Friday, 27 July 2012

ငြိမ်းချမ်းရေး ရင်ခွင့်(၂၃)

          ရူးခဲ့ဖူးတယ် ။
တချို့ ဆို ရူးတောင်သွားတယ် ၊ဇာတ်တော်ထဲက သိဝီမင်းကြီးဆို ဥမ္မာဒန္တီရဲ့ အလှပကိုမြင်တာ
နှင့် တခါတည်း ရူးသွားတယ် ၊အခြားမင်းကြီး တစ်ပါးလည်း သုဇာတာ အမျိုးသ္မီးကိုတွေ့တာနှင့်
သည်းခြေတွေပျက်ပြီး အရူးစာရင်းဝင်သွားရှာတယ်၊အစွဲလမ်း ဥပါဒန် ကြီးလွန်းလို့ ရူးခဲ့ဖူးသူ
တွေပါ ၊ဒီကနေ့ခေတ်ဆို ရူးရုံမက သေတောင်သေကြသေးတယ် ၊ဦးဇင်း မန္တလေး စာသင်တုန်း
က ဆွမ်းတကာမကြီးရဲ့ သ္မီးတစ်ယောက် သူ့ချစ်သူကို မိဘတွေသဘောမတူလို့ ခွဲးပစ်လိုက်တဲ့
အတွက် အဆိပ်စားပြီး သေသွားတယ် ။

ဒါကြောင့် အာယတန တခုနှင့် တခုတို့ ထိခိုက် ပေါင်းဆုံမိကြပြီဆိုရင် အကျိုးဆက်အဖြစ်ပေါ်
လာတဲ့ အစွဲ များကို ထိမ်းချုပ်နိုင်ဖို့ စိတ်စွမ်းအင် စိတ်စည်းကမ်း သ္မာဓိ နှင့် ဟုတ် မဟုတ် မှန်
မမှန် ရှိ မရှိကိုတို့ကို ယထာဘူတကျကျ ရှု့မြင်နိုင်စွမ်းသော ပညာ ရှိဖို့ သိပ်အရေးကြီးပါတယ်
တခြားအာယတနတို့ ပေါင်းဆုံမိရင်လည်း ဒီအတိုင်းပါဘဲ ၊သောတပသာဒ အကြည်ဓာတ်လေး
နှင့် အပြင်က သဒ္ဒါရုံ အသံတို့ တိုက်ဆိုင်မိတော့လည်း ကောင်းတယ် မကောင်း လိုက်ပြီးတော့
စွဲ ။
ဃာနပသာဒ နှာခေါင်း အကြည်ဓာတ်ကလေး မှာ အပြင်က ဂန္ထ အနံ့သက်တခုခုလာထိပြန်
လည်း မွှေးတယ် မမွှေးဆိုပြီး စွဲ၊ ဇီဝှါပသာဒ လျှာအကြည်ဓာတ်မှာ အပြင်က ရသ အစာအဟာ
ရတခုခုထိမိရင်လည်း ကောင်းလိုက်တာ အရသာရှိလိုက်တာစသည်ဖြင့် စွဲ၊လူသားစားတဲ့ပေါရိ
သာဓ သည်လည်း ဒီရသာရုံ၏ အစွဲကို မဖြုတ်နိုင်ခဲ့လို့ လူသားစားဆိုတဲ့ နာမည်ဆိုးနဲ့ ဘဝတွေ
ပျက်ခဲံရတာပါ ၊စွတ်စိုနေတဲ့ မိမိတို့၏ ကိုယ် ခန္ဒာ ကာယပသာဒ ကိုယ်အကြည်ဓာတ်မှာ အပြင်
က ဖောတဗ္မာရုံ ထိတွေ့စရာ တခုခုကလာပြီး ထိတွေ့တဲ့အခါမှာလည်း ကောင်းတယ် မကောင်း
ခွဲပြီး ထိတွေ့မှုရဲ့ အရသာကို စွဲပြန်တယ် ။

