဲ သီလ အမြဲကိန်းနေမှ မိမိ၏ စိတ်က အရှိန်ဝါ မြင့်လာမှာပေါ့ ၊ဒီမှာရေးထားတဲ့ ငါးပါးသီလ ထဲက ပထမဆုံး သီလကို ကြည့်ပါ ၊သူ့အသက်ကို သတ်ခြင်းမှရှောင်ကြဉ်ပါ၏ ၊ဒါဟာ သူတပါးတို့ အသက်ကို လုံးဝမသတ်ဘူးလို့ ပြောတာပါ ၊သူတပါးအသက်ကို လုံးလုံး
မသတ်ပဲ နေတဲ့ လူတစ်ယောက်“ကိလေသာ ”၁၀ ပါးထဲက ဘယ်နှစ်ပါးကို ဆေးကြောထားရာရောက်သလဲဆိုတော့ ၊၁-လောဘကိလေသာ ၊၂-ဒေါသကိလေသာ ၊၃-မောဟကိလေသာ၊၄-မာနကိလေသာ၊၅-အဟိရိက ကိလေသာ၊၆-အနောတ္တပ္ပ ကိလေသာ
တို့ကို ဆေးကြောလိုက်ရာရောက်ပါတယ် ။သေချာမှတ်ပါ ဦးပမာ သတ္တဝါတစ်ကောင်ကောင်၏  အသက်ကိုသတ်ဖြတ်နေ သူမှာ ထိုသတ္တ
ဝါ၏ အသားကို စားလိုသော လောဘကိလေသာ ၊သူ့အသက်ကိုသေစေလိုတဲ့ ဒေါသကိလေသာ၊အပြစ်ရှိ-မရှိ မသိတဲ့ မောဟကိလေသာ၊
ငါစားရရင်ပြီးပြီ၊ငါ့သား ငါ့သမီးငါ့မယား ငါ့ဆွေမျိုး စားရရင်ပြီးပြီ ဆိုတဲ့ မာနကိလေသာ၊ဘာကိုဘယ်လိုပင်လုပ်ရလုပ်ရ သတ်ရသတ်ရမ
ရှက်ဘူး ဆိုတဲ့  အဟိရိကကိလေသာ၊ ဘယ်သူ့ကိုမှဂရု့မစိုက်ဘူး ဘယ်သူ့ကိုမှငါမကြောက်ဘူး ဆိုတဲ့ အနောတ္တပ္ပကိလေသာတို့ဖြစ်နေပါ
တယ် ။အသားစားလို့မရတဲ့ သတ္တဝါဆိုရင်လည်း ထိုသတ္တကို သေစေလိုတဲ့ လောဘ ကိလေသာပါ ။သက်ရှိတမျိုးမျိုးတို့၏ အသက်ကို
သတ်တိုင်း ဒီကိလေသာများပါဝင်နေပါတယ် ၊ဒါကိုရှောင်ကြဉ် နေလိုက်တော့ အလိုလိုဆေးကြောပြီးသား ဖြစ်သွားပါတယ် ၊တခြားကိလေ
သာများတို့ကိုလည်း ဒီအတိုင်းဆေးကြောပေးကြပါ-----ငြိမ်းချမ်းရေး  ရင်ခွင် --(၈)--သို့---Ashin  Revata-M.A(philosophy)

No comments:

Post a Comment