Friday, 27 July 2012

ငြိမ်းချမ်းရေး ရင်ခွင့်(၂၃)

          ရူးခဲ့ဖူးတယ် ။
တချို့ ဆို ရူးတောင်သွားတယ် ၊ဇာတ်တော်ထဲက သိဝီမင်းကြီးဆို ဥမ္မာဒန္တီရဲ့ အလှပကိုမြင်တာ
နှင့် တခါတည်း ရူးသွားတယ် ၊အခြားမင်းကြီး တစ်ပါးလည်း သုဇာတာ အမျိုးသ္မီးကိုတွေ့တာနှင့်
သည်းခြေတွေပျက်ပြီး အရူးစာရင်းဝင်သွားရှာတယ်၊အစွဲလမ်း ဥပါဒန် ကြီးလွန်းလို့ ရူးခဲ့ဖူးသူ
တွေပါ ၊ဒီကနေ့ခေတ်ဆို ရူးရုံမက သေတောင်သေကြသေးတယ် ၊ဦးဇင်း မန္တလေး စာသင်တုန်း
က ဆွမ်းတကာမကြီးရဲ့ သ္မီးတစ်ယောက် သူ့ချစ်သူကို မိဘတွေသဘောမတူလို့ ခွဲးပစ်လိုက်တဲ့
အတွက် အဆိပ်စားပြီး သေသွားတယ် ။

ဒါကြောင့် အာယတန တခုနှင့် တခုတို့ ထိခိုက် ပေါင်းဆုံမိကြပြီဆိုရင် အကျိုးဆက်အဖြစ်ပေါ်
လာတဲ့ အစွဲ များကို ထိမ်းချုပ်နိုင်ဖို့ စိတ်စွမ်းအင် စိတ်စည်းကမ်း သ္မာဓိ နှင့် ဟုတ် မဟုတ် မှန်
မမှန် ရှိ မရှိကိုတို့ကို ယထာဘူတကျကျ ရှု့မြင်နိုင်စွမ်းသော ပညာ ရှိဖို့ သိပ်အရေးကြီးပါတယ်
တခြားအာယတနတို့ ပေါင်းဆုံမိရင်လည်း ဒီအတိုင်းပါဘဲ ၊သောတပသာဒ အကြည်ဓာတ်လေး
နှင့် အပြင်က သဒ္ဒါရုံ အသံတို့ တိုက်ဆိုင်မိတော့လည်း ကောင်းတယ် မကောင်း လိုက်ပြီးတော့
စွဲ ။
ဃာနပသာဒ နှာခေါင်း အကြည်ဓာတ်ကလေး မှာ အပြင်က ဂန္ထ အနံ့သက်တခုခုလာထိပြန်
လည်း မွှေးတယ် မမွှေးဆိုပြီး စွဲ၊ ဇီဝှါပသာဒ လျှာအကြည်ဓာတ်မှာ အပြင်က ရသ အစာအဟာ
ရတခုခုထိမိရင်လည်း ကောင်းလိုက်တာ အရသာရှိလိုက်တာစသည်ဖြင့် စွဲ၊လူသားစားတဲ့ပေါရိ
သာဓ သည်လည်း ဒီရသာရုံ၏ အစွဲကို မဖြုတ်နိုင်ခဲ့လို့ လူသားစားဆိုတဲ့ နာမည်ဆိုးနဲ့ ဘဝတွေ
ပျက်ခဲံရတာပါ ၊စွတ်စိုနေတဲ့ မိမိတို့၏ ကိုယ် ခန္ဒာ ကာယပသာဒ ကိုယ်အကြည်ဓာတ်မှာ အပြင်
က ဖောတဗ္မာရုံ ထိတွေ့စရာ တခုခုကလာပြီး ထိတွေ့တဲ့အခါမှာလည်း ကောင်းတယ် မကောင်း
ခွဲပြီး ထိတွေ့မှုရဲ့ အရသာကို စွဲပြန်တယ် ။

မနာယတန စိတ်အကြည်ဓာတ်မှာ အပြင်က ဓမ္မယတန ဓမ္မာရုံ တွေးစရာ ကြံစရာ တခုခုနှင့်
တွေ့လာတော့လည်း ငါ့ အကြံ ငါ့အတွေး ငါ့အမြင်နှင့် စွဲလာတယ် ၊အကုန် အစွဲတွေချည်းဖြစ်
လာတော့တယ် ၊လောကလို့ခေါ်တဲ့ လူ နတ် ဗြဟ္မာတို့၏ အတွင်းသန္တန်မှာရှိသော အာယတန
များက အပြင်မှာရှိတဲ့ အာယတနတွေကို စွဲနေတာပါ ၊အတွင်း အာယတန(၆)ပါးက အပြင် အာ
ယတန(၆)ပါးကိုစွဲယူထားတယ် ၊ဒါကြောင့် ဘီလူးကြီင်္းမေးတဲ့ လောက ကဘာကိုစွဲယူထားသ
လဲ? ဆိုတဲ့တတိယမေးခွနးကို ဘုရားရှင် က အာယတနတွေကိုစွဲတာဘဲလို့ ဖြေလိုက်တာပါ ၊
စတုတ္ထမေးခွန်းကတော့ ----
လောကကြီး ဘာကြောင့်ဆင်းရဲနေတာလဲ ၊ဘာကြောင့်ပူလောင်နေတာလဲ ၊ဘာကြောင့် တုန်
လှုပ် ချောက်ချားနေတာလဲ၊ဘာကြောင့်မောပန်းနေတာလဲ ၊ဘာကြောင့်ညဉ်းညူနေတာလဲ?
ဒါကိုလည်း ဘုရားရှင်က အာယတနတွေကြောင့် လောကကြီး ပူလောင်နေတယ် ၊တုန်လှုပ်နေ
တယ် ၊မောပန်းနေတယ် ၊ညဉ်းညူနေတယ်လို့သာ ဖြေပါတယ် ၊ဒီတော့ လောကဆိုတာ လူ နတ် ဗြဟ္မာ(၃)မျိုးကိုခေါ်တာပါ ၊ဒီ(၃)မျိုးထဲက မိမိတို့အပါဝင် လူ့လောကကိုသာကြည့်ပါ လူ
တွေဟာ ဘယ်ထိဆင်းရဲနေပြီလဲ ။---ငြိမ်းချမ်းရေးရင်ခွင်(၂၄)--သို့-----အရှင် ရေဝတ(M.A)

ငြိမ်းချမ်းရေး ရင်ခွင့်(၂၂)

       မတွေ့ရ မနေနိုင်အောင် ။
အာယတန”တွေဖြစ်လို့ လောကဖြစ်လာတယ်လို့ ဘုရားရှင်က ဖြေပါတယ် ၊လူတိုင်းလူတိုင်း
သက်ရှိတိုင်း သက်ရှိတိုင်း တို့၏ ကိုယ်မှာရှိတဲ့တရားပါ ၊အရေတွက်အနေနှင့်ပြောရရင်(၁၂)ပါ
တောင်ရှိပါတယ် ၊“စက္ခာယတန-သောတာယတန-ဃာနာယတန-ဇီဝှါယတန-ကာယာယတန-
မနာယတန”(၆)ပါး ဒီအာယတန(၆)ပါးသည် လူတို့၏ ကိုယ်အတွင်းမှာ ရှိတဲ့တရားတွေမို့လို့ အတွင်း အာယတန လို့ခေါ်ပါတယ် ၊စက္ခာယတန-မျက်စိ-သောတာယတန-နား-ဃာနာယတ
န-နှာခေါင်း-ဇီဝှါယတန-လျှာ -ကာယာယတန-ကာယ- မနာယတန-စိတ်။
 မျက်စိဆိုသော်လည်း နဂိုပကတိရှိနေတဲ့ မျက်စိ မျက်လုံးကိုပြောတာမဟုတ်ပါဘူး၊၄င်းမျက်လုံး
ထဲမှာ နှမ်းစေ့ပမာဏ ရှိတဲ့ ပသာဒ အကြည်ဓာတ်ကလေးကိုသာ စက္ခာယတနလို့ခေါ်တာပါ
တခြား အာယတနများမှာလည်း ဒီအတိုင်းမှတ်ပါ ၊သောသော် ကာယာယတနမှာတော့ နည်းနည်းထူးပါတယ် ကာယပသာဒဟာ ခြောက်သွေးတဲ့နေရာများဖြစ်တဲ့ ခြေသည်း လက်သည်း ဆံပင် စသည့်အင်္ဂါ ဆစ်ပိုင်းတွေမှာမရှိပါ ၊စိုတဲ့နေရာလောက်မှာသာ ကာယပသာ
ဒရှိပါတယ် ။
ဒီတရားများဟာ ကလလရည်ကြည် သနေ¨တည်ကတည်းက ရှိနှင်းနေတဲ့တရားတွေပါ၊ဒီအ
တွင်း အာယတန(၆)ပါးဖြစ်လို့ လောကဖြစ်လာတယ်၊လောကဖြစ်လို့ အာယတနတွေဖြစ်လာ
တာမဟုတ်ပါဘူး ၊ဘုရားရှင်က“ဆသုဓမ္မေသုအာယတနေသုလောကောသမုပန္နော”(၆)ပါး
သောအာယတနတွေဖြစ်လို့ လောကဖြစ်တာလို့ ပထမမေးခွန်းကို ဖြေလိုက်ပါတယ် ၊ဘီလူး
ကြီးက ဒုတိယထပ်ပြီးမေးပါတယ် လူတွေက ဘာကြောင့် လောကလောက ခေါ်နေပြောနေ
ကြတာပါလဲ? ။
လူတွေပြောပြောနေတဲ့ လောကလောကဆိုတာလည်း ဒီအာယတန(၆)ပါးဘဲ ၊တည်မြဲမှုမရှိ
အမြဲ ဖြစ်တတ် ပျက်တတ်တဲ့သဘောကြောင့် “လုဇတိပလုဇတီတိလောကော”လို့ ဘုရားရှင်
ဖြေပါတယ် ။
တတိယဆက်ပြီးမေးပါတယ် လောကက ဘာကိုစွဲယူထားပါသလဲ? ၊ ဘုရားရှင်ကတော့ ဒီအာ
ယတနကိုဘဲ စွဲယူထားတယ်လို့ ဖြေပါတယ်၊စွဲယူထားတယ်ဆိုတဲ့ စကားကိုနားလည်ဖို့ လော
က(၃)ပါးကိုကြည့်ပါ လောကသည် လူ့လောက နတ်လောက ဗြဟ္မာ လောက-၃-မျိုးရှိပါတယ်
အဲဒီ လောက ၃ ပါးမှာရှိတဲ့ လူတွေ နတ်တွေဗြဟ္မာတွေ ကဘာတွေကို စွဲနေကြတာလဲ ဘာ
တွေကို ခင်တွယ်နေကြတာလဲလို့မေးတာပါ ၊ဘုရားရှင်အဖြေက အာယတနတွေကိုဘဲ စွဲတယ်၊
ခင်တယ်လို့ဖြေပါတယ် ။စွဲပုံစွဲနည်းနားလည်အောင် အပြင်အာယတန(၆)ပါးကိုကြည့်ပါ“ရူပါယ
တန-ရုပ်အဆင့်ရူပါရုံ-သဒ္ဒါယတန-အသံသဒ္ဒါရုံ-ဂန္ထာယတန-အနံ့ဂန္ထာရုံ-ဖောတဗ္မာယတန-ထိတွေ့မှုဖောတဗ္မာရုံ-ဓမ္မာယတန-အသိအမြင်အကြားအကြံစည်စသောဓမ္မာရုံဆိုပြီး အပြင်အာ
ယတန(၆)ပါးရှိပါတယ် ။
ဒီတော့ အတွင်း အာယတနနှင့် အပြင်အာယတနတို့ ထိခိုက် တိုက်ဆိုင်လာတဲ့အခါ အစွဲတွေ
ပေါ်လာတော့တာပါဘဲ၊အတွင်း အာယတန စက္ခု မျက်စိ အကြည်ဓာတ်ကလေးနှင့် အပြင်အာ
ယတနရုပ်အဆင့် ရူပါရုံတို့ ထိခိုက်တွေ့ဆုံလိုက်မိရင် လှတယ် ချောတယ် တင့်တည်တယ် ထည်ဝါတယ် ခန့်ငြားတယ်စသည်ဖြင့် မြင်လာတတ်တယ် ၊လှတာမြင်တော့လိုချင်တယ်၊ တက်
မက်တယ် ခင်တွယ်တယ် ၊အနားမှာအမြဲထားချင်တယ် ၊အနားမှာအမြဲနေချင်တယ် မတွေ့ရ မမြင်ရရင်မနေနိုင်လောက်အောင်ထိဖြစ်လာတတ်တယ် ။
                                    ငြိမ်းချမ်းရေးရင်ခွင်(၂၃)---သို့---အရှင် ရေဝတ(M.A)

ငြိမ်းချမ်းရေး ရင်ခွင့်(၂၁)