မနာယတန စိတ်အကြည်ဓာတ်မှာ အပြင်က ဓမ္မယတန ဓမ္မာရုံ တွေးစရာ ကြံစရာ တခုခုနှင့်
တွေ့လာတော့လည်း ငါ့ အကြံ ငါ့အတွေး ငါ့အမြင်နှင့် စွဲလာတယ် ၊အကုန် အစွဲတွေချည်းဖြစ်
လာတော့တယ် ၊လောကလို့ခေါ်တဲ့ လူ နတ် ဗြဟ္မာတို့၏ အတွင်းသန္တန်မှာရှိသော အာယတန
များက အပြင်မှာရှိတဲ့ အာယတနတွေကို စွဲနေတာပါ ၊အတွင်း အာယတန(၆)ပါးက အပြင် အာ
ယတန(၆)ပါးကိုစွဲယူထားတယ် ၊ဒါကြောင့် ဘီလူးကြီင်္းမေးတဲ့ လောက ကဘာကိုစွဲယူထားသ
လဲ? ဆိုတဲ့တတိယမေးခွနးကို ဘုရားရှင် က အာယတနတွေကိုစွဲတာဘဲလို့ ဖြေလိုက်တာပါ ၊
စတုတ္ထမေးခွန်းကတော့ ----
လောကကြီး ဘာကြောင့်ဆင်းရဲနေတာလဲ ၊ဘာကြောင့်ပူလောင်နေတာလဲ ၊ဘာကြောင့် တုန်
လှုပ် ချောက်ချားနေတာလဲ၊ဘာကြောင့်မောပန်းနေတာလဲ ၊ဘာကြောင့်ညဉ်းညူနေတာလဲ?
ဒါကိုလည်း ဘုရားရှင်က အာယတနတွေကြောင့် လောကကြီး ပူလောင်နေတယ် ၊တုန်လှုပ်နေ
တယ် ၊မောပန်းနေတယ် ၊ညဉ်းညူနေတယ်လို့သာ ဖြေပါတယ် ၊ဒီတော့ လောကဆိုတာ လူ နတ် ဗြဟ္မာ(၃)မျိုးကိုခေါ်တာပါ ၊ဒီ(၃)မျိုးထဲက မိမိတို့အပါဝင် လူ့လောကကိုသာကြည့်ပါ လူ
တွေဟာ ဘယ်ထိဆင်းရဲနေပြီလဲ ။---ငြိမ်းချမ်းရေးရင်ခွင်(၂၄)--သို့-----အရှင် ရေဝတ(M.A)

ငြိမ်းချမ်းရေး ရင်ခွင့်(၂၂)

       မတွေ့ရ မနေနိုင်အောင် ။
အာယတန”တွေဖြစ်လို့ လောကဖြစ်လာတယ်လို့ ဘုရားရှင်က ဖြေပါတယ် ၊လူတိုင်းလူတိုင်း
သက်ရှိတိုင်း သက်ရှိတိုင်း တို့၏ ကိုယ်မှာရှိတဲ့တရားပါ ၊အရေတွက်အနေနှင့်ပြောရရင်(၁၂)ပါ
တောင်ရှိပါတယ် ၊“စက္ခာယတန-သောတာယတန-ဃာနာယတန-ဇီဝှါယတန-ကာယာယတန-
မနာယတန”(၆)ပါး ဒီအာယတန(၆)ပါးသည် လူတို့၏ ကိုယ်အတွင်းမှာ ရှိတဲ့တရားတွေမို့လို့ အတွင်း အာယတန လို့ခေါ်ပါတယ် ၊စက္ခာယတန-မျက်စိ-သောတာယတန-နား-ဃာနာယတ
န-နှာခေါင်း-ဇီဝှါယတန-လျှာ -ကာယာယတန-ကာယ- မနာယတန-စိတ်။
 မျက်စိဆိုသော်လည်း နဂိုပကတိရှိနေတဲ့ မျက်စိ မျက်လုံးကိုပြောတာမဟုတ်ပါဘူး၊၄င်းမျက်လုံး
ထဲမှာ နှမ်းစေ့ပမာဏ ရှိတဲ့ ပသာဒ အကြည်ဓာတ်ကလေးကိုသာ စက္ခာယတနလို့ခေါ်တာပါ
တခြား အာယတနများမှာလည်း ဒီအတိုင်းမှတ်ပါ ၊သောသော် ကာယာယတနမှာတော့ နည်းနည်းထူးပါတယ် ကာယပသာဒဟာ ခြောက်သွေးတဲ့နေရာများဖြစ်တဲ့ ခြေသည်း လက်သည်း ဆံပင် စသည့်အင်္ဂါ ဆစ်ပိုင်းတွေမှာမရှိပါ ၊စိုတဲ့နေရာလောက်မှာသာ ကာယပသာ
ဒရှိပါတယ် ။
ဒီတရားများဟာ ကလလရည်ကြည် သနေ¨တည်ကတည်းက ရှိနှင်းနေတဲ့တရားတွေပါ၊ဒီအ
တွင်း အာယတန(၆)ပါးဖြစ်လို့ လောကဖြစ်လာတယ်၊လောကဖြစ်လို့ အာယတနတွေဖြစ်လာ
တာမဟုတ်ပါဘူး ၊ဘုရားရှင်က“ဆသုဓမ္မေသုအာယတနေသုလောကောသမုပန္နော”(၆)ပါး
သောအာယတနတွေဖြစ်လို့ လောကဖြစ်တာလို့ ပထမမေးခွန်းကို ဖြေလိုက်ပါတယ် ၊ဘီလူး
ကြီးက ဒုတိယထပ်ပြီးမေးပါတယ် လူတွေက ဘာကြောင့် လောကလောက ခေါ်နေပြောနေ
ကြတာပါလဲ? ။
လူတွေပြောပြောနေတဲ့ လောကလောကဆိုတာလည်း ဒီအာယတန(၆)ပါးဘဲ ၊တည်မြဲမှုမရှိ
အမြဲ ဖြစ်တတ် ပျက်တတ်တဲ့သဘောကြောင့် “လုဇတိပလုဇတီတိလောကော”လို့ ဘုရားရှင်
ဖြေပါတယ် ။
တတိယဆက်ပြီးမေးပါတယ် လောကက ဘာကိုစွဲယူထားပါသလဲ? ၊ ဘုရားရှင်ကတော့ ဒီအာ
ယတနကိုဘဲ စွဲယူထားတယ်လို့ ဖြေပါတယ်၊စွဲယူထားတယ်ဆိုတဲ့ စကားကိုနားလည်ဖို့ လော
က(၃)ပါးကိုကြည့်ပါ လောကသည် လူ့လောက နတ်လောက ဗြဟ္မာ လောက-၃-မျိုးရှိပါတယ်
အဲဒီ လောက ၃ ပါးမှာရှိတဲ့ လူတွေ နတ်တွေဗြဟ္မာတွေ ကဘာတွေကို စွဲနေကြတာလဲ ဘာ
တွေကို ခင်တွယ်နေကြတာလဲလို့မေးတာပါ ၊ဘုရားရှင်အဖြေက အာယတနတွေကိုဘဲ စွဲတယ်၊
ခင်တယ်လို့ဖြေပါတယ် ။စွဲပုံစွဲနည်းနားလည်အောင် အပြင်အာယတန(၆)ပါးကိုကြည့်ပါ“ရူပါယ
တန-ရုပ်အဆင့်ရူပါရုံ-သဒ္ဒါယတန-အသံသဒ္ဒါရုံ-ဂန္ထာယတန-အနံ့ဂန္ထာရုံ-ဖောတဗ္မာယတန-ထိတွေ့မှုဖောတဗ္မာရုံ-ဓမ္မာယတန-အသိအမြင်အကြားအကြံစည်စသောဓမ္မာရုံဆိုပြီး အပြင်အာ
ယတန(၆)ပါးရှိပါတယ် ။
ဒီတော့ အတွင်း အာယတနနှင့် အပြင်အာယတနတို့ ထိခိုက် တိုက်ဆိုင်လာတဲ့အခါ အစွဲတွေ
ပေါ်လာတော့တာပါဘဲ၊အတွင်း အာယတန စက္ခု မျက်စိ အကြည်ဓာတ်ကလေးနှင့် အပြင်အာ
ယတနရုပ်အဆင့် ရူပါရုံတို့ ထိခိုက်တွေ့ဆုံလိုက်မိရင် လှတယ် ချောတယ် တင့်တည်တယ် ထည်ဝါတယ် ခန့်ငြားတယ်စသည်ဖြင့် မြင်လာတတ်တယ် ၊လှတာမြင်တော့လိုချင်တယ်၊ တက်
မက်တယ် ခင်တွယ်တယ် ၊အနားမှာအမြဲထားချင်တယ် ၊အနားမှာအမြဲနေချင်တယ် မတွေ့ရ မမြင်ရရင်မနေနိုင်လောက်အောင်ထိဖြစ်လာတတ်တယ် ။
                                    ငြိမ်းချမ်းရေးရင်ခွင်(၂၃)---သို့---အရှင် ရေဝတ(M.A)