                       မျက်ကန်းတစ်ယောက်၏ခြေလှမ်းများ။
ဆက်ပြီးလည်း ငိုရ လွမ်းရ ဆွေးကြရအုံ့မှာပါ ၊အမှားကို အမှန်ထင်-
မမြဲတာကို မြဲတယ်ထင်-အစိုးမရတာကို အစိုးရတယ်ထင် -ဆင်းရဲတာကို ချမ်းသာထင် -ကိုယ်
မပိုင်တာကို ပိုင်တယ်ထင်-ရွံစရာကောင်းတာကို ချစ်စရာကောင်းတယ်”လို့ထင်နေသရွေ့ အရူး
ကြီးလိုဖြစ်နေကြရမယ် ၊တနည်းအားဖြင့် ပညာ မျက်စိမရှိလို့ပါ ဒါကို ဘုရားရှင်က“အန္ဒ” မျက်စိကန်းနေတဲ့လူတွေလို့
ဟောခဲ့ပါတယ် ၊မျက်မမြင်သူတစ်ယောက်၏ ခြေလှမ်းများမှာ ဘယ်ကိုရယ်လို့ ဦးတည်ချက်မရှိ
နိုင်သလို ၊ပညာ မျက်စိမရှိသူတို့မှာလည်း သွားရမဲ့ ဘဝခရီးလမ်းသည် ဦးတည်ရာမဲ့နေတတ်ပါ
တယ် ။
မျက်မမြင်တစ်ယောက်သည် လမ်းလျှောက်ရင်း ချိုင့်ထဲကျရင်လည်းကျမယ်၊ ဆူးငြောင့်တို့ကို
နင်းရင်နင်းမိမယ် ၊သစ်ပင်များကို ဝင်တိုင်ရင်လည်းတိုက်မိမယ် ၊တောင်ပို့ကိုခလှုပ်တိုက်ချင် တိုက်မယ် ၊
သူသွားရမဲ့ ခရီးတစ်လျှောက်လုံးသည် သူ့အတွက်အန္တရာယ်တွေဘဲ ဖြစ်နေတော့တယ် ၊ထို့
အတူ ပညာမျက်စိမရှိတဲ့ လူ“အန္ဒ” ပညာမျက်ကန်းတို့သည်လည် “ငရဲရောက်ချင်ရောက်မယ် ၊
ပိတ္တာဖြစ်ချင်ဖြစ်မယ် ၊အသူရကယ်ဖြစ်ချင်ဖြစ်မယ် ၊တိရစ္ဆန်ဖြစ်ချင်ဖြစ်မယ် စသောအန္တရာယ်
တွေအများကြီးပါ ။
အရင်းစစ်တော့ အမြစ်မေမြမှာဆိုသလို ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းများကိုကြည့်လျှင် ပညတ်
မျက်စိ ၊မုတိမျက်စိတွေနှင့် သမုတိသစ္စာလောက်ကိုသာကြည့်နေ မြင်နေကြလို့ပါ ၊လူတိုင်းလူ
တိုင်းတို့ ဘဝ မငြိမ်းချမ်းနိုင်မှု အားလုံးသည် မဟုတ်တာကို အဟုတ်ထင်နေကြလို့ပါ ၊အရာရာ
ကို အရှိသဘောနှင့်တွေးနေ မြင်နေသမျှ “ဘဝ” ငြိမ်းချမ်းရေးကိုလုံးဝမရနိုင်ပါ ၊ဘဝ၏ လုံခြုံ
ရေး ငြိမ်းချမ်းရေးသည် မရှိသဘော၌သာတွေ့နိုင် မြင်နိုင် ရယူနိုင်သောအရာဖြစ်ပါတယ်၊ဤသ
ဘောကို ပညာ မျက်စိနှင့် ကြည့်ရပါတယ် ။
ပညာမျက်စိ ပရမတ်မျက်စိနှင့် “ပရမတ္ထသစ္စာ”ကို မြင်အောင် ကြည့်တတ် မြင်တတ်မှ မိမိတို့
ဘဝ ငြိမ်းချမ်းကြမှာပါ ၊မိမိကိုယ်တိုင် ငြိမ်းချမ်းမှ ပတ်ဝန်းကျင် ငြိမ်းချမ်းမည် ပတ်ဝန်းကျင်ငြိမ်း
ချမ်းမှ မြို့ ရွာငြိမ်းချမ်းနည် မြို့ ရွာငြိမ်းချမ်းမှ နိုင်ငံငြိမ်းချမ်းမည် နိုင်ငံငြိမ်းချမ်းမှ ကမ္ဘာငြိမ်းချမ်းမ
ည် ၊ပထမဆုံးကတော့ မိမိကိုယ်ကိုမိမိငြိမ်းချမ်းအောင်လုပ်ဖို့ အဓိကပါ ၊ပညာမျက်စိဆိုသည်မှာ
အရှိသဘော ပညတ်ကိုကျော်လွန်ပြီး မရှိသဘော ပရမတ်ကိုမြင်အောင်ကြည့်တတ်တဲ့“လော
ကုတ္တရာ”ပညာပါ ။
ဘုရားရှင် ဓမ္မစက္ကသုတ်ကိုဟောနေချိန် တခုသော ညနေချမ်းမှာ “ဟေမဝတဘီလူး နှင့် အိန္ဒိ
ယဘီ လူး”တို့ ရောက်ရှိလာပြီး ဟေမဝတဘီလူးက ဘုရားရှင်အား မေးခွန်းတွေ မေးပါတယ်
၁။ အရှင် ဘုရား လောကဟာဘာကြောင့် ဖြစ်ပေါ်လာတာလဲ?
၂။ဘာကြောင့်လူတွေက လောက လောကဟူ၍ခေါ် နေကြတာလဲ?
၃။လောကက ဘာတွေကိုစွဲယူထားပါသလဲ?
၎။လောကဘာကြောင့်ဆင်းရဲနေတာလဲ၊ ဘာကြောင့်ပင်ပန်းနေတာလဲ ၊ဘာကြောင့် ညဉ်းညူ
နေတာလဲ ၊ဘာကြောင့်တုန်ရီနေတာလဲ ၊ဘာကြောင့် ပူဟစ်နေတာလဲ?
ဆိုပြီး အမေး(၄)ချက် ပြဿနာ(၄)ခုကိုလာပြီးမေးပါတယ် ၊စာဖတ်သူတို့လည်းသေချာမှတ်
ထားကြပါ ၊လောက ဘာကြောင့်ဖြစ်တာလဲ ၊ဘာကြောင့်လောက ဖြစ်လာတာလဲဆိုတဲ့ ပထမ
ဆုံ မေးခွန်းကို ဒီလိုဖြေပါတယ် ----ငြိမ်းချမ်းရေးရင်ခွင်--(၂၂)--သို့---အရှင်ရေ၀တ (M.A)

Thursday, 26 July 2012

ငြိမ်းချမ်းရေး ရင်ခွင့်(၂၀)


                                          ငိုခဲ့ရ ဖူးပါတယ် ။
ဘုရားလောင်း ငုငှက်က လောကကြီးတခုလုံး မျက်ကန်းဖြစ်ကုန်ပြီ
လို့ပြောခဲ့တဲ့နေရာမှာ မျက်
စိ(၂)မျိုးရှိပါတယ် ၊သမုတိမျက်စိနှင့် ပရမတ်မျက်စိပေါ့
၊သမုတိမျက်စိဆိုတာလူတိုင်းမှာရှ

ိနေ
တဲ့မျက်စိ ၊ပရမတ်မျက်စိဆိုတာ လူတိုင်းမှာမရှိနိုင်တဲ့မျက်စိ ပညာမျက်စိ
၊ထို ပညာမျက်စိမရှိ
တဲ့လူသည် မျက်ကန်းနှင့်တူတယ် ၊ဒါကိုရည်ရွယ်ပြီး ဘုရားလောင်း ငုငှက်ကဟောခဲ့တာပါ၊
ပညာသည်လည်း လောကီးပညာ လောကုတ္တရာပညာ(၂)မျိုးရှိပါတယ် ၊လောကီးပညာကို
အဝိဇ္စာက ချုပ်ကိုင်ထားပါတယ် ။

အဝိဇ္စာကချုပ်ကိုင်ထားတဲ့အတွက် ၄င်း လောကီ ပညာ များမှာ တတ်လာ တိုးတက်လာသည်

နှင့် အမျှ အဝိဇ္စာကိုပြန်ပြီး ကျေးဇူးဆပ်ရမည်ဖြစ်၏ ထိုအခါ အဝိဇ္စာဖြစ်သော
“မောဟ”မှာပို၍
ပို၍ ထောင်လွှား မောက်မာ လာတတ်ပါတယ် ၊ယင်းသို့ ထောင်လွှားလာလေ စိတ်ကလည်း ပူ
လောင်လာလေ၊စိတ် ပူလောင်မှုသဘောကို သေက လို့ခေါ်ပါတယ် သောကဖြစ်ရင် ပရိဒေဝ
လည်းဖြစ်လာတယ် ၊ပရိဒေဝဖြစ်တော့ ဒုက္ခ ဒေါမနဿ တွေပါဖြစ်လာတော့တယ် ၊ဒီတော့ခါ
စိတ်ချမ်းသာမှု စိတ်အေးချမ်းမှု တို့ကိုမရနိုင်တော့ဘူး ။
စိတ်မချမ်းသာမှု ၊စိတ်ဆင်းရဲမှုကို “စေတသိကဒုက္ခ”လို့ခေါ်ပါတယ် ၊ကမ္ဘာပေါ် လူတော်တော်
များများမှာ ဒီစေတသိက ဒုက္ခတွေနှင့် နဗန်းလုံးနေကြရပါတယ် ၊ဒါဟာ ရုပ်ပိုင်း
ဆိုင်ရာအမြင်
အာရုံများနှင့် ထိုအာရုံများကို ခံစားလိုမှုတို့အပေါ် ဦးတည်ပြီး ကြည့်တတ်
မြင်တတ် ရှာတတ် နယ်ချဲ့တတ်တဲ့ သမုတိပညာတို့ကြောင်းပါ ၊ ဒီပညာလောက်နဲ့သာ
လုပ်တတ် ကိုင်တတ် ရှု့မြင်
တတ်တဲ့ လူများကိုဘုရားရှင်က ပုထုဇဉ် လို့ဟောခဲ့ပါတယ်
၊“ပုထုဇ္ဖနောဥမ္မတ္တကော” ပုထုဇဉ်မှန်သမျှအကုန်အရူးတွေချ
ည်းပါ ။
အရူးတွေပဲ ဆိုတဲ့ ဘုရားရှင်ရဲ့စကားတော်အရ ရူးနေပုံများကိုတော့
ကိုယ်စီကိုယ်စီသိကြမှာပါ
ဦးဇင်းကိုယ်တိုင်ကလည်း ရူးနေဆဲ့ပါ ၊ငါကဘယ်လိုရူးတယ် သူကဘယ်ပုံရူးတယ်၊ စတာတွေ
ကိုတော့ မိမိကိုမိမိသုံးသပ်ကြည့်ရင်သိနိ
ုင်ပါတယ် ၊ရူးပုံ
ဖောက်ပြန်ပုံချင်း မတူသော်လည်း လက္ခဏာချင်းတော့ တူမယ်ထင်ပါတယ် ၊အရူးတိုင်း
အရူးတိုင်းသည်“အမှားကို အမှန်ထင်-
မမြဲတာကို မြဲတယ်ထင်-အစိုးမရတာကို အစိုးရတယ်ထင် -ဆင်းရဲတာကို ချမ်းသာထင် -ကိုယ်
မပိုင်တာကို ပိုင်တယ်ထင်-ရွံစရာကောင်းတာကို ချစ်စရာကောင်းတယ်”လို့ထင်တတ်တဲ့
လက္ခ
ဏာ များ မှာ အတူတူတွေပါ ။
ဟိုတုန်း ရွာသူကြီးသား အရူးတစ်ယောက် ညနေစောင့်အချိန် အင်းဂျီအိပ်ကပ်ထဲ အသပြာ
၁၀၀ ထည့်ပြီး ၊ရွာပြင်က တောစပ်နား တောဘဲရိုင်းတွေ အစာရှာစားနေတဲ့ ရေကန်ကြီးဖက်
ထွက်လာပြီး ကန်ရိုးပေါ်မှာထိုင်နေပါတယ် ၊တခြားရွာက ဘိန်းစားကြီးတစ်ယောက်လည်း
ဘိန်းစားဖို့ အသပြာဘယ်လိုရှာရမလဲ စဉ်းစားယင်း လမ်းလျှောက်လာတာ အဲဒီရေကန်ကြီး
နား ရောက်လာပါတယ် ၊ကန်ရိုးပေါ်တက် ဟိုကြည့် သည်ကြည့် ကြည့်လိုက်တော့ ထိုင်နေတဲ့
အရူးကိုသွားတွေ့တယ် ။
အရူးကလည်း ရွာသူကြီးသာဆိုတော့ သန့်သန့် ပြန့်ပြန့်နဲ့ လန်းနေတာပေါ့ ၊ဘိန်းစားကအကြံရ
တယ် ၊ဟုတ်ပြီ ဒီကောင် လန်းတယ်ဆိုပြီး အနားသွားစကားပြောတယ် “ဟဲ အဆွေ ခင်များကို
ကြည့်ရတာ ရေကန်ထဲက ဘဲတွေကို သဘောကျနေသလိုဘဲ ဒါတွေက ကျုပ်မွေးထားတဲ့
ဘဲတွေဗျ ခင်များယူမှလား ယူမယ်ဆိုရင် ကျုပ်ကို အသပြာ(၂၀၀)ပေး
အကုန်ရောင်းမယ် ၊
အရူးက အဟုတ်ထင်ပြီး (၂၀၀)တော့မပါဘူးဗျ (၁၀၀)ဘဲပါတယ် ဒီ (၁၀၀)နဲ့ရောင်းနိုင်မလား
ပေါ့ ။
ရပါတယ် ခင်များလိုချင်ရင် ရောင်းရမှာပေါ့ ဆိုပြီး
အသပြာ(၁၀၀)ကိုယူသွားပါလေရော ၊ ဒါကို
အရူးကြီးက တကယ်ထင် အဟုတ်ထင်ပြီး အသပြာ(၁၀၀)နဲ့ ဘဲတွေ အများကြီးရထားလိုက်
တယ်ပေါ့ ၊ငါ့ဘဲတွေ လှလိုက်တာ ၊ငါဘဲသူဌေးဖြစ်ပြီ ၊ဟေ ဘဲတွေ အစာဝအောင်စားကြ ၊နင်
တို့ လှလို့ ဝလို့ဖြစ်နေမှာ ငါပြန်ရောင်းတဲ့အခါ ဈေးကောင်းကောင်းရမယ်
၊တဆမှာ နှစ်ဆမြတ်
မယ် ၊နင်တို့ ဒီရေကန်မှာဘဲ အမြဲနေရမယ် ဘယ်မှမသွားရဘူး ၊ငါနဲ့အတုတုနေရမယ် စသော
အတွေးများစွာ မျှော်လင့်ချက်များစွာနဲ့ ။
ပျော်နေချိန် မိုးလည်းချုပ်ရော ဘဲတွေအကုန်ထပျံသွားကြတယ် ၊တစ်ကောင်မှမရလိုက်ဘူး ၊အ
ရူးကြီး ခများ ငိုပြီးကျန်ရစ်ရှာတယ် ၊မဟုတ်တာကို အဟုတ်ထင်ခဲ့မိတဲ့
ရလဒ်တွေပေါ့ ၊မိမိတို့
လည်း အဲလို ထင်ခဲ့မှုတွေကြောင့် ငိုခဲ့ရပေါင်းတွေလည်း မနည်းလောက်တော့ဘူးထင်ပါတယ်
ဆက်ပြီးလည်း-----ငြိမ်းချမ်းရေး
ရင်ခွင်---(၂၁)----သို့------

ငြိမ်းချမ်းရေး ရင်ခွင့်(၁၉)