ငြိမ်းချမ်းရေး ရင်ခွင့်(၂၁)

                       မျက်ကန်းတစ်ယောက်၏ခြေလှမ်းများ။
ဆက်ပြီးလည်း ငိုရ လွမ်းရ ဆွေးကြရအုံ့မှာပါ ၊အမှားကို အမှန်ထင်-
မမြဲတာကို မြဲတယ်ထင်-အစိုးမရတာကို အစိုးရတယ်ထင် -ဆင်းရဲတာကို ချမ်းသာထင် -ကိုယ်
မပိုင်တာကို ပိုင်တယ်ထင်-ရွံစရာကောင်းတာကို ချစ်စရာကောင်းတယ်”လို့ထင်နေသရွေ့ အရူး
ကြီးလိုဖြစ်နေကြရမယ် ၊တနည်းအားဖြင့် ပညာ မျက်စိမရှိလို့ပါ ဒါကို ဘုရားရှင်က“အန္ဒ” မျက်စိကန်းနေတဲ့လူတွေလို့
ဟောခဲ့ပါတယ် ၊မျက်မမြင်သူတစ်ယောက်၏ ခြေလှမ်းများမှာ ဘယ်ကိုရယ်လို့ ဦးတည်ချက်မရှိ
နိုင်သလို ၊ပညာ မျက်စိမရှိသူတို့မှာလည်း သွားရမဲ့ ဘဝခရီးလမ်းသည် ဦးတည်ရာမဲ့နေတတ်ပါ
တယ် ။
မျက်မမြင်တစ်ယောက်သည် လမ်းလျှောက်ရင်း ချိုင့်ထဲကျရင်လည်းကျမယ်၊ ဆူးငြောင့်တို့ကို
နင်းရင်နင်းမိမယ် ၊သစ်ပင်များကို ဝင်တိုင်ရင်လည်းတိုက်မိမယ် ၊တောင်ပို့ကိုခလှုပ်တိုက်ချင် တိုက်မယ် ၊
သူသွားရမဲ့ ခရီးတစ်လျှောက်လုံးသည် သူ့အတွက်အန္တရာယ်တွေဘဲ ဖြစ်နေတော့တယ် ၊ထို့
အတူ ပညာမျက်စိမရှိတဲ့ လူ“အန္ဒ” ပညာမျက်ကန်းတို့သည်လည် “ငရဲရောက်ချင်ရောက်မယ် ၊
ပိတ္တာဖြစ်ချင်ဖြစ်မယ် ၊အသူရကယ်ဖြစ်ချင်ဖြစ်မယ် ၊တိရစ္ဆန်ဖြစ်ချင်ဖြစ်မယ် စသောအန္တရာယ်
တွေအများကြီးပါ ။
အရင်းစစ်တော့ အမြစ်မေမြမှာဆိုသလို ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းများကိုကြည့်လျှင် ပညတ်
မျက်စိ ၊မုတိမျက်စိတွေနှင့် သမုတိသစ္စာလောက်ကိုသာကြည့်နေ မြင်နေကြလို့ပါ ၊လူတိုင်းလူ
တိုင်းတို့ ဘဝ မငြိမ်းချမ်းနိုင်မှု အားလုံးသည် မဟုတ်တာကို အဟုတ်ထင်နေကြလို့ပါ ၊အရာရာ
ကို အရှိသဘောနှင့်တွေးနေ မြင်နေသမျှ “ဘဝ” ငြိမ်းချမ်းရေးကိုလုံးဝမရနိုင်ပါ ၊ဘဝ၏ လုံခြုံ
ရေး ငြိမ်းချမ်းရေးသည် မရှိသဘော၌သာတွေ့နိုင် မြင်နိုင် ရယူနိုင်သောအရာဖြစ်ပါတယ်၊ဤသ
ဘောကို ပညာ မျက်စိနှင့် ကြည့်ရပါတယ် ။
ပညာမျက်စိ ပရမတ်မျက်စိနှင့် “ပရမတ္ထသစ္စာ”ကို မြင်အောင် ကြည့်တတ် မြင်တတ်မှ မိမိတို့
ဘဝ ငြိမ်းချမ်းကြမှာပါ ၊မိမိကိုယ်တိုင် ငြိမ်းချမ်းမှ ပတ်ဝန်းကျင် ငြိမ်းချမ်းမည် ပတ်ဝန်းကျင်ငြိမ်း
ချမ်းမှ မြို့ ရွာငြိမ်းချမ်းနည် မြို့ ရွာငြိမ်းချမ်းမှ နိုင်ငံငြိမ်းချမ်းမည် နိုင်ငံငြိမ်းချမ်းမှ ကမ္ဘာငြိမ်းချမ်းမ
ည် ၊ပထမဆုံးကတော့ မိမိကိုယ်ကိုမိမိငြိမ်းချမ်းအောင်လုပ်ဖို့ အဓိကပါ ၊ပညာမျက်စိဆိုသည်မှာ
အရှိသဘော ပညတ်ကိုကျော်လွန်ပြီး မရှိသဘော ပရမတ်ကိုမြင်အောင်ကြည့်တတ်တဲ့“လော
ကုတ္တရာ”ပညာပါ ။
ဘုရားရှင် ဓမ္မစက္ကသုတ်ကိုဟောနေချိန် တခုသော ညနေချမ်းမှာ “ဟေမဝတဘီလူး နှင့် အိန္ဒိ
ယဘီ လူး”တို့ ရောက်ရှိလာပြီး ဟေမဝတဘီလူးက ဘုရားရှင်အား မေးခွန်းတွေ မေးပါတယ်
၁။ အရှင် ဘုရား လောကဟာဘာကြောင့် ဖြစ်ပေါ်လာတာလဲ?
၂။ဘာကြောင့်လူတွေက လောက လောကဟူ၍ခေါ် နေကြတာလဲ?
၃။လောကက ဘာတွေကိုစွဲယူထားပါသလဲ?
၎။လောကဘာကြောင့်ဆင်းရဲနေတာလဲ၊ ဘာကြောင့်ပင်ပန်းနေတာလဲ ၊ဘာကြောင့် ညဉ်းညူ
နေတာလဲ ၊ဘာကြောင့်တုန်ရီနေတာလဲ ၊ဘာကြောင့် ပူဟစ်နေတာလဲ?
ဆိုပြီး အမေး(၄)ချက် ပြဿနာ(၄)ခုကိုလာပြီးမေးပါတယ် ၊စာဖတ်သူတို့လည်းသေချာမှတ်
ထားကြပါ ၊လောက ဘာကြောင့်ဖြစ်တာလဲ ၊ဘာကြောင့်လောက ဖြစ်လာတာလဲဆိုတဲ့ ပထမ
ဆုံ မေးခွန်းကို ဒီလိုဖြေပါတယ် ----ငြိမ်းချမ်းရေးရင်ခွင်--(၂၂)--သို့---အရှင်ရေ၀တ (M.A)

Thursday, 26 July 2012

ငြိမ်းချမ်းရေး ရင်ခွင့်(၂၀)


                                          ငိုခဲ့ရ ဖူးပါတယ် ။
ဘုရားလောင်း ငုငှက်က လောကကြီးတခုလုံး မျက်ကန်းဖြစ်ကုန်ပြီ
လို့ပြောခဲ့တဲ့နေရာမှာ မျက်
စိ(၂)မျိုးရှိပါတယ် ၊သမုတိမျက်စိနှင့် ပရမတ်မျက်စိပေါ့
၊သမုတိမျက်စိဆိုတာလူတိုင်းမှာရှ

ိနေ
တဲ့မျက်စိ ၊ပရမတ်မျက်စိဆိုတာ လူတိုင်းမှာမရှိနိုင်တဲ့မျက်စိ ပညာမျက်စိ
၊ထို ပညာမျက်စိမရှိ
တဲ့လူသည် မျက်ကန်းနှင့်တူတယ် ၊ဒါကိုရည်ရွယ်ပြီး ဘုရားလောင်း ငုငှက်ကဟောခဲ့တာပါ၊
ပညာသည်လည်း လောကီးပညာ လောကုတ္တရာပညာ(၂)မျိုးရှိပါတယ် ၊လောကီးပညာကို
အဝိဇ္စာက ချုပ်ကိုင်ထားပါတယ် ။