   လောကကြီးမျက်ကန်းဖြစ်နေပြီ။
ခလှုပ်တိုက်လဲတော့ ပါလာတဲ့ သပိတ် ယပ် တောင်ဝှေး ရေပုံတွေ ဟိုတစ်ခုသည်တခုပြန့်ကြဲ
ကုန်တယ် ၊ဖြုတ်ချည်ရုတ်ချည်ပြန်သိမ်း၊ ကယောင်ချောက်ချားနဲ့ပေါ့ အဲကနေ တရားထိုင်
မဲနေရာရောက်တော့ တရားအစရှာမရတော့ဘူး ဒါနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီးတခုကောက်ဆိုလိုက်
တာ“ ဥဒကဗက” ဖြစ်သွားတယ်  အမှန်က ဒယဗ္ဗယဖြစ်ပျက်ကို ဥဒကဗကလုပ်လိုက်တော့
“ရေဗျိုင်း”ဖြစ်သွားတာပေါ့ ၊တဝါတွင်းလုံး ရေဗျိုင်း ရေဗျိုင်းနဲ့ တရားမှတ်လိုက်တာ ဝါသာကျွတ်
သွားတယ် ဘာမှရမလာဘူး ။
ဒါကြောင်း ဥဒကဗကမဖြစ်စေနဲ့ ဒယဗ္ဗယ လုပ်ပါ ၊ရုပ်နာမ်တို့ဖြစ်ပျက်ကိုရှူ့ပါများလာရင် ဖြစ်
တာကိုမမြင်တော့ဘဲ ပျက်တာကိုဘဲ မြင်လာလိမယ် မာတဲရုပ်လည်း ပျက် တင်းတဲ့ရုပ်လည်း
ပျက် ထုံတဲ့ရုပ်လည်းပျက် ပူတဲ့ရုပ်လည်းပျိက် အေးတဲ့ရုပ်လည်းပျက် တွန်းတဲ့ရုပ်လည်းပျက်
လှုပ်တဲ့ရုပ်လည်းပျက် အကုန်အပျက်တွေချည်းတွေ့လာလိမယ် ၊ဒီ ဒယဗ္ဗယဥာဏ်နှင့်ရှူ့ယင်း
ရှူ့ယင်းအပျက်တွေကိုဘဲတွေ့တွေ့နေတော့ ကြောက်စိတ်တွေဖြစ်လာတယ် ငါသူဆိုတဲ့အတ္တ
တွေနဲ့စွဲပြီး ။
သက္ကာယ၏ကျေးကျွန်ဖြစ်နေရတာကိုမြင်လာတယ် မြင်လာလေ ကြောက်လေမြင်လာလေ
ကြောက်လေဖြစ်လာတယ် ၊ဒါကို ဘယဥာဏ် လို့မှတ်ပါ ၊ဘယဥာဏ်နှင့် ရှူ့တိုင်းရှူ့တိုင်း
ကောင်းတယ် အစိုးရတယ် ပိုင်တယ်ဆိုတာတခုမှမတွေ့ဘူး ခွေးသေကောင်းပုတ်ကိုပွေ့ထား
ရတဲ့လူလိုကြာလေ စွန့်ပစ်ချင်လာလေ မနစ်ခြိုက်လာလေ အရာရာကို ငါဟုပိုင်စိုးထားတဲ့အတ္တ
ရဲ့ နယ်နိမိတ်အတွင်းနေရမှာကို ငြီးငွေ့လာတယ် ၊ထွက်ပြေးချင်ပေါက်လာတယ် အဟုတ်ထင်ခဲ့
သမျှ သဲပုံရေကျထင်လာတယ် ဒါကို“အာဒီနဝဥာဏ်”လို့မှတ်ပါ ။
လှောင်အိမ်ထဲ အချုပ်နှောင်ခံနေရတဲ့ ငှက်ကလေးတစ်ကောင်သည် ၊အချိန်နှင့်အမျှထွက်
မြောက်ရာ လွတ်မြောက်ရာလမ်စကိုရှာဖွေနေသကဲသို့ အနားသို့လာလာသမျှ လူအားလုံး
တခြားသတ္တဝါအားလုံးတို့ကိုလည်း သူ၏ရန်သူတွေဘဲလို့ တွက်ဆ ရှု့မြင်နေသကဲသို့ ထို
အာဒီနဝဥာဏ်နှင့် မှတ်ရှု့နေသူမှာလည်း မိမိတို့ကျင်လည်နေရတဲ့(၃၁)ဘုံကို လှောင်အိမ်ကြီး
လိုမြင်လာတယ် ရူပ သဒ္ဒ ဂန္ထ ရသ ဖောတဗ္ဗစသော အာရုံများကို ရန်သူလို အဆိပ်သီး အဆိပ်
ရည်လိုမြင်လာတယ် ဒီနေရာကအမြန်ဆုံးပြေးထွက်ချင်တဲ့ “မုစ္ဆီတုကမျတာဥာဏ်”ဖြစ်လာ
တော့တယ် ။
တခုဘဝမှာ ဘုရားလောင်းသည် ငုငှက်လေးဖြစ်ခဲ့ပါတယ် ၊တနေ့သောခါ ဘုရားလောင်းငုငှက်
နှင့်အတူ တခြားသော ငှက်တွေပါ ပိုက်ကွန်မိပြီး မုဆိုးလက်ထဲပါသွားပါတယ် ထိုငှက်များစွာတို့
ကိုအစာရေစာကောင်းကောင်းကျွေးပြီး လှောင်အိမ်ကြီးထဲထည့်ထားပါတယ် ၊လာဝယ်တဲ့သူ
တွေကို လှောင်အိမ်ထဲကနေထုတ်ထုတ်ရောင်းပါတယ် ၊ဘုရားလောင်းငုငှက်ကတော့ တနေ့မှ
အစာမစာပါဘူး ၊မုဆိုးကဘယ်လောက်ကောင်းတဲ့အစာတွေပေးပေးသူမစားဘူး ၊တခြားငှက်
များကိုလည်း မစားကြဖို့တရားဟောပါတယ် ။

သောသော် တခြားငှက်တွေကမစားဘဲမနေကြဘူး ဒီလောက်ကောင်းတဲ့အစားစာတွေစားနေ
ရတာ စားမှာဘဲ စားမှာဘဲပေါ့ ၊များများစားတော့ ဝလို့ လှလို့ အသားတွေတိုး ဝယ်သူတွေက
လှတဲ့ကောင်ကိုမှရွေးဝယ် အမြန် ဖောက်သည်လက်ထဲရောက် အမြန်သေပေါ့ ၊ဒါကို ဘုရား
လောင်းငှက်ကသိတယ် ၊လုံးဝမစားဘူး ဒီနေရာကဘယ်လိုလုပ်ရင်လွတ်မလဲ ဒါကိုပဲသူကြံနေ
တယ် ၊ထွက်ပေါက်ကို အမြဲရှာနေတယ် ၊ငြီးငွေ့နေတယ် ထိတ်လန့်နေတယ် ၊ဒီလိုနဲ့ ဝတဲ့ လှတဲ့
ငှက်တွေအကုန် ကုန်သွားတယ် ။
ဘုရားလောင်းငှက်လေးသာကျန်ခဲ့တယ် ၊သူကအစာမစားတော့ ပိန်ချုန်းပြီး အနာရနေတဲ့ငှက်
လိုဖြစ်နေတယ် ဝယ်မဲ့လူမရှိဘူး ၊ဒါကို မုဆိုးကမြင်တော့ ဟာမဖြစ်ဘူး ဒီကောင်းရောဂါရှိနေ
တယ်ဆိုပြီး လှောင်အိမ်ကနေ ဆွဲထုတ်ပစ်တယ် သွားချင်ရာသွာ သေချင်တဲ့နေရာသေပေါ့ ၊
ဒီတော့မှ ဘုရားလောင်း ငှက် အပြီးပိုင် လွတ်မြောက်လာပါတော့တယ် “မုစ္ဆီတုကမျှတာဥာဏ်”
ပေါ့ ။မိမိတို့လည်း သေမင်းမုဆိုးရဲ့ (၃၁)ဘုံလှောင်အိမ်ကြီးထဲ အလှောင်ခံနေရတယ်လို့မှတ်ကြ
ပါ ။ပြီးတော့မှ ဘုရားလောင်းငှက်က“အန္တိဘူတောအယံလောကော”လောကကြီး မျက်စိကန်း
နေပြီ ၊   ငြိမ်းချမ်းရေးရင်ခွင်-----၂၀----သို့----အရှင် ရေ၀တ  M,A*Philosophy)

ငြိမ်းချမ်းရေး ရင်ခွင့်(၁၈)

      လူစစ်စစ်ဖြစ်ဖို့လိုတယ် ။
တောင့်တဲ့သဘောဟာ ပထဝီဓာတ် ၊ရုပ်တရား တောင့်တဲ့သဘောကိုသိနေတာက နာမ်တရား၊
နာတဲ့အခါမှာလည်း နာတာကရုပ် သိနေတာက နာမ် ၊ဓာတ်(၄)ပါးထဲ့က ဘယ်ဓာတ်ကိုဘဲရှူ့
ရှူ့ ရုပ် နာမ်(၂)ပါးကိုတွေ့ပါလိမယ် ၊ဒီသဘောကိုပိုင်ပိုင်နိုင်နိုင် ရှူ့ တတ် မြင်တတ်ပြီးဆိုရင်
နာမရူပပရိစ္ဆေဒ” ဥာဏ်လို့ခေါ်ပါတယ် ၊ဘဝ၏ ငြိမ်းချမ်းရေးကို တကယ်ရယူလိုတယ်တကယ်
ပိုင်ဆိုင်လိုတယ်ဆိုရင် အောက်ထစ်ဆုံ အနည်းဆုံ ဒီဥာဏ်လောက်ကိုတော့ ရထား သိထားဖို့
လိုပါတယ် ။
နာမရူပပရိစ္ဆေဒ ဥာဏ်ကိုရထား သိထားပြီဆိုရင် “ကလျှာဏ”ပုထုဇဉ်စာရင်ထဲဝင်သွားပါပြီ ၊
လူဖြစ်ရကျိုးနပ်ပြီလို့ပြောနိုင်ပါတယ် ၊ဘုရားရှင်က လူ့ဘဝကိုရဘို့ အလွန်ခက်ခဲ့တယ်လို့ဟော
ခဲ့ပါတယ် ၊ဒါကို တချို့က ပျက်ရည်ပြုနေကြတယ် လူဖြစ်ဖို့ခက်ခဲ့တယ်ဆိုရင်ဒီကနေ့ ကမ္ဘာပေါ်
မှာ လူဦးရေတော်တော်များလာတယ် ၊အချို့နိုင်ငံများမှာဆို နေစရာနေရာမရှိတဲ့ထိဖြစ်နေပြီ ၊ဒါ
ဟာ လူဖြစ်ဖို့ မခက်ခဲ့လို့ ခုလိုများလာတာမဟုတ်ဘူးလား ၊ဘယ်လိုလုပ်ပြီး လူဖြစ်ဖို့ခက်ခဲ့တာ
လဲပေါ့ ။
ဘုရာစကားတော်ကို အမှားလုပ်ချင်လာကြတယ် ၊လူဖြစ်ဖို့ လူ့ဘဝကိုရဘို့ ခက်ခဲ့တယ် ဆိုတဲ့
ဘုရားရှင်၏ စကားတော်က ဘာကိုဦးတည်နေတာလဲ ကြည့်ပါ ၊ဒီစကားတော်၏ ဦးတည်ချက်
မှာ လူတစ်ယောက်သည် “သဒ¨ါ-သတိ-ပညာ”(၃)ပါးနဲ့ပြည့်စုံရမည်ဖြစ်သည် ၊သဒ¨ါဆိုတာ ဘု
ရား တရား သံဃာ ရတနာမြတ်(၃)ပါးတို့အပေါ် ယုံကြည်ဆည်းကပ်ကိုးကွယ်အားထားမှု
တခြား တောကိုးကွယ် တောင်ကိုးကွယ် နတ်ကိုးကွယ် သူရဿတီကိုကိုကွယ် ဘိုးဘိုးအောင်
ဘိုမင်းခေါင် ဘိုးဘိုးကြီး ဘိုးဘိုးလတ် ဘိုးဘိုးငယ် ။
ဘိုးဘိုးထွေး ၊မယ်တော်ကြီး မယ်တော်လတ် မယ်တော်ငယ် မယ်တော်ထွေး ကိုကြီးဖြူ ကိုကြီး
မဲ ကိုကြီးနီ ကိုကြီးပြာ ကိုကြီးဝါ အများကြီးပါ ဒါတွေ ကိုးကွယ်တာကတော့ ကြောက်လို့ ကိုး
ကွယ်ကြတာပါ ၊တကယ့်သဒ¨ါတရားမဟုတ်ပါဘူး ။“သတိ”ဆိုသည်မှာ ရတနာမြတ်-၃-ပါးနှင့်
ရုပ်နာမ်းတို့၏ မတည်မြဲမှု ရွေ့လျှားနေမှုတို့ကိုအမှတ်ရနေဖို့ ကိုဆိုလိုတာပါ ၊အခြားအာရုံများ
အပေါ်အမှတ်ရနေမှုတို့ကိုမဆိုလိုပါဘူး ။“ပညာ” ဆိုတာကတော့ အနည်းဆုံး ရုပ်နာမ်(၂)ပါး
ကိုခွဲသိနိုင်တဲ့ ပညာကိုမှ တကယ့်စစ်မှန်တဲ့ ပညာလို့ခေါ်တာပါ ။
လက်ရှိကမ္ဘာပေါ် နေစရာနေရာမရှိတော့လောက်အောင်များနေတဲ့ လူတွေထဲက အထက်ပါ
အင်္ဂါ-၃-ပါးနှင့်ပြည့်စုံတဲ့လူ ဘယ်လောက်ရှိမလဲ ခန်းမှန်းကြည့်ပါ အဲဒီ-၃-ပါးနဲ့ပြည့်စုံတဲ့လူကို
မှ ဘုရားရှင်က ဒီလိုလူတစ်ယောက်ယောက်လောက၌ဖြစ်ဖို့ ခက်ခဲ့တယ်လို့ဟောခဲ့တာပါ ၊ဘု
ရားရှင် အလိုရှိတဲ့လူနဲ့ ကမ္ဘာပေါ်ရှိသမျှလူအားလုံးကိုရောနှောမကြည့်ဖို့တော့ လိုပါတယ် ၊ဒီ
တော့ ရုပ်နာမ်တို့ကိုခွဲနိုင်ပြီဆိုရင် ၊ရပ်-သွာ-ထိုင်-လျှောင်း က္ကရိယာပုတ်-၄-ပါးထဲက တပါးပါး
ကိုလုပ်တိုင်း ရပ်တာက ရုပ်၊ရပ်ချင်တာက နာမ် ၊ထိုင်တာကရုပ်-ထိုင်ချင်တာကနာမ်-သွားတာ
ကရုပ်-သွားချင်တာကနာမ်-လျှောင်းတာကရုပ်-လျှောင်းချင်တာကနာမ်-စသည်ဖြင့် သုံးသပ်နိုင်
လာပါလိမယ်။
ဒါကို “သမ္မသန”ဥာဏ်လို့ခေါ်ပါတယ် ၊ရုပ်နာမ်းများကို အဖန်ဖန်သုံးသပ်တဲ့ဥာဏ်ပေါ့၊ပြီးရင်အဲဒီ
ရုပ်နာမ်တို့၏ ဖြစ်ပျက်ကိုမြင်အောင်ကြည့်ပါ“ဥဒယဗ္ဗယ”လို့ခေါ်ပါတယ် ၊“ဥဒကဗက”   တော့
မဖြစ်စေနဲ့ပေါ့၊ဘုရားရှင်လက်ထက်တော်အခါက ရဟန်းတော်တစ်ပါး တရားအားထုတ်မယ်ဆို
ပြီး တခြားတစ်ပါးထံသွားမေးတယ် ၊ဘာကိုမှတ်ရမလဲပေါ့ ဒီတော့ ဟိုကပြောလိုက်တယ်------ ဥဒယဗ္ဗယ ဖြစ်ပျက်ကိုမှတ် ခန္ဒာကိုယ်မှာဘာဘဲတွေ့တွေ့ အကုန် ဖြစ်ပျက်လို့သာမှတ်ဆိုတော့
သူကသေချာ မှတ်လာတယ် မေ့သွားမှာကြောက်လို့ ပါးစပ်ကလည်ဲးတတွတ်တွတ်ရွတ်လာတယ်၊ ဒီ
တော့ လမ်းတဝက်လည်းရောကော့ ခလှုပ်တိုက်ပါလေရော--ငြိမ်းချမ်းရေးရင်ခွင်-(၁၉)-သို့---အရှင်ရေ၀တ M,A(Philosophy)

ငြိမ်းချမ်းရေး ရင်ခွင့်(၁၇)

      မြစ်ရေစီးနေသလိုပါဘဲ။
၁။ ပထဝီဓာတ်ကို ဝိပဿနာရှူ့တဲ့အခါ “မာတဲ့သဘော တောင့်တဲ့သဘော ထုံတဲ့သဘော တင်းတဲ့သဘော နာတဲ့သဘော ကိုက်တဲ့သဘော ကျိုင်တဲ့သဘောတွေကိုတွေ့လာလိမယ် အထိုင်များသည် ကြသည်နှင့်အမျှ ခါးကနာလာသလို ဒူးကကိုက်လာသလို ကျိုင်လာသလို
ထုံလာသလို လည်ပင်းက တင်းလာသလိုစတဲ့ ဝေဒနာဆိုးတွေ ပေါ်လာတတ်တယ် ဒီသဘော
တွေဟာ သိပ်အကြာကြီးဖြစ်နေတာတော့ မဟုတ်ပါဘူး ပေါ်လိုက်ပျောက်လိုက် ဖြစ်လိုက် ပျက်လိုက်သဘောတွေပါ ။
ဒါကို လက္ခဏာရေး(၃)ပါးတင်ပြီး အနိစ္စ ဒုက္ခ အနတ္တ ပေါ်အောင် မြင်အောင်ရှူ့ ရမယ် ၊မာတဲ့
သဘောနဲ့ပေါ်လာတဲ့ရုပ် တောင့်တဲ့သဘောနဲ့ပေါ်လာတဲ့ရုပ် ထုံတဲ့သဘောနဲ့ပေါ်လာတဲ့ရုပ် ကိုက်ခဲ နာကျင်မှုတွေနဲ့ပေါ်လာတဲ့ရုပ်အားလုံးသည် ဖြစ်ပြီးရင် မကြာခင်ပျက်ကြတာပါဘဲလို့
ဥာဏ်မှာမြင်အောင် ရှူ့ရမယ် ၊အနိစ္စကိုတွေ့ဖို့မြင်ဖို့ လတွေ နှစ်တွေနှင့်ချီပြီးစောင့်စရာမလိုဘူး
ပရမတ်ရုပ် တကယ်အရှိရုပ်တွေဟာ အချိန်တိုင်း်အချိန်တိုင်း အနိစ္စ ဒုက္ခ အနတ္တ ဖြစ်နေကြတာ
ပါ ။
၂။တေဇောဓာတ်ကိုဝိပဿနာရှူ့တဲ့အခါမှာလည်း ပူတဲ့သဘော နွေးတဲ့သဘော အေးတဲ့သ
    အိုက်တဲ့သဘောတွေကိုဘဲရှူ့ရပါတယ် မနေနိုင်အောင်ပူလာတာမျိုးတော့ မဟုတ်ပါဘူး
 တေဇောဓာတ်၏ ဖောက်ပြန်မှုသဘောလောက်ပါ ၊ပူသလို နွေးသလို အေးသလို အိုက်သလို
တွေ့လာပါလိမယ် ၊အကြာကြီးလည်းမခံဘူး ဒလစပ်ဖြစ်ပျက်နေတာပါ ပူတာက အေးလိုက် အေးတာက ပူလိုက် ပရမတ်ရုပ်တွေရဲ့ ပျက်ဆီးပြောင်းလဲနေမှုတွေပါ ဒီသဘောများဟာ တစ်
စက္ကန့်မှာ ဘယ်နှစ်မျိုးလောက်ပြောင်းလဲနေသလဲ ။
ဘယ်နှစ်မျိုးလောက် ပျက်ဆီးနေသလဲ ဥာဏ်နှင့်ကြည့်ပါ သ္မာဓိရှိရင် ရှိသလောက် တွေ့ပါလိ
မည် ၊ဘုရားရှင်ကတော့ တစ်စက္ကန့်မှာ ကုဋေတစ်သောင်းထိ ဖြစ်ပျက်နေကြတယ်လို့ဟောခဲ့
ပါတယ် ၊ဒီသဘောတွေကို ရုပ်အနေနှင့်ပြောရင် ပူသဘောက ပူတဲ့ရုပ် အေးသဘောကအေး
တဲ့ရုပ် နွေးသဘောက နွေးတဲ့ရုပ် အိုက်သဘောက အိုက်တဲ့ရုပ် တေဇောရုပ်တွေပေါ့ ၊ပထဝီ
ဓာတ်ထဲမှာတွေတဲ့သဘောများကိုလည်း ပထဝီရုပ်တွေလို့မှတ်ပါ ။မရပ်မနားဘဲ တခုပြီးတခု
ဖြစ်ပျက်နေတာကိုတွေ့ပါလိမည် ။
၃။အာပေါဓာတ်ကတော့ အလွန်သိမ်မွေ့နုညံ့ပါတယ် ထိတွေ့ စမ်းသပ်လို့မရလောက်အောင်ထိ
နုညံ့ပါတယ် ၊ဒါပေမဲ့ သူ့လက္ခဏာကို သူဖော်ပြနေပါလိမည် ၊အေးစက်စက် စပ်ဖြိန်းဖြိန်း ကျိန်း
စပ်စပ်သဘောတွေပါ ၊ကြက်သီးထသလိုလို မွှေးညှင်းပင်တွေ ထောင်လာသလိုလိုတွေ့တတ်ပါ
တယ် ၊အာပေါ ရုပ်တွေပေါ့ ၊ မိမိဥာဏ်ထဲမှာ ထင်လာတဲ့ သဘောကို လက္ခဏာရေး(၃)ပါးတင်
ပြီး ၊ဖြစ်ပျက်မြင်အောင်ရှူ့ပေးပါ ။
၎။ါယောဓာတ်ကတော့အတော်ထင်ရှားပါတယ် တွန်းတဲ့သဘော၊လှုပ်တဲ့သေဘာ၊ရွ့တဲ့သဘော
ကွေ့တဲ့သဘော၊ဆန့်တဲ့သဘော၊စောင်းတဲ့သဘော၊တိန်းတဲ့သဘောများဟာ ဝါယောဓာတ် ဝါ
ယောရုပ်တွေပါ ၊ဒီ ဓာတ်ကြီး(၄)ပါးထဲပါတဲ့ ရုပ်သဘောလက္ခဏာအားလုံးတို့သည် အချိန်မခြား
ဖြစ်ပျက်ပြောင်းလဲပါတယ် ၊နဒီသောတောဝိယ မြစ်ရေယဉ်ကဲသို့ ပြတ်တောက်မှုမရှိ သွင်းသွင်
စီးကျပြောင်းလဲနေကြတယ် ဆိုပြီး ဘုရားရှင်ဟောခဲ့ပါတယ် ၊ဒီပဇာလာဝိယ မီးတောက် မီးလျှံ
ကဲသို့လောင်ကျွမ်းနေတယ်လို့လည်းဟောခဲ့ပါတယ် ။
မြစ်ရေစီးကျနေတာကို ကြည့်လိုက်တဲ့အခါ ရေတွေဟာ တပေါင်းတည်းတစုတည်းဖြစ်ပျက်မှုမ
ရှိစီးကျနေကြတာဘဲလို့ မြင်ပါလိမည် ၊တကယ်တော့ ဖြစ်ပျက်နေကြတာပါ ၊ပထမမြင်လိုက်တဲ့
ရေဟာ ဒုတိယမြင်ကွင်းမှာမရှိတော့ဘူး ၊ဒုတိယမြင်လိုက်တဲ့ရေလည်း တတိယမြင်ရတဲ့နေရာ
မှာမရှိတော့ ဘူး ၊အရှိန်လျှင်မြန်နေလွန်းလို့သာ တသွေးတသားတည်းလို့ထင်ရတာပါ ။မီးစွဲ
ထားတဲ့ ဖယောင်းတိုင်မှာလည်း စွဲခါစမီးသည် စွဲပြီးချိန်မှာမရှိတော့ဘူး ထို့အတူ အသစ်အသစ်
မီးတွေက ဆက်ခါဆက်ခါလောင်နေကြတာပါ။
ဓာတ်ကြီး(၄)ပါးမှာရှိတဲ့ ပရမတ်ရုပ်သဘောတို့သည်လည်း မြစ်ရေတို့ ဆီမီးတိုင်တို့ကဲသို့ပါဘဲ၊
ဓာတ်ကြီး(၄)ပါးတို့ သဘောလက္ခဏာများကို သေချာမှတ်ပြီးရှူ့ကြည့်ပါ ၊ဥပမာတောင့်တဲ့
သဘောကိုတွေ့ရင် ဒီသဘောက ဘာဓာတ်လဲ ၊ပြီးတော့မှ အဲဒီသဘောထဲမှာ ရုပ် နာမ်ခွဲပါ
ရုပ်နာမ်ကိုခွဲနိုင်ရင် ----ငြိမ်းချမ်းရေးရင်ခွင်(၁၈)--သို့-----အရှင်ရေ၀တ M.A(Philosophy)

Monday, 23 July 2012

ငြိမ်းချမ်းရေး ရင်ခွင့်(၁၅)

    ပညတ်တိုင်းမှာ ပရမတ်ရှိတယ်။
အရှင်ဘုရား ရှင်နာဂသိန်ဆိုတာဘယ်သူပါလိမ့်? အကျွနှုပ်ပါ မင်းကြီး ၊အဘယ်ကို နာဂသိန်ဟု
ခေါ်ပါသနည်? -မျက်စိ နားနှာ ခြေလက်အင်္ဂါ များစွာတို့နှင့် ဖွဲ့စည်းထားတဲ့ ရုပ်နာမ်နှစ်ပါးကို“နာ
ဂသိန်”ဟုခေါ်ဝိုရခြင်းပါ မင်းကြီး ၊ဒီတော့မှ ခပ်အေးအေးလေး ပြန်လျှောက်ပါတယ် ၊တပည့်
တော် နားလည်အောင် ဥပမာပြပါဦး ?-ကောင်းပြီ မင်းကြီးစီးနင်းလာတဲ့ ရထားဘယ်မှာလဲ?-ဟို
ကျောင်းတံခါးဝမှာပါ ။
ဟုတ်ပြီ အဲဒီရထားက ဘီးတစ်လုံးသက်သက်ဖြုတ်ထားလိုက်မယ် ထိုဘီးကို မင်းကြီးရထားဟု
ခေါ်နိုင်မလား ၊ဝင်ရိုးတစ်ချောင်းကို ဖြုတ်လိုက်မယ် ၊ထိုင်ခုံတစ်လုံ ဖြုတ်လိုက်မယ် ၊အကွပ်တခု
ဖြုတ်လိုက်မယ် ၊အဲဒီ ပစ္စည်းတစ်ခုချင်းကို မင်းကြီးရထား တစ်စီးဟုခေါ်နိုင်မည်လော ? -မခေါ်
နိုင်ပါ အရှင်ဘုရား ၊ဒီပစ္စည်းတွေအကုန် စုပေါင်းထားတာကိုမှ ရထားဟု ခေါ်နိုင်ကြောင်းပါ အရှင် ဘုရား ။
ထို့အတူပါ မင်းကြီး ကျွနှုပ် ၏ မျက်စိ နား နှာ ခြေလက်အင်္ဂါ တစ်ခုချင်းကို တစတစဖြုတ်လိုက်
လျှင် နာဂသိန် ဟူ၍မခေါ်နိုင်ပါ ၊အကုန်စုပေါင်းထားလိုက်မှ နာဂသိန် အဖြစ်ခေါ်ဝိုနိုင်တဲ့ နာမပ
ညတ် သမုတိသစ္စာ တစ်ခုပေါ်လာရတာပါ ၊ဒီတော့ ပညတ်ဆိုတာ တကယ်မရှိဘူးလား၊ရှိတယ်
တကယ်ရှိသလား ၊မရှိဘူး ဒီသဘောကိုနားလည်ရမယ် ၊ပညတ်ကိုလုံးဝပယ် လုံးဝဖျောက်ပစ်
လို့လည်းမဖြစ်ဘူး ။
ဘာကြောင့်လဲဆိုရင် ပညတ်ရှိမှ ပရမတ်ရှိမယ် ၊သမုတိသစ္စာရှိမှ ပရမတ္ထသစ္စာရှိမယ် ၊အကာ
ရှိမှ အနှစ်ရှိမယ် ၊ပညတ်မရှိတာကိုမြင်မှ ပရမတ်ရှိတာကိုမြင်မယ် ၊သမုတိသစ္စာ ဆင်းရဲခြင်းကို
မြင်မှ ၊ပရမတ္ထသစ္စာ ချမ်းသာခြင်းကိုမြင်မယ် ၊အကာမကောင်းတာကိုမြင်မှ အနှစ်၏တန်ဘို့ကို
မြင်နိုင်မယ် ၊ဝိပဿနာရှူ့ တယ်ဆိုတာ အဲဒီ ပညတ်ထဲက ပရမတ်ကိုရှာပြီး ရှူ့ ရတာပါ၊
ပညတ်တိုင်းမှာ ပရမတ်တခုရှိပြီးသားပါ ။
သက်မဲ့ ပညတ်များစွာထဲက ကားတစ်စီးကိုကြည့်ပါ အကောင်းဆူုံးထုတ်လုပ်ထားတဲ့ ကားတစ်
စီးသည် မပျက်မဆီးဘဲ  နှစ်ပေါင်း ၅၀ ကြာရင်လည်းကြာမယ် နှစ်ပေါင်း ၁၀ ခံရင်လည်းခံမယ်၊
ဘယ်လောက်ပင်ကြာကြာ မည်မျှခိုင်ခိုင် တနေ့တော့ ပျေက်ချင်ရင်ပျောက်မယ် ၊ပျက်ချင်ရင်
ပျက်မယ် ဒါဟာ ပညတ် ကားမှာရှိတဲ့ ပရမတ်၊အနိစ္စ-မမြဲတဲ့သဘော၊ရုပ်ဝတ္ထုတိုင်းမှာဒီသဘော
ရှိပါတယ် ။
သောသော် အဲဒီအနိစ္စကို ဝိပဿာမရှူ့ရဘူး ၊အနိစ္စတခါဖြစ်ဖို့ နှစ်ပေါင်းရာနှင့်ချီပြီး စောင့်နေရ
မှတော့ ကားအနိစ္စမဖြစ်ခင် ကိုယ်ဖြစ်သွားနိုင်တယ် နော် ဘာမှရှူ့မှတ်ခဲ့ရမှာမဟုတ်ဘူး ၊ခုလူ
တော်တော်များများကဒီတိုင်းဖြစ်နေကြတယ် လူတစ်ယောက်သေတယ် ဆုံးတယ်ဆိုတာကြား
မှ အော်---အနိစ္စ အနိစ္စ  တယ်ကြောက်စရာကြီးပါလားပေါ့ ၊ဒီအနိစ္စတွေဟာ တကယ့်အနိစ္စမ
ဟုတ်ပါဘူး ။
ကျားသီလစောင့်တဲ့ အနိစ္စမျိုးပါ ၊ဟိုတုန်းက သစ်ကျားတစ်ကောင် ဥပုသ်စောင့်မယ်ဆိုပြီးသီလ
ယူ-----ငြိမ်းချမ်းရေးရင်ခွင်---၁၆--သို-------အရှင် ရေ၀တ M.A(Philosophy)
Add caption

ငြိမ်းချမ်းရေး ရင်ခွင့်(၁၄)

    မင်းသားယောင်ဆောင်နေတဲ့နဂါး ။
မောင်ဖြူးဆိုတာနာမ ပညတ်ပါ ၊မည်သူမည်ဝါဆိုတာကိုခွဲခြားသိနိုင်ဖို့အတွက်သမုတ်ထားတဲ့
ပညတ်ပါ ၊ထို့အတူ ကျွဲ နွား ခြံမြေ လယ်ယာ ရွှေ ငွေ စီးပွါးဥစ္စာ မှန်သမျအကုန် ပညတ်တွေ
ချည်းပါ ၊“သမုတိသစ္စာ”လို့လည်းခေါ်ပါတယ် ၊ရုပ်အတုပါ သူ့ကို ဝိပဿနာမရှူ့ ရဘူး ၊
ဘာကြောင့်လဲဆိုရင် ပညတ် ရုပ်တု သမုတိသစ္စာ ဖြစ်နေလို့ပါ ၊ပညတ်ဟာတော်တော်
ကြောက်စရာကောင်းပါတယ် ။
ပညတ်များလေ လူတွေမှာ အပူများလေပါ ၊ခုလက်ရှိအချိန်မှာ ပညတ်တွေဘယ်လောက်များ
နေပြီလဲ ၊ဟိုခေတ်အခါကမရှိတဲ့ပညတ်တွေ-ကား လေယဉ် ရထား ဆိုင်ကယ် အပေါ်စက်
အောက်စက် အင်တာနက် စသည်ပေါ့ ၊ကားဆိုတဲ့နေရာမှာ ကားအမျိုးစားပေါင်း ၊လေယဉ်
အမျိုးစား-ရထားအမျိုးစား-ဆိုင်ကယ်အမျိုးစား-အပေါ်စက် အောက်စက်အမျိုးစား -လက်နက်
ခဲယမ်းအမျိုးစားတို့ မရေတွက်နိုင်လောက်အောင်ပင် ။
သည်ပစ္စည်းတွေများလာသည်နှင့်အမျှ လူတို့၏ ခံစားလိုမှု အာရုံ ရမက်လောဘကလည်း နယ်
ချဲ့လာတာပါပဲ ၊ဟိုတုန်းက မိသားစုတစ်စုမှာ အမေ အဖေနှစ်ယောက်ရှာကျွေးရင် ဖုံလှုံတယ် ဝဖြိုးတယ် လုံလောက်တယ် ခုရှိသမျှလူအကုန်လုပ်တာတောင် အဆင်မပြေဘူး ၊လိုအပ်ချက်
တွေ ကွက်လပ်တွေ များးလာတယ် ၊ဒါကို ဘုရားရှင်က“ဦဏောယုတ္တောလောကော”လောက
ဟာအမြဲယုတ်လျှော့နေတယ် လို့ဟောခဲ့ပါတယ် ။
အမြဲလိုအပ်နေတယ် ဘယ်တော့မှမပြည့်စုံဘူး ၊ဘယ်လောက်ပင်ချမ်းသာတယ် ပြည့်စုံတယ်ဆို
စေ တစ်နေရာရာက တခုခုလိုအပ်နေလိမယ် ၊တကယ်တော့ လောကကလိုနေတာမဟုတ်ဘူး၊
လူတို့၏ တဏှာလောဘက အသစ်အသစ်ပေါ်လာတဲ့ ပညတ်များကို ခံစားချင်နေတာပါ ၊ခံစား
လိုမှု လောဘစိတ်များလာလေ ထိုလူတို့သန္တန်မှာ ပူလာလေ ၊လူတို့ပူလာသည်နှင့်အမျှ နေရာ
ဒေသတို့လည်းပူလာတယ် ။
အသစ်ပေါ်လာတဲ့ ပညတ်များကိုဘယ်ထိ ခံစားလိုသလဲဆိုတာ လက်တွေ့မြင်ကြရတာပါဘဲ၊
ဆံပင်ဖြူလာတာကို မဖြူအောင် ဆေးဆိုးတယ် ၊ကျိုးသွားတဲ့သွားပြန်စိုက်တယ် ၊အပုတ်နံ့
မထွက်အောင် ရေမွှေးဖြန်းတယ် ၊သေခါနီးလာလေ ဆံပင်ဖြတ်လေ ၊ဆကပ်ဝတ်လေ ဒါကို
ခေတ်မှီတယ်ဆိုပြီးဂုဏ်ယူနေကြသေးတယ် ၊ခေတ်မှီတာမဟုတ်ပါဘူး ပညတ်ကိုမလွန်မြောက်
နိုင်တာ ၊ပညတ် သောင်မှာတင်နေတာတွေပါ ။
နောက်တခါ မိမိပိုင်ဖြစ်တဲ့ ပညတ်များကိုကြည့် -ခြေ လက် နား နှာ ကိုယ် လျှာ စသောပညတ်
များကိုစွဲပြီး အပူသောကတွေဖြစ် ၊ဒီပညတ်တွေဟာ အကုန် ရုပ်တုတွေပါ ၊မင်းသားယောင်
ဆောင်နေတဲ့  နဂါး လိုပါ ၊နဂါးတို့သည် ဘယ်လိုပုံမျိုးဘဲ အယောင်ဆောင်ဆောင် အိပ်ပြီဆို
တာနှင့်  နဂါးရုပ်ပြန်ပေါ်တော့တာဘဲ ၊ဒီရုပ်တုတွေလည်း ဘယ်လောက်ပင်ကောင်းတယ် ခိုင်
တယ် မြဲတယ်ပြောပြော မကြာခင် နဂါးရုပ်ပေါ်တာပဲ ။
ပညတ်နှင့်ပတ်သက်ပြီး   ရှင်နာဂသိန်ကို မိလိန္ဒမင်းကြီးက ပညာပြိုင်ပွဲမှာမေးခဲ့ဖူးပါတယ် ၊“အ
ရှင်ဘုရား-------ငြိမ်းချမ်းရေးရင်ခွင်---၁၅---သို့-----အရှင်ရေဝတ M.A(Philosophy)

ငြိမ်းချမ်းရေး ရင်ခွင့်(၁၃)

    မျက်စိမှိတ်ပြီးရှာကြည့်ပါ။
ငတေပေ  ဆိုတာဘုန်းကြီးကျောင်းသားပါ ၊တနေ့သူ့ကို ဘုန်းကြီးက စာကျက်ခိုင်းတယ် ၊ဒီ
တော့ ငတေပေက“အန်နံနံ အန်နံနံ ထရံမှာဘာလဲမသိတခု-အော် -သိပြီးသိပြီ
ဆနွင်းနှင့် ထုံး ၊
ဆက်ဆိုပြန်တယ် -အန်နံနံအန်နံနံ ဆနွှင်းနှင့် ထုံးနှင့်ရောရင် သွေးဖြစ်၏ ”
၊ဆနွှင်း+ထုံးရော
ရင်သွေးဖြစ်တယ်ဆိုတော့ ဘုန်းကြီးက လုပ်ကြည့်တယ် ဟာဟုတ်ပြီ တကယ်ဖြစ်တာဘဲ ဒီ
ကောင်တယ် တော်နေပါလားပေါ့ ၊
နောက်ထပ် ဘာဆိုမလဲ နားထောင်နေတယ် ၊ငတေပေက ထပ်ဆိုပြန်တယ် “-အန်နံနံအန်နံနံ
စကာ နှစ်ချပ် အတောင်တပ် သိန်းခေါင်ပြည်ရောက်” ၏ ဒီတော့ ဘုန်းကြီးက စကော နှစ်ချပ်
ရှာတယ် ၊ပြီးတော့ ဘယ်လက်မှာ တစ်ချပ်၊ညာလက်မှာတစ်ချပ် ကြိုးကောင်းကောင်းနှင့်ချည်
ပြီး ၊ကျောင်းမကြီး ခေါင်မိုးပေါ်သို့ တက် အဲကနေ သူသိန်းခေါင်ပြည်သို့
ပျံမယ်ပေါ့ ၊သူ့တပည့်
ငတေပေ ပြောတဲ့တိုင်း အတောင်တပ်ထားပြီ ။
သွားခါနီး ငတေပေကိုခေါ်ပြီးပြောတယ် “ဟေကောင် ငါ သိန်းခေါင်ပြည်သွားတော့မယ် ၊ငါ
ဈာန်ရနေပြီ ၊လေပေါ်မှာ ပျံပြီး သွားမယ် ၊ကျောင်းကိုသေချာစောင့်ပေါ့
၊ကျကျနနမှာပြီး ကျောင်း ခေါင်မိုး ထိပ်ဆုံးက ဈာန်နဲ့ ပျံတက်လိုက်တာ
တခါတည်း သိန်းခေါင်ပြည်မရောက်ဘ၊
ဆူးခြုံထဲသို့ရောက်ပါလေရော နော် ၊ ငတေပေဆရာဘုန်းကြီး ဈာန်ရပုံလေးပါ
၊ဒီလို ဈာန်မျိုး
တော့မရစေနဲ့ ။
ခု စတုတ္ထ အဆင့်မှာရတဲ့ သ္မာဓိဟာ အလွန်ခိုင်ခန့်တဲ့ သ္မာဓိဖြစ်သွားပါပြီ
၊ဒီကနေ ဝိပဿနာသို့
ကူးရပါတယ် ၊“ဝိဲပဿနာ”ဆိုတာ “အဘိဓမ္မာ ပိဋက”ထဲက အဆီနှစ်အဖြစ်ထွက်လာတဲ့ တခု
တည်းသော ပညာပါ ၊ရုပ် နာမ်တို့၏ ဖြစ် ပျက်နေမှုကို ရှာဖွေတဲ့နေရာမှာ ဘယ်စမ်းသက်စစ်
ဆေးမှု ပစ္စည်းကိရိယာနှင့်မှမတူဘဲ နိုင်းစရာမရှိလောက်အောင် ထူးခြားထက်မြက်တဲ့ ပညာပါ၊
လောကုတ္တရာ ပညာလို့မှတ်ပါ ။
လောကုတ္တရာ ဆိုတာ လောက+ဥတ္တရပါ ၊လောက က လူ့လောက-နတ်လောက-ဗြဟ္မာလော
က သုံးမျိုးပါ ၊ဥတ္တရက မွန်မြတ်ခြင်းလို့မှတ်ပါ ၊အဲဒီ ၃ လောကထက်
မွန်မြတ်တဲ့တရားလို့ဆိုပါ
တယ် ၊ဒီ ပညာနှင်မှ ဝိပဿနာ ရှူ့ရတာပါ ၊မျက်စိမှိတ်ပြီးရှာဖွေရတဲ့
လုပ်ငန်းပါ ၊ဝိပဿနာစပြီး
လုပ်တော့မည်ဆိုရင် ပထမဆုံး ပညတ်+ပရမတ်ခွဲရပါမည် ၊ပညတ်ရုပ် ပရမတ်ရုပ်ခွဲပါ၊ဒါကိုမခွဲ
တတ်ရင် ဝိပဿနာ ရှူ့လို့မရပါဘူး ။
ပညတ်သည်လည်း အဇ္ဈတ္တ-အတွင်းပညတ် ၊ဗဟိဒ္ဒ-အပြင်ပညတ်ဆိုပြီး ၂မျိုးရှိပါတယ် ၊ပညတ်
ဆိုတာ တကယ်မရှိတဲ့တရာကိုပြောတာပါ ၊တကယ်အရှိတရားးလို့ ထင်ရတယ် ဒါပေမဲ့
တကယ်မရှိဘူး ၊ဥပမာ မောင်ဖြူ မောင်နီ မောင်မွှေး မောင်ထွေ မောင်ပြာ မောင်ဝါ မောင်မဲ-
ယောက်ကျား မိန်းမ ကုလား ရှမ်း မွန် ကရင် ရခိုင် ဗမာ ချင်း -တောတောင်
ရေမြေ စသည်ဖြင့်
ခေါ်ဝိုနေကြတဲ့အထဲက၊မောင်ဖြူဆို

တာ ဘာလဲ ?-
                                     ငြိမ်းချမ်းရေးရင်ခွင်
----၁၄--သို့---အရှင် ရေဝတ M.A(Philosophy)

Sunday, 22 July 2012

ငြိမ်းချမ်းရေး ရင်ခွင့်(၁၂)

   ရေပေါ်မှာလမ်းလျှောက်လို့ရတယ် ။
“လုံးစုံလင်းရာ တ၌သာ” တတိယအဆင့်မှာ အကုန်ထင်ထင်လင်းလင်းဖြစ်သွားပါ

တယ်၊ရုပ်
နာမ် တို့အပေါ်မှာ ဖြစ်ပျက်နှင့်တကွ ပြောင်းလဲနေမှုများကို
ကွက်ကွက်ကွင်းကွင်းမြင်သွားတဲ့
သဘောပါ ၊နှာသီးဝမှာ စိတ်ကိုထားပြီး လေဝင် လေထွက်ကိုရှူ့လိုက်တဲ့အခါ ဝင်လေသည်
နှာသီးဖျားမှနေပြီး နှသီး၏ အတွင်းအသားဆိုင် နံရံ မွှေးညှင်းပင်
တခုခုကိုထိခတ် ဝင်လာတတ်
ပါတယ် ၊ထိုသို့ ထိတွေ့တဲ့သဘောကို ဥာဏ်မှာ သိနေပပါလိမည် ။
သိတာနှင့် တပြိုင်တည်း အဲဒီ ထိတွေ့မှု ဝေဒနာဟာ ပျက်သလား မပျက်ဘူးလားကြည့်ပါ ၊ပျက်
တယ်ဆိုရင် အနိစ္စ ၊ထပ်ခါထပ်ခါပျက်နေခြင်းသည် ဒုက္ခ ၊မပျက်အောင် တားလို့မရခြင်းသည်
အနတ္တ ၊ဒါဟာ ရုပ် နာမ်တို့ အမြဲ ပြောင်းလဲနေတတ်တဲ့ သဘောပါ လားလို့ ရှူ့
မှတ်လိုက်ရင်၊
ရုပ် နာမ်များကို မြဲတယ် ခိုင်တယ် လို့စွဲထားတဲ့ သက္ကာယ
သူ့အလိုလိုပြေသွားပါတယ် ၊အရှိန်
လျှော့ကျလာတယ် ။
ဒီလိုဖြစ်ပျက်မှုတွေဟာ တခါပျက်ပြီးရင် နောက်မပျက်တော့ဘဲ ရက်ပေါင်းများစွ
လပေါင်းများစွ
နှစ်ပေါင်းများစွာကြာတာမျိုး မဟုတ်ပါဘူး ၊စက္ကန့်တိုင်း မီးနစ်တိုင်း
ဗီဇနာတိုင်း ပျက်နေတာပါ ၊
တစ်စက္ကန့်မှာ နာမ်က ကုဋေတစ်သိန်း  ရုပ်က ကုဋေတစ်သောင်း ပျက်ပါတယ်
၊ဒါကိုတော့ ဘုရားရှင်၏ ဥာစ်တော်နှင့်မှ မြင်နိုင်တာပါ ၊အဲဒီထဲက မိမိတို့
ဥာဏ်စွမ်းနှင့် ဘယ်နှစ်ခုလောက်
မြင်နိုင်စွမ်းရှိမလဲ ရှူ့ကြည့်ပါ ။
“ထိ”တဲ့သဘောက ရုပ် ထိတာကိုသိတာက နာမ် ၊ဒီ ရုပ် နာမ်နှစ်ပါးဟာ အကြာကြီးမနေပါဘူး
ထိ သဘောကလဲ ထိပြီးတာနှင့်ပျက် ၊သိ သဘောကလဲ သိပြီးတာနှင့်ပျက်၊ပူသဘော၊အေးသ
ဘော၊ နွေးသဘော ၊လှုပ်သဘော ၊နာသဘောများတို့သည်လည်းအကုန် ဖြစ် ပျက်၊ဒီဖြစ်ပျက်
များကို တစ်စက္ကန့်မှာ (၁၀)ခုလောက်မြင်နိုင်ပြီဆိုရင် ထိုသူ၏ သ္မာဓိသည်
၊“ဥပစာရသ္မာဓိ”ပါ ၊
တတိယ ကျင့်စဉ်မှာ ရလာနိုင်တဲ့ သ္မာဓိပါ ။
စတုတ္ထအဆင့် စတုတ္ထကျင့်စဉ်မှာတော့ “စမှာငြိမ်လေဘိ”ဆိုတဲ့အတိုင်း အကုန် ငြိမ်းအေးသွား
ပါပြီး ၊ဒိစတုတ္ထအဆင့်ကို “သမထကနေ ဝိပဿနာ”သို့ကူးသော ပေါင်းကူးတံတားလို့လည်း
ခေါ်ပါတယ် ၊ပီတိစသော ဝိပဿနာ ရန်သူများလည်းမရှိတော့ဘူး စိတ်ဟာအတော့်ကိုကြည်
လင်သွားပါပြီ ၊ထိုင်လိုက်တာနှင့် သ္မာဓိကိုရတော့တာဘဲ ၊စိတ်ကို
အမြန်စုစည်းနိုင်တယ် ၊လော
ဘ ဒေါသစတဲ့ ကိလေသာများကိုလည်း ထိမ်းနိုင်တယ် ။
ဒါကို “အပ္ပနာသ္မာဓိ”လို့ခေါ်ပါတယ် ၊အပ္ပနာဆိုတာ ဈ န်ပါ
၊အမျိုးမျိုးလုပ်လို့ရတယ် ၊မိုးပေါ်မှာ
လမ်းလျှောက်လို့လဲရတယ် ၊မြေအောက်ထဲ ဝင်ရင်လည်းရတယ် ၊ရေပေါ်မှာ လမ်းသွားလို့
လည်းရတယ်၊ ကိလေသာကုန်ပြီးတဲ့ရဟန်းတာ အရှင်သူမြတ်များတို့ တန်ခိုးပြတယ်ဆိုတာ
ဒီ သ္မာဓိနှင့် ပြကြတာပါ ၊သောသော် မိမိတို့ ချက်ချင်းပြနိုင်လိမယ်တော့
မထင်ပ်ါနဲ့ တော်ကြာ
“ငတေပေ” ဆရာဘုန်းကြီးလိုဖြစ်နေလိမယ် ။
                                          ငြိမ်းချမ်းရေးရင်ခွင်
---၁၃---သို့------အရှင် ရေဝတ M,A(Philosophy)

ငြိမ်းချမ်းရေး ရင်ခွင့်(၁၁)

        ဒါတွေက ရန်သူတွေပါ။
ပီတိ ဆိုတာနှစ်သက်မှုပါ ၊ပီတိ(၅)မျိုးရှိပါတယ် ၊၁-ခုဒ္ဒကာပီတိ-အငယ်စားပီတိပေါ့ ၊လူတစ်
ယောက်ယောက်က ကိုယ့်ကိုချီးမွှမ်းမြှောက်ပင့်လိုက်တဲ့အခါ ဖြစ်တဲ့ပီတိ။၂--ခဏိကာပီတိ-
ခပ်ပြင်းပြင်းဖြစ်တဲ့ပီတိ၊ကောင်းသတင်းတခုကို လတ်တလောကြားရတဲ့အခါ ဖြန်းခနဲ့ဖြစ်တတ်
တဲ့ပီတိ ၊ဥပမာ ဆယ်တန်းဖြေထားတဲ့သူတစ်ယောက် အောင်တဲ့သတင်းကိုကြားရတဲ့အခါ
ဖြန်းခနဲ့ ဖြိန်းခနဲ့ ဖြစ်ပြီး အလွန် ဝမ်းမြောက်ရတဲ့ သဘော ဒါဟာ ခဏိကာပီတိပါ။
၃။သြကန္တိကပီတိ-တစ်ကိုယ်လုံးမှာ လွှမ်းမိုးပြီး တစိမ့်စိမ့် ဖြစ်နေတဲ့ ပီတိ ၊ဥပမာ ရှင်ပြုရတော့
မယ့် မောင်ရင်လောင်းတစ်ယောက်နှင့် သူ၏ မိဘများရင်မှာ  တွေးယင်းတွေးယင်းတလိမ့်လိမ့်
ဖြစ်ပေါ်လာတတ်တဲ့ ပီတိ။ ၄။-ဥဗ္မေဂါပီတိ ၊မိမိကိုယ်ကိုလေပေါ်မှာ မြောက်ကြွစေနိုင်သော ပီတိ-တကယ်မမြောက်သည့်တိုင် မြောက်သွားသည့်အလား ထင်ယောင်ထင်မှားရသောပီတိ
ဤပီတိသည် တရားအားထုတ်နေသူတို့ သန္တန်မှာ အများအားဖြင့် ဖြစ်တတ်ပါတယ်၊တရားမှတ်
ယင်း သ္မာဓိအားကောင်းလာပြီး ၊
ရုပ် နာမ် တို့၏ ဖြစ်မှု ပျက်မှုများကို ထင်ထင်ရှင်းရှင်း မြင်လာတဲ့အခါ ငါဟာ ဈာန်ရနေပြီ ၊ဈန်ရ
ခါနီးနေပြီ ၊ခန္ဒာကိုယ်ကြီး အပေါ်ကိုတက်သွားပြီလား ၊အပေါ်သို့ ပျံတက်တော့မလို့လား ဆိုပြီး
ကိုယ်လုပ်နေတဲ့ တရားအပေါ် ၊တနည်း မိမိကိုမိမိအထင်ကြီးလာတတ်တယ်၊ မျစိထဲတွင်လည်း
အရောင်းမျိုးစုံတို့ကိုမြင်လာတတ်တယ် ၊မိမိကိုယ်ကအရောင်ဝါတွေထွက်နေသလိုလိုလည်း
သလိုလိုလည်းထင်လာတတ်တယ် ၊ဒီအချိန်မှာ ဆရာသမားကသိပ်အရေးကြီးပါတယ် ၊ဆရာ
သမားကသေချာ ရှင်းမပြရင် ၊သူတွေ့မြင်နေရတာတွေကို တကယ်အဟုတ်ထင်ပြီး ၊မာနဝင်
လာတတ်တယ် ။
တကယ်မဟုတ်ပါ ၊ဥဗ္မေဂါပီတိ ကြောင့်အဲလို ဖြစ်နေတာ ၊ဒါကိုသေချာမသိရင်တော့ ထိုယောဂီ
တရားမရတော့ ဘူး ၊အဲဒီမှာတင် သောင်တင်နေတတ်တယ် ။၅ -ဖရဏာပီတိ-ကြာရှည်စွာ
တစ်ကိုယ်လုံး၌ ပျံ့နံ့ပြီးတည်နေတဲ့ ပီတိ၊ ဥဗ္မေဂါပီတိကြောင့် ခံစားနေရတဲ့ နှစ်သက်မှုတွေ
လွယ်လွယ်နဲ့မပျောက်တော့ ဘူး ၊ဒီတော့ မိမိအပေါ် ပိုပြီးအထင်ကြီးလာတယ် ၊ငါတကယ် တ
ရားထူးရပြီး ဆိုပြီး ၊တရားစခန်းကထွက်သွားတတ်တယ် ၊စိတ်ကယောင်ကရမ်းဖြစ်သွားတတ်
တယ် ၊ဒါကြောင့် တရားလုပ်တဲ့ လူများမှာ ဒီ  ခုဒ္ဒကာပီတိ ၊ခဏိကာပီတိ ၊သြကန္တိကပီတိ၊
ဥဗ္မေဂါပီတိ ၊ဖရဏာပီတိ (၅)မျိုးတို့၏ နှောင့်ချက်မှုမှ လွန်မြောက်နိုင်ဖို့လိုတယ် ။
၎င်း ပီတိများ ဖြစ်တတ်တဲ့အချိန်ဟာ  ဥပစာရသ္မာဓိ အဆင့်သို့မရောက်ခင်လေးမှာ ဖြစ်တတ်ပါ
တယ် ၊တနည်း  သမထကနေ ဝိပဿနာသို့ ကူးပြောင်းခါနီးမှာ ဖြစ်တတ်ပါတယ်၊“ဝပဿနုပ
က္ခိလေသ” ဝိပဿနာ ၏ရန်သူ ဝိပဿနာ၏ အနှောင့်ချက် ဝိပဿနာ၏ ညစ်ညူကြောင်း
(၁၀)ပါးထဲမှာ ဒီ (၅)ပါးလည်းပါဝင်တယ် ၊ဒီတရားများ အနှောင့်ချက်က လွန်မြောက်သွားရင်
တော့ ရုပ် နာမ် များ၏ သဘောကို ထင်ထင်လင်းလင်း မြင်နိုင်ပါပြီ ။ခုဦးဇင်းပြောနေတာက
သ္မာဓိ ထူထောင်တဲ့နေရာမှာ အဆင့်(၄)ဆင့်ရှိတဲ့ထဲက တတိယ အဆင့်ပါ၊“ပထမဆင့်က-ရှူ
သွင်း+ရှူထုတ်အမှုလုပ်။ဒုတိယ ဆင့်က -အမှုမပါ အမှတ်သာ။တတိယဆင်က-လုံးစုံလင်းရာ
တ ၌သာ။ဒိတတိယအဆင့်မှာ အကုန် ထင်ထင်လင်းလင်းဖြစ်သွားတာကိုပြောတာပါ ၊စတုတ္ထ
အဆင့်မှာတော့ အကုန်ငြိမ်းသွားပါတယ် ----ငြိမ်းချမ်းရေးရင်ခွင်--၁၂--သို့-----အရှင် ရေဝတ M.A(PHILOSOPHY)

ငြိမ်းချမ်းရေး ရင်ခွင့်(၁၀)

      နှာသီးအတွင်းမှာဘာတွေရှိသလဲ။


ဝိရိယစိုက်ပြီး တရားမှတ်ရတဲ့ အကြောင်းက တခါမှ မမှတ်ထူးသေးတဲ့ လူုတွေအတွက် ဝင်
လေ ထွက်လေတို့ကို ဝင်ထွက်သွားလာနေတဲ့အတိုင်း မှတ်နေတဲ့အခါကျတော့ ကြာလာတာ
နှင့် အမျှ စိတ်မှာ ထိန မိဒ္ဒတွေဖြစ်ပြီး ထိုင်းမှိုင်းသွားတတ်ပါတယ်၊ဝိရိယနဲ့ မှတ်တဲ့ခါကျတော့
အဲဒီ ကိလေသာတွေ မလာတော့ဘူး အမြဲအမှတ်ရနေတယ် ၊ဒါကြောင့် ဝိရိယ စိုက်ရတာပါ ၊
ဒီလို ဝိရိယ စိုက်ရတာကို လယ်တီ ဆရာတော်ကြီးက “ရှူသွင်း+ရှူထုတ်အမှုလုပ်”ဆိုပြီး အမှု
တစ်ခုအဖြစ်လုပ်ဖို့ သတိပေးခဲ့ပါတယ် ။
ဝင်လေ ထွက်လေကို မှတ်တဲ့အခါ ပထဝီ-အာပေါ-ဝါယော-တေဇော ဓာတ်ကြီး ၄ပါးထဲက “ဝါ
ယော”ဓာတ် ပထဝီ ကာယပါ၊ ဝင်လေ ထွက်လေတို့ကို အာရုံစိုက် ရှု့ မှတ်နေတော့ စိတ်ဟာ
တခြားနေရာကိုမရောက်တော့ ဘူး ၊ကြာလာသည်နှင့်အမျှ ငြိမ်သက်လာတယ် ၊တည်မြဲးလာ
တယ် ၊တကယ်လို့မိမိ၏စိတ်က တခြားနေရာကို ကူးသွားတယ် ရောက်သွားတယ် ဆိုရင်လည်း
ပြန်ပြီးစု၊ နှာသီးဝမှာ ပြန်ထား ၊ခန္ဓ¨ာကိုယ်ကြီးက နာလာ ကိုက်လာ၊ခဲလာရင်လည်း က္ကရိယာပုတ်
ကို ပြင်ထိုင်လို့ရပါတယ် ။
စိတ်ကိုတော့ မလွင့်စေနဲ့ပေါ့ ၊အရေးကြီးတာက ဝင်လေကိုဝင်လေဟုသိ၊ထွက်လေကိုထွက်
လေဟုသိနေဖို့သာအဓိကပါ၊ဒါက သ္မာဓိ ရှာဖွေတဲ့နေရာမှာ ပထမဆုံးလုပ်ရမဲ့အချက်ပါ၊ပထမ
အဆင့်ပေါ့၊ တချက်မှမလွတ်စေဘဲ ရှု့မှတ်နေသူ၏ စိတ်ကို ကိလေသာက သိပ်လာပြီးမကပ်
တော့ဘူး ၊ဒီအဆင့်ကို“ပရိကမ္မ” သ္မာဓိ လို့ခေါ်ပါတယ် ။
ဒုတိယအချက် ဒုတိယအဆင့်ကတော့ ဝင်လေထိတဲ့နေရာ၊ထွက်လေထိတဲ့နေရာတို့ကိုသိနေ
ရမယ် ၊ဝင်လေက ဘယ်နေရာကိုထိသွားသလဲ၊ ထွက်လေက ဘယ်နေရာကိုထိသွားသလဲပေါ့
နှာသီး၏ အတွင်းမှာ လေထိနိုင်တဲ့နေရာတွေကတော့ ၊အတွင်းသားနံရံ၊မွှေးညှင်းပင် ၊နှားသီးရဲ့
အဆုံး အာစောင့် အဲဒီနေရာများကို ထိသွားတတ်ပါတယ် ၊ထိတဲ့အခါ ဘယ်လိုတွေ့သလဲဆို
တာလဲသိနေရမယ် ၊ဥပမာ ယားတဲ့သဘော၊နာတဲ့သဘော၊ရွရွသဘော၊ကျဉ်တဲ့သဘောများလဲ
တွေ့တတ်ပါတယ် ။လေ နောက်ကိုလိုက်ပြီး မှတ်နေစရာတော့ မလိုဘူး၊ ထိ တဲ့နေရာကိုသိနေ
ဖို့ပါ ။လယ်တီဆရာတော် ဘုရားကြီးက“ဝင်လေထိ+ထွက်လေထိ ထိတိုင်းထိတိုင်းသိ”လို့သ
တိပေးခဲ့ပါတယ်၊ဒါလဲ ပရိကမ္မသ္မာဓိပါ ။
တတိယ အချက် တတိယအဆင့်မှာတော့ သာမန်သိရုံနဲ့မရတော့ဘူး ၊ရုပ် နာမ်ခွဲသိရမယ် ၊
ဝင်လေ ထွက်လေကို ရုပ် နာမ် ခွဲရမယ် ၊ခွဲပုံကို သေချာမှတ်ပါ ၊ဝင်လေ၊ထွက်လေ ဆိုတာ
ရုပ် ၊ဝါယောဓာတ်၊ ရှူသွင်းချင်တာက စိတ် နာမ်တရား ၊ရှူသွင်းပြီးတဲ့အခါ ပြန်ပြီး မှုတ်ထုတ်
ချင်တာက စိတ် နာမ်တရား ၊ထွက်လာတာက လေရုပ်တရား ၊ဝင်လာတဲ့လေကရုပ်တရား ၊
ဝင်လာတာကိုသိတာက နာမ်တရား၊ ဝင်လေကတနေရာရာကိုထိတဲ့အခါ ထိတာကိုသိတာက
နာမ်တရား၊ ထိတာက ရုပ်တရား။


ဒီနှာသီးဝကနေ အားလုံးကို ရုပ် နာမ်ခွဲကြည့်လို့ရပါတယ် ၊ဥပမာ လူတစ်ယောက် ထိုင်နေတဲ့
နေရာက ပြန်ထတဲ့အခါလည်း၊ ထိုင်ချင်တာက နာမ်၊ ထိုင်လိုက်တာက ရုပ်၊ထချင်တာက နာမ် ၊
ထလိုက်တာက ရုပ် ၊သွားချင်တာက နာမ် ၊သွားတာက ရုပ်၊ပြောချင်တာက နာမ် ၊ပြောတာက
ရုပ် ၊စားချင်တာကနာမ် ၊တကယ်စားတာက ရုပ် ၊အိပ်ချင်တာကနာမ်၊ အိပ်တာကရုပ်၊အိပ်ယာ
ကပြန်ထချင်တာကနာမ် ၊ထလာတာကရုပ် ၊ဒါတွေ အကုန် ရုပ်-နာမ်တွေပဲလို့ သိလိုက်ရင်“ငါ
ဆိုတဲ့ အတ္တ”အရှိန်ဝါလျှော့လာတယ် ။
အစွဲတွေလဲ လျှော့လာတယ် ၊အစွဲဆိုတာ “သက္ကာယ”ပါ ၊ငါ သူပုဂ¾ုလ်သတ္တဝါ ယောက်ကျား မိန်မ၊ငါ့တိုင်းပြည် ငါ့လူမျိုး ၊ငါ့မျိုးငါ့ဆွေ၊ငါ့သား ငါ့သ္မီး ငါ့မြေး ငါ့မြစ် ၊ငါ့ရွှ ငါ့ငွေ ငါ့ကျွဲ ငါ့နွား ၊
ငါ့လယ် ငါ့ကိုင်း ငါ့တောင် ငါ့ယာစသည်ဖြင့် စွဲယူကြတာအားလုံးသက္ကာယပါ ၊အပြင် သက္ကာ
ယပေါ့ ၊တနည်း အများနဲ့ ဆိုင်တဲ့ သက္ကာယ ၊ကိုယ်တစ်ဦးတစ်ယောက်တည်းနဲ့သာဆိုင်တဲ့
ငါ့ခန¨ာ ငါ့အသက် ငါ့ခေါင်း ငါ့ခြေ ငါ့လက် ငါကောင်းတယ် ငါတော်တယ် ငါတတ်တယ် ငါမြင့်
တယ် ငါမြတ်တယ် ငါသိတယ် ငါမြင်တယ် ဆိုတဲ့ တစ်ကိုယ်ပိုင် သက္ကယတွေကလည်းအများ
ကြီး ။
ဒါတွေအားလုံးကို ပရမတ္ထ မျက်စီနဲ့ကြည့်ရင် တကယ်အဟုတ်မရှိဘူး ၊ပညတ်မျက်စီနဲ့ကြည့်
နေကြလို့သာ တကယ်ထင်၊ အဟုတ်ထင်ပြီး  အထင်မြင်တွေမှားနေကြတာပါ ၊ဒကို “ဒိဋ္ဌိ”လို့
ခေါ်ပါတယ် ၊အမှန်ကို မြင်နိုင်စွမ်းမရှိတဲ့တရား ၊မြင်ကောင်းမြင်ပါလိမည် သို့သော် မမြင်ချင်
ယောင်ဆောင်ပေးတတ်တဲ့တရား “ဒိဋ္ဌိ”လို့မှတ်ပါ ၊ဒီတော့ သက္ကာယနှင့်ဒိဋ္ဌိ ပေါင်းလိုက်တော့
“သက္ကာယဒိဋ္ဌိ”ပေါ့ ၊ဒီသက္ကာယဒိဋ္ဌိ၏ နယ်နိမိတ်ကတော်တော်ကျယ်ပြန့်ပါတယ် ၊ငါဆိုတဲ့ အတ္တက ဦးစီးပြီး အမှားမြင် အမှားတွေး အမှားလုပ်တာမှန်သမျှအားလုံးသက္ကာယပါ ၊ဒီလိုလုပ်
တတ်ခြင်းတို့သည် ရုပ်နှင့်နာမ်ကိုကွဲကွဲပြားပြားမသိနိုင်သေးသရွေ့ ဆက်ခါဆက်ခါလုပ်နေကြ
မည်သာ ။
ရုပ်နာမ်ကိုကွဲပြီး ထိုရုပ်နာမ်တို့၏ မမြဲမှု အနိစ္စ ၊ဆင်းရဲမှု ဒုက္ခ ၊အစိုးမရမှု အနတ္တတို့၏ သဘော
ကို ထင်ထင်ရှားရှား သိလာပြီဆိုရငတော့ ၊် သက္ကာယ၏ အစွဲများမှာတဖြေးဖြေး ပြေလာလျှော့
လာတာပါပဲ၊နယ်နိမိတ်သည်လည်း ကျဉ်းလာတော့တယ် ၊သက္ကယ အရှိန်ဝါ နည်းလာလျှော့
လာတာနှင့်အမျှ စိတ်၏ ငြိမ်းချမ်းမှု ချမ်းသာမှု တည်ငြိမ်မှုတို့ကိုရလာတာပါပဲ ၊ဒီအချနိမှာမိမိကို
မိမိအလွန်နှစ်သက်တဲ့  “ပီတိ”ပီတိ(၅)မျိုးဖြစ်လာတတ်တယ် ၊ပီတိ-၅-မျိုး၏ သဘောကိုလည်း
သေချာမှတ်ပါ။---ငြိမ်းချမ်းရေးရင်ခွင်---၁၁--သို့--------အရှင် ရေဝတ M.A(PHILOSOPHY)

ငြိမ်းချမ်းရေး ရင်ခွင့်(၉)


                                                       လက်နှီးစုတ်ဖြစ်နေပြီ။

သတ္တဝါတမျိုးမျိုတို့ အသက်ကိုသတ်ဖြတ်တဲ့အခါ “ကိလေသာ”မျာစွာပါဝင်သလို

၊“သူတပါး”စည်စိမ် ခိုးယူတဲ့နေတဲ့အခါ ၊“သူတပါး”သားမယား
ကိုတို့ ပြစ်မှာတဲ့အခါ
၊“သူတပါး”တို့အားလိမ်လှည့်ပြော

ဆိုတဲ့အခါ၊“သေရည်အရက်”များကိုသောက်စားတဲ့အခါတို့မှာလည်း
အဲဒီ“ကိလေသာ”
တွေအကုန်ပါဝင်ကြပါတယ် ။ဒါတွေကိုမလုပ်ပဲနေလိုက်တော့ စိတ် မှာ
“ကိလေသာ”တွေကင်းနေတာပေါ့ ၊ကိလေသာမရှိတော့ စိတ် ဟာ
ကြည်လင် သန့်ရှင်းနေတယ် ၊ကောင်းတဲ့ အကြံစည်တွေ ၊ကောင်းတဲ့
အပြောဆိုတွေ၊ကောင်းတဲ့ အလုပ်တွေနှင့် ၊ကြက်သရည်ရှိနေတယ် ၊
မင်္ဂလာရှိနေတယ် ၊စိတ်၏ အရှိန်ဝါတွေ မြင့်မားနေတယ် ။
ဘုရားသွာ၊ ကျောင်းတက် အလုပ်များလုပ်ချင်လာတယ် ၊ဒီတော့ မိမိတို့ရဲ့
“စိတ်”မှာ “ကိလေသာ” ခဏလေးကင်းရင် ခဏလေးငြိမ်းချမ်းတယ်
အကြာကြီးကင်းရင် အကြာကြီး ငြိမ်းချမ်းတယ် ဆိုတာ လက်တွေ့ပါ ၊တခါမှ ထပ်ပြီး
ဖြစ်မလာနိုင်အောင်လုပ်နိုင်မယ်
ဆိုရင်တော့ တခါမှ  “ပူ”
တယ်ဆိုတာမရှိလောက်အောင် ငြိမ်ချမ်းနည်မှာ “သံသယ”ဖြစ်စရာမလိုတော့ဘူးပေါ့
။သောသော် “သီလ”လောက်နှင့်တော့ ကိလေသာကို
လုံးလုံးမပါယ်နိုင်ဘူး ၊ဘာကြောင့်လဲ ဆိုရင် ကိလေသာဟာ
“ဝီတက္ကမကိလေသာ+အနုသယကိလေသာ”ဆြို
ပီး နှစ်မျိုးရှိလို့ပါ၊“ဝီတက္ကမကိ
လေသာ”ဆိုတာ လူမြင်ထင်ရှားအောင် လွန်လွန် ကြူးကြူး ဖောက်ပြန်တတ်တဲ့
ကိလေသာကိုပြောတာပါ ၊ခု ဦးဇင်းပြောနေတဲ့-လောဘ-
ဒေါသစတဲ့ ကိလေသာတွေပေါ့။
ဒီကနေ့ လက်ရှိအချိန်မှာ အတော်ထင်ရှားပါတယ် ၊ဝီတက္ကမ ကိလေသာ”
ဘယ်လိုလွန်ကြူးတယ် ၊ဘယ်လိုဖောက်ပြန်တယ် ဆိုတာ၊ကံ (၅)ပါးလုံးနဲ့ လွန်ကျူး
ဖောက်ပြန်နေကြာတာပါ ၊သူ့အသက်ကို သတ်တဲ့နေရာမှာလည်း  အသားစားလို့ရတဲ့
သတ္တဝါတွေကိုအသာထား၊
ဇာတ်တူဖြစ်တဲ့ လူလူချင်းချင်းသတ်နေကြတာတွေအမျာ
းကြီးပါ ၊အဲဒီထဲမှာတခါ
ပိုပြီးထိတ်လန့်စရာကောင်းတာတွေ
က“မိဘ”နှင့် သား
သမီး+ညီနှင့်အစ်ကို+မောင်နှင့်
နှမ+ဆရာနှင့်တပည့်စသူတွေတောင်
သတ်ကြဖြတ်ကြဖြစ်နေတာတွေ မြင်တဲ့တိုင်း
ကြားတဲ့ အတိုင်းပါပဲ၊
သူတပါးဥစ္စ ခိုးတဲ့နေရာမှာလည်း၊ ရမက်လောဘဇောတွေနှင့်
မိဘ-သားသ္မီး-ညီကိုမောင်နှမ-ဆွေ
မျိုးဥာတိ-ဆရာတပည့် မရှောင်နိုင်တော့
ပဲ၊ခိုးချင်ရာခိုး-ယူချင်တာယြူ
ဖစ်နေကြပြီ။
မှာယွင်းတဲ့ ကာမေသု အကျင်ဆိုပြန်လည်း
မပြောရဲလောက်အောင်ပင်။သေရည်အရက်
သောက်စားတဲ့နေရာမှာလည်း အဖေနှင်သား+
ဦးလေး+ဦးကြီးအကန့်သက်မရှိ
တဝိုင်းတည်းသောက်-တဝိုင်းတည်းမူ
း-တဝိုင်းတည်းမှာ ရန်ဖြစ်၊ဒါတွေဟာ
လွန်လွန်ကျူးကျူး ဖြစ်နေတဲ့
“ဝီတက္ကမကိလေသာ”တွေပေါ့၊ မုသား လိမ်လည်ပြောဆိုတဲ့ နေရာမှာလည်း
မည်သူမည်ဝါရယ်လို့မဟုတ်တော့ဘူး၊
လိမ်ချင်တဲ့သူကိုလိမ်၊
လှည့်ချင်တဲ့သူကိုလှည့် နေကြတဲ့ခေတ်ပါ ၊ဒီနေရာမှ “မုသာဝါဒ” ကိုစတင်
လွန်ကျူးခဲ့သူ တစ်ယောက်အကြောင်းကို အနည်းငယ်ပြောပါ
မည်။
“မုသာဝါဒ”လိမ်ညာပြောဆိုတဲ့အလုပ်
ကို “ကမ္ဘာ”ပေါ်တွင် ပထမဆုံး
စတင်ပြောခဲ့သူမှာ“စေတိယမင်း”ကြီ
းဖြစ်ပါတယ် ၊စေတိယတိုင်းကို
အုပ်စိုးခဲ့တဲ့ မင်းကြီးပါ၊အဲဒီးတုန်းက ဒီကံကို
ဘယ်သူမှမလွန်ကျူးသေးတဲ့အချိန်ပါ
၊နန်းတွင်းမှာ ပညာရှိပုရောဟိတ် ရွေးတဲ့နေ့
စပြီးပြော
ခဲ့ပါတယ် ၊သူတို့ရဲ့ ထုံးစံအရဆိုလျှင် ဘယ်ရာထူးအတွက်မဆို လူရွေးချယ်လျှင်
ကြီးစဉ် ငယ်လိုက်ရွေးရပါတယ် ၊ဥပမာ ဝန်ကြီးနေရာက
ဝန်ကြီးတစ်ယောက် ရာထူးကနုပ်ထွက်လျှင် ၄င်းနေရာကို ထိုသူမှာ ညီရှိလျှင်
ညီကိုပေးရမည်၊ညီထဲမှာ အကြီး- အငယ်ရှိလျှင် အကြီးက
စပြီးပေးရပါတယ်၊အကြီးက လက်မခံတဲ့ခါမှ အငယ်ကိုပေးရပါတယ် ၊သားသ္မီးဆိုလည်း
သားကြီးကစပေးရပါတယ်၊ဒီအစဉ်လာကို အိန္ဒိယ
မှာ ခုထိကျင့်သုံးနေပါတယ် ။
“စေတိယ”မင်းလုပ်ပုံက ပုရောဟိတ်နေရာကနေထွက်ပြီး ရသေ့ပြုသွားတဲ့ ပုဏ္ဏားမှာ
ညီ နှင့် သားနှစ်ယောက်ကျန်ခဲ့ပါတယ် ၊အဲဒီနှစ်
ယောက်ထဲက ညီကိုပေးရမှာကိုမပေးဘဲ-သားကိုေ
ပးလိုက်ပါတယ်
၊တိုင်သူပြည်သားများက အကြီးမပေးဘဲ ဘာလို့အငယ်ကိုပေးရတာလဲ
လို့မေးတဲ့ခါ ၊“ဘုရင်”က အငယ်ကို အကြီးဆိုပြီး လိမ်လှည့်ပြောပါတယ်
၊ပြောပြီးတာနှင့် တပြိုင်နက် “ဘုရင်”ကို မြေမျိုသွားပါတယ် ၊ဒါဟာ
“မုသာဝါဒ”ရဲ့အပြစ်ပါ၊ခုချိန်မှာ
သာ
“မုသား”ပြောသူမြေမျိုစတမ်းဆို
ရင်-လောကကြီး အသံတိတ်သွားမည်ထင်ပါတယ်
-နော်-ခုလူတွေဟာ
အပြစ်လို့တောင် မထင်ကြတော့ပါဘူး၊“စေတိယ” မင်းစပြီး လွန်ကျူးခဲ့တာပေါ့၊
ခုတော့ သူမပါရင်မပြီးသလောက်ဖြစ်နေပြီ။
သူမပါ မပြပီးလို့ပြောရင်လည်း သတိတော့ထားပေါ့၊ဒီအပြစ်က ဘာမှမဟုတ်ပါဘူးလို့
လျှော့မတွက်ပါနဲ့၊“မြေ”မမျိုတာ
ကလွဲလို့ အပြစ်တွေ
မှာ သံသရာနှင့်ချီ ပြီးပေးဆပ်ရပါတယ် ၊မြေမမျိုဘူးဆိုတာလည်း
လက်နှီ်းစုတ်မှာထပ်ပြီး“အိုးမဲ
”မပေတာ့တဲ့ သဘောပါ၊လက်ရှိခေတ်က
လက်နှီးစုတ် ဖြစ်နေတော့ အိုးမဲက ဘယ်ပေတော့မလဲ၊အိုးမဲ မပေတော့ရင်လည်း
မီးလောင်ခံရမှာက သေချာပြီးသားပါ။လက်နှီးစုတ်မီး
လောင်ခံရသလို၊လွန်ကျူးသူတွေကို မြေမမျိုသော်လည် မီးကဲ့သို့ လောင်နေမှာပါ။
ဖြစ်လေရာ ဘဝမှာ ၁။စကားမပီသခြင်း-၂။သွားမညီညွတ်ြ
ခင်း-၃။ခံတွင်းပုတ်ညှီခြင်း-၄။အသားအရေမွေးခြောက်ခြင်း-၅။မျက်စိနားမကြည်
လင်ခြင်း-၆။ရုပ်အဆင်း ချို့  တဲခြင်း-၇။သြဇာ အာဏာမတည်ခြင်း-၈။နှုတ် လျှာ
ပြောဆိုမှု ကြမ်းတမ်းခြင်း-၉။စိတ်မတည် လျှပ်ပေါ်လော်
လည်ခြင်း ဆိုတဲံ အပူငွေ့များက တန်ပြန် ဟပ်နေမှာပါ ၊လွန်လွန်ကျူးကျူး
ကြံစည် ပြောဆို လုပ်ကိုင်တတ်တဲ့ “ဝီတက္ကမကိလေသာ”
ကြောင့် ရလာနိုင်တဲ့ အပြစ်တွေပါ ၊တခြားကံများကို လွန်ကျူးရင်လည်း
ဒီကံကဲသို့ ရလာနိုင်တဲ့ တန်ပြန် အပြစ်တွေအများကြီးပါ၊အပြစ်
တွေ-အညစ်ကြေတွေ မများရအောင် “သီလ”နှင့်အမြဲ
ဆေးကြောပေးပါ၊“ဝီတက္ကမကိလေသာ”ကို
ထိမ်းဖို့ “သ္မာဓိ”လည်လိုပါတယ် ၊သမာဓိ
ရအောင်လည်းလုပ်ကြရမယ်-----ငြိမ်
းချမ်းရေး  ရင်ခွင်--၉--သို့------

ငြိမ်းချမ်းရေး ရင်ခွင့်(၈)

                       လက်နှီးစုတ်ဖြစ်နေပြီ။

သတ္တဝါတစ်မျိုးမျိုတို့ အသက်ကိုသတ်ဖြတ်တဲ့အခါ “ကိလေသာ”မျာစွာပါဝင်သလို ၊“သူတပါး”စည်စိမ် ခိုးယူတဲ့နေတဲ့အခါ ၊“သူတပါး”သားမယား
ိုတို့ကို ပြစ်မှာတဲ့အခါ ၊“သူတပါး”တို့အားလိမ်လှည့်ပြောဆိုတဲ့အခါ၊“သေရည်အရက်”များကိုသောက်စားတဲ့အခါတို့မှာလည်း အဲဒီ“ကိလေသာ”
တွေအကုန်ပါဝင်ကြပါတယ် ဒါတွေကိုမလုပ်ပဲနေလိုက်တော့ စိတ် မှာ “ကိလေသာ”တွေကင်းနေတာပေါ့ ၊ကိလေသာမရှိတော့ စိတ် ဟာ
ကြည်လင် သန့်ရှင်းနေတယ် ၊ကောင်းတဲ့ အကြံစည်တွေ ၊ကောင်းတဲ့ အပြောဆိုတွေ၊ကောင်းတဲ့ အလုပ်တွေနှင့် ၊ကြက်သရည်ရှိနေတယ် ၊
မင်္ဂလာရှိနေတယ် ၊စိတ်၏ အရှိန်ဝါတွေ မြင့်မားနေတယ် ။
ဘုရားသွာ၊ ကျောင်းတက် အလုပ်များလုပ်ချင်လာတယ် ၊ဒီတော့ မိမိတို့ရဲ့ “စိတ်”မှာ “ကိလေသာ” ခဏလေးကင်းရင် ခဏလေးငြိမ်းချမ်းတယ်
အကြာကြီးကင်းရင် အကြာကြီး ငြိမ်းချမ်းတယ် ဆိုတာ လက်တွေ့ပါ ၊တခါမှ ထပ်ပြီး ဖြစ်မလာနိုင်အောင်လုပ်နိုင်မယ်ဆိုရင်တော့ တခါမှ  “ပူ”
တယ်ဆိုတာမရှိလောက်အောင် ငြိမ်ချမ်းမည်မှာ “သံသယ”ဖြစ်စရာမလိုတော့ဘူးပေါ့ သောသော် “သီလ”လောက်နှင့်တော့ ကိလေသာကို
လုံးလုံးမပါယ်နိုင်ဘူး ၊ဘာကြောင့်လဲ ဆိုရင် ကိလေသာဟာ “ဝီတက္ကမကိလေသာ+အနုသယကိလေသာ”ဆိုပြီး နှစ်မျိုးရှိလို့ပါ၊“ဝီတက္ကမကိ
လေသာ”ဆိုတာ လူမြင်ထင်ရှားအောင် လွန်လွန် ကြူးကြူး ဖောက်ပြန်တတ်တဲ့ ကိလေသာကိုပြောတာပါ ၊ခု ဦးဇင်းပြောနေတဲ့-လောဘ-
ဒေါသစတဲ့ ကိလေသာတွေပေါ့။
ဒီကနေ့ လက်ရှိအချိန်မှာ အတော်ထင်ရှားပါတယ် ၊ဝီတက္ကမ ကိလေသာ” ဘယ်လိုလွန်ကြူးတယ် ၊ဘယ်လိုဖောက်ပြန်တယ် ဆိုတာ၊ကံ (၅)ပါးလုံးနဲ့ လွန်ကျူး ဖောက်ပြန်နေကြာတာပါ ၊သူ့အသက်ကို သတ်တဲ့နေရာမှာလည်း  အသားစားလို့ရတဲ့ သတ္တဝါတွေကိုအသာထား၊
ဇာတ်တူဖြစ်တဲ့ လူလူချင်းချင်းသတ်နေကြတာတွေအများကြီးပါ ၊အဲဒီထဲမှာ ပိုပြီးထိတ်လန့်စရာကောင်းတာတွေက“မိဘ”နှင့် သား
သမီး+ညီနှင့်အစ်ကို+မောင်နှင့် နှမ+ဆရာနှင့်တပည့်စသူတွေတောင်သတ်ကြဖြတ်ကြဖြစ်နေတာတွေ မြင်တဲ့တိုင်း ကြားတဲ့ အတိုင်းပါပဲ၊
သူတပါးဥစ္စ ခိုးတဲ့နေရာမှာလည်း၊ ရမက်လောဘဇောတွေနှင့် မိဘ-သားသ္မီး-ညီကိုမောင်နှမ-ဆွေမျိုးဥာတိ-ဆရာတပည့် မရှောင်နိုင်တော့
ပဲ၊ခိုးချင်ရာခိုး-ယူချင်တာယူဖြစ်နေကြပြီ။
မှာယွင်းတဲ့ ကာမေသု အကျင်ဆိုပြန်လည်း မပြောရဲလောက်အောင်ပင်။သေရည်အရက်သောက်စားတဲ့နေရာမှာလည်း အဖေနှင်သား+
ဦးလေး+ဦးကြီးအကန့်သက်မရှိ တဝိုင်းတည်းသောက်-တဝိုင်းတည်းမူး-တဝိုင်းတည်းမှာ ရန်ဖြစ်၊ဒါတွေဟာ လွန်လွန်ကျူးကျူး ဖြစ်နေတဲ့
“ဝီတက္ကမကိလေသာ”တွေပေါ့၊ မုသား လိမ်လည်ပြောဆိုတဲ့ နေရာမှာလည်း မည်သူမည်ဝါရယ်လို့မဟုတ်တော့ဘူး၊လိမ်ချင်တဲ့သူကိုလိမ်၊
လှည့်ချင်တဲ့သူကိုလှည့် နေကြတဲ့ခေတ်ပါ ၊ဒီနေရာမှ “မုသာဝါဒ” ကိုစတင် လွန်ကျူးခဲ့သူ တစ်ယောက်အကြောင်းကို အနည်းငယ်ပြောပါ
မည်။
“မုသာဝါဒ”လိမ်ညာပြောဆိုတဲ့အလုပ်ကို “ကမ္ဘာ”ပေါ်တွင် ပထမဆုံး စတင်ပြောခဲ့သူမှာ“စေတိယမင်း”ကြီးဖြစ်ပါတယ် ၊စေတိယတိုင်းကို
အုပ်စိုးခဲ့တဲ့ မင်းကြီးပါ၊အဲဒီးတုန်းက ဒီကံကို ဘယ်သူမှမလွန်ကျူးသေးတဲ့အချိန်ပါ၊နန်းတွင်းမှာ ပညာရှိပုရောဟိတ် ရွေးတဲ့နေ့ စပြီးပြော
ခဲ့ပါတယ် ၊သူတို့ရဲ့ ထုံးစံအရဆိုလျှင် ဘယ်ရာထူးအတွက်မဆို လူရွေးချယ်လျှင် ကြီးစဉ် ငယ်လိုက်ရွေးရပါတယ် ၊ဥပမာ ဝန်ကြီးနေရာက
ဝန်ကြီးတစ်ယောက် ရာထူးကနုပ်ထွက်လျှင် ၄င်းနေရာကို ထိုသူမှာ ညီရှိလျှင် ညီကိုပေးရမည်၊ညီထဲမှာ အကြီး- အငယ်ရှိလျှင် အကြီးက
စပြီးပေးရပါတယ်၊အကြီးက လက်မခံတဲ့ခါမှ အငယ်ကိုပေးရပါတယ် ၊သားသ္မီးဆိုလည်း သားကြီးကစပေးရပါတယ်၊ဒီအစဉ်လာကို အိန္ဒိယ
မှာ ခုထိကျင့်သုံးနေပါတယ် ။
“စေတိယ”မင်းလုပ်ပုံက ပုရောဟိတ်နေရာကနေထွက်ပြီး ရသေ့ပြုသွားတဲ့ ပုဏ္ဏားမှာ ညီ နှင့် သားနှစ်ယောက်ကျန်ခဲ့ပါတယ် ၊အဲဒီနှစ်
ယောက်ထဲက ညီကိုပေးရမှာကိုမပေးဘဲ-သားကိုပေးလိုက်ပါတယ် ၊တိုင်သူပြည်သားများက အကြီးမပေးဘဲ ဘာလို့အငယ်ကိုပေးရတာလဲ
လို့မေးတဲ့ခါ ၊“ဘုရင်”က အငယ်ကို အကြီးဆိုပြီး လိမ်လှည့်ပြောပါတယ် ၊ပြောပြီးတာနှင့် တပြိုင်နက် “ဘုရင်”ကို မြေမျိုသွားပါတယ် ၊ဒါဟာ
“မုသာဝါဒ”ရဲ့အပြစ်ပါ၊ခုချိန်မှာသာ  “မုသား”ပြောသူမြေမျိုစတမ်းဆိုရင်-လောကကြီး အသံတိတ်သွားမည်ထင်ပါတယ် -နော်-ခုလူတွေဟာ
အပြစ်လို့တောင် မထင်ကြတော့ပါဘူး၊“စေတိယ” မင်းစပြီး လွန်ကျူးခဲ့တာပေါ့၊ ခုတော့ သူမပါရင်မပြီးသလောက်ဖြစ်နေပြီ။
သူမပါ မပြီးလို့ပြောရင်လည်း သတိတော့ထားပေါ့၊ဒီအပြစ်က ဘာမှမဟုတ်ပါဘူးလို့ လျှော့မတွက်ပါနဲ့၊“မြေ”မမျိုတာကလွဲလို့ အပြစ်တွေ
မှာ သံသရာနှင့်ချီ ပြီးပေးဆပ်ရပါတယ် ၊မြေမမျိုဘူးဆိုတာလည်း လက်နှီ်းစုတ်မှာထပ်ပြီး“အိုးမဲ”မပေတာ့တဲ့ သဘောပါ၊လက်ရှိခေတ်က
လက်နှီးစုတ် ဖြစ်နေတော့ အိုးမဲက ဘယ်ပေတော့မလဲ၊အိုးမဲ မပေတော့ရင်လည်း မီးလောင်ခံရမှာက သေချာပြီးသားပါ။လက်နှီးစုတ်မီး
လောင်ခံရသလို၊လွန်ကျူးသူတွေကို မြေမမျိုသော်လည် မီးကဲ့သို့ လောင်နေမှာပါ။
ဖြစ်လေရာ ဘဝမှာ ၁။စကားမပီသခြင်း-၂။သွားမညီညွတ်ခြင်း-၃။ခံတွင်းပုတ်ညှီခြင်း-၄။အသားအရေမွေးခြောက်ခြင်း-၅။မျက်စိနားမကြည်
လင်ခြင်း-၆။ရုပ်အဆင်း ချို့  တဲခြင်း-၇။သြဇာ အာဏာမတည်ခြင်း-၈။နှုတ် လျှာ ပြောဆိုမှု ကြမ်းတမ်းခြင်း-၉။စိတ်မတည် လျှပ်ပေါ်လော်
လည်ခြင်း ဆိုတဲံ အပူငွေ့များက တန်ပြန် ဟပ်နေမှာပါ ၊လွန်လွန်ကျူးကျူး ကြံစည် ပြောဆို လုပ်ကိုင်တတ်တဲ့ “ဝီတက္ကမကိလေသာ”
ကြောင့် ရလာနိုင်တဲ့ အပြစ်တွေပါ ၊တခြားကံများကို လွန်ကျူးရင်လည်း ဒီကံကဲသို့ ရလာနိုင်တဲ့ တန်ပြန် အပြစ်တွေအများကြီးပါ၊အပြစ်
တွေ-အညစ်ကြေတွေ မများရအောင် “သီလ”နှင့်အမြဲ ဆေးကြောပေးပါ၊“ဝီတက္ကမကိလေသာ”ကိုထိမ်းဖို့ “သ္မာဓိ”လည်လိုပါတယ် ၊သမာဓိ
ရအောင်လည်းလုပ်ကြရမယ်-----ငြိမ်းချမ်းရေး  ရင်ခွင်--၉--သို့------အရှင်ရေဝတ ---M.A(PHILOSOPHY)