အဝိဇ္စာကချုပ်ကိုင်ထားတဲ့အတွက် ၄င်း လောကီ ပညာ များမှာ တတ်လာ တိုးတက်လာသည်

နှင့် အမျှ အဝိဇ္စာကိုပြန်ပြီး ကျေးဇူးဆပ်ရမည်ဖြစ်၏ ထိုအခါ အဝိဇ္စာဖြစ်သော
“မောဟ”မှာပို၍
ပို၍ ထောင်လွှား မောက်မာ လာတတ်ပါတယ် ၊ယင်းသို့ ထောင်လွှားလာလေ စိတ်ကလည်း ပူ
လောင်လာလေ၊စိတ် ပူလောင်မှုသဘောကို သေက လို့ခေါ်ပါတယ် သောကဖြစ်ရင် ပရိဒေဝ
လည်းဖြစ်လာတယ် ၊ပရိဒေဝဖြစ်တော့ ဒုက္ခ ဒေါမနဿ တွေပါဖြစ်လာတော့တယ် ၊ဒီတော့ခါ
စိတ်ချမ်းသာမှု စိတ်အေးချမ်းမှု တို့ကိုမရနိုင်တော့ဘူး ။
စိတ်မချမ်းသာမှု ၊စိတ်ဆင်းရဲမှုကို “စေတသိကဒုက္ခ”လို့ခေါ်ပါတယ် ၊ကမ္ဘာပေါ် လူတော်တော်
များများမှာ ဒီစေတသိက ဒုက္ခတွေနှင့် နဗန်းလုံးနေကြရပါတယ် ၊ဒါဟာ ရုပ်ပိုင်း
ဆိုင်ရာအမြင်
အာရုံများနှင့် ထိုအာရုံများကို ခံစားလိုမှုတို့အပေါ် ဦးတည်ပြီး ကြည့်တတ်
မြင်တတ် ရှာတတ် နယ်ချဲ့တတ်တဲ့ သမုတိပညာတို့ကြောင်းပါ ၊ ဒီပညာလောက်နဲ့သာ
လုပ်တတ် ကိုင်တတ် ရှု့မြင်
တတ်တဲ့ လူများကိုဘုရားရှင်က ပုထုဇဉ် လို့ဟောခဲ့ပါတယ်
၊“ပုထုဇ္ဖနောဥမ္မတ္တကော” ပုထုဇဉ်မှန်သမျှအကုန်အရူးတွေချ
ည်းပါ ။
အရူးတွေပဲ ဆိုတဲ့ ဘုရားရှင်ရဲ့စကားတော်အရ ရူးနေပုံများကိုတော့
ကိုယ်စီကိုယ်စီသိကြမှာပါ
ဦးဇင်းကိုယ်တိုင်ကလည်း ရူးနေဆဲ့ပါ ၊ငါကဘယ်လိုရူးတယ် သူကဘယ်ပုံရူးတယ်၊ စတာတွေ
ကိုတော့ မိမိကိုမိမိသုံးသပ်ကြည့်ရင်သိနိ
ုင်ပါတယ် ၊ရူးပုံ
ဖောက်ပြန်ပုံချင်း မတူသော်လည်း လက္ခဏာချင်းတော့ တူမယ်ထင်ပါတယ် ၊အရူးတိုင်း
အရူးတိုင်းသည်“အမှားကို အမှန်ထင်-
မမြဲတာကို မြဲတယ်ထင်-အစိုးမရတာကို အစိုးရတယ်ထင် -ဆင်းရဲတာကို ချမ်းသာထင် -ကိုယ်
မပိုင်တာကို ပိုင်တယ်ထင်-ရွံစရာကောင်းတာကို ချစ်စရာကောင်းတယ်”လို့ထင်တတ်တဲ့
လက္ခ
ဏာ များ မှာ အတူတူတွေပါ ။
ဟိုတုန်း ရွာသူကြီးသား အရူးတစ်ယောက် ညနေစောင့်အချိန် အင်းဂျီအိပ်ကပ်ထဲ အသပြာ
၁၀၀ ထည့်ပြီး ၊ရွာပြင်က တောစပ်နား တောဘဲရိုင်းတွေ အစာရှာစားနေတဲ့ ရေကန်ကြီးဖက်
ထွက်လာပြီး ကန်ရိုးပေါ်မှာထိုင်နေပါတယ် ၊တခြားရွာက ဘိန်းစားကြီးတစ်ယောက်လည်း
ဘိန်းစားဖို့ အသပြာဘယ်လိုရှာရမလဲ စဉ်းစားယင်း လမ်းလျှောက်လာတာ အဲဒီရေကန်ကြီး
နား ရောက်လာပါတယ် ၊ကန်ရိုးပေါ်တက် ဟိုကြည့် သည်ကြည့် ကြည့်လိုက်တော့ ထိုင်နေတဲ့
အရူးကိုသွားတွေ့တယ် ။
အရူးကလည်း ရွာသူကြီးသာဆိုတော့ သန့်သန့် ပြန့်ပြန့်နဲ့ လန်းနေတာပေါ့ ၊ဘိန်းစားကအကြံရ
တယ် ၊ဟုတ်ပြီ ဒီကောင် လန်းတယ်ဆိုပြီး အနားသွားစကားပြောတယ် “ဟဲ အဆွေ ခင်များကို
ကြည့်ရတာ ရေကန်ထဲက ဘဲတွေကို သဘောကျနေသလိုဘဲ ဒါတွေက ကျုပ်မွေးထားတဲ့
ဘဲတွေဗျ ခင်များယူမှလား ယူမယ်ဆိုရင် ကျုပ်ကို အသပြာ(၂၀၀)ပေး
အကုန်ရောင်းမယ် ၊
အရူးက အဟုတ်ထင်ပြီး (၂၀၀)တော့မပါဘူးဗျ (၁၀၀)ဘဲပါတယ် ဒီ (၁၀၀)နဲ့ရောင်းနိုင်မလား
ပေါ့ ။
ရပါတယ် ခင်များလိုချင်ရင် ရောင်းရမှာပေါ့ ဆိုပြီး
အသပြာ(၁၀၀)ကိုယူသွားပါလေရော ၊ ဒါကို
အရူးကြီးက တကယ်ထင် အဟုတ်ထင်ပြီး အသပြာ(၁၀၀)နဲ့ ဘဲတွေ အများကြီးရထားလိုက်
တယ်ပေါ့ ၊ငါ့ဘဲတွေ လှလိုက်တာ ၊ငါဘဲသူဌေးဖြစ်ပြီ ၊ဟေ ဘဲတွေ အစာဝအောင်စားကြ ၊နင်
တို့ လှလို့ ဝလို့ဖြစ်နေမှာ ငါပြန်ရောင်းတဲ့အခါ ဈေးကောင်းကောင်းရမယ်
၊တဆမှာ နှစ်ဆမြတ်
မယ် ၊နင်တို့ ဒီရေကန်မှာဘဲ အမြဲနေရမယ် ဘယ်မှမသွားရဘူး ၊ငါနဲ့အတုတုနေရမယ် စသော
အတွေးများစွာ မျှော်လင့်ချက်များစွာနဲ့ ။
ပျော်နေချိန် မိုးလည်းချုပ်ရော ဘဲတွေအကုန်ထပျံသွားကြတယ် ၊တစ်ကောင်မှမရလိုက်ဘူး ၊အ
ရူးကြီး ခများ ငိုပြီးကျန်ရစ်ရှာတယ် ၊မဟုတ်တာကို အဟုတ်ထင်ခဲ့မိတဲ့
ရလဒ်တွေပေါ့ ၊မိမိတို့
လည်း အဲလို ထင်ခဲ့မှုတွေကြောင့် ငိုခဲ့ရပေါင်းတွေလည်း မနည်းလောက်တော့ဘူးထင်ပါတယ်
ဆက်ပြီးလည်း-----ငြိမ်းချမ်းရေး
ရင်ခွင်---(၂၁)----သို့------

ငြိမ်းချမ်းရေး ရင်ခွင့်(၁၉)

   လောကကြီးမျက်ကန်းဖြစ်နေပြီ။
ခလှုပ်တိုက်လဲတော့ ပါလာတဲ့ သပိတ် ယပ် တောင်ဝှေး ရေပုံတွေ ဟိုတစ်ခုသည်တခုပြန့်ကြဲ
ကုန်တယ် ၊ဖြုတ်ချည်ရုတ်ချည်ပြန်သိမ်း၊ ကယောင်ချောက်ချားနဲ့ပေါ့ အဲကနေ တရားထိုင်
မဲနေရာရောက်တော့ တရားအစရှာမရတော့ဘူး ဒါနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီးတခုကောက်ဆိုလိုက်
တာ“ ဥဒကဗက” ဖြစ်သွားတယ်  အမှန်က ဒယဗ္ဗယဖြစ်ပျက်ကို ဥဒကဗကလုပ်လိုက်တော့
“ရေဗျိုင်း”ဖြစ်သွားတာပေါ့ ၊တဝါတွင်းလုံး ရေဗျိုင်း ရေဗျိုင်းနဲ့ တရားမှတ်လိုက်တာ ဝါသာကျွတ်
သွားတယ် ဘာမှရမလာဘူး ။
ဒါကြောင်း ဥဒကဗကမဖြစ်စေနဲ့ ဒယဗ္ဗယ လုပ်ပါ ၊ရုပ်နာမ်တို့ဖြစ်ပျက်ကိုရှူ့ပါများလာရင် ဖြစ်
တာကိုမမြင်တော့ဘဲ ပျက်တာကိုဘဲ မြင်လာလိမယ် မာတဲရုပ်လည်း ပျက် တင်းတဲ့ရုပ်လည်း
ပျက် ထုံတဲ့ရုပ်လည်းပျက် ပူတဲ့ရုပ်လည်းပျိက် အေးတဲ့ရုပ်လည်းပျက် တွန်းတဲ့ရုပ်လည်းပျက်
လှုပ်တဲ့ရုပ်လည်းပျက် အကုန်အပျက်တွေချည်းတွေ့လာလိမယ် ၊ဒီ ဒယဗ္ဗယဥာဏ်နှင့်ရှူ့ယင်း
ရှူ့ယင်းအပျက်တွေကိုဘဲတွေ့တွေ့နေတော့ ကြောက်စိတ်တွေဖြစ်လာတယ် ငါသူဆိုတဲ့အတ္တ
တွေနဲ့စွဲပြီး ။
သက္ကာယ၏ကျေးကျွန်ဖြစ်နေရတာကိုမြင်လာတယ် မြင်လာလေ ကြောက်လေမြင်လာလေ
ကြောက်လေဖြစ်လာတယ် ၊ဒါကို ဘယဥာဏ် လို့မှတ်ပါ ၊ဘယဥာဏ်နှင့် ရှူ့တိုင်းရှူ့တိုင်း
ကောင်းတယ် အစိုးရတယ် ပိုင်တယ်ဆိုတာတခုမှမတွေ့ဘူး ခွေးသေကောင်းပုတ်ကိုပွေ့ထား
ရတဲ့လူလိုကြာလေ စွန့်ပစ်ချင်လာလေ မနစ်ခြိုက်လာလေ အရာရာကို ငါဟုပိုင်စိုးထားတဲ့အတ္တ
ရဲ့ နယ်နိမိတ်အတွင်းနေရမှာကို ငြီးငွေ့လာတယ် ၊ထွက်ပြေးချင်ပေါက်လာတယ် အဟုတ်ထင်ခဲ့
သမျှ သဲပုံရေကျထင်လာတယ် ဒါကို“အာဒီနဝဥာဏ်”လို့မှတ်ပါ ။
လှောင်အိမ်ထဲ အချုပ်နှောင်ခံနေရတဲ့ ငှက်ကလေးတစ်ကောင်သည် ၊အချိန်နှင့်အမျှထွက်
မြောက်ရာ လွတ်မြောက်ရာလမ်စကိုရှာဖွေနေသကဲသို့ အနားသို့လာလာသမျှ လူအားလုံး
တခြားသတ္တဝါအားလုံးတို့ကိုလည်း သူ၏ရန်သူတွေဘဲလို့ တွက်ဆ ရှု့မြင်နေသကဲသို့ ထို
အာဒီနဝဥာဏ်နှင့် မှတ်ရှု့နေသူမှာလည်း မိမိတို့ကျင်လည်နေရတဲ့(၃၁)ဘုံကို လှောင်အိမ်ကြီး
လိုမြင်လာတယ် ရူပ သဒ္ဒ ဂန္ထ ရသ ဖောတဗ္ဗစသော အာရုံများကို ရန်သူလို အဆိပ်သီး အဆိပ်
ရည်လိုမြင်လာတယ် ဒီနေရာကအမြန်ဆုံးပြေးထွက်ချင်တဲ့ “မုစ္ဆီတုကမျတာဥာဏ်”ဖြစ်လာ
တော့တယ် ။
တခုဘဝမှာ ဘုရားလောင်းသည် ငုငှက်လေးဖြစ်ခဲ့ပါတယ် ၊တနေ့သောခါ ဘုရားလောင်းငုငှက်
နှင့်အတူ တခြားသော ငှက်တွေပါ ပိုက်ကွန်မိပြီး မုဆိုးလက်ထဲပါသွားပါတယ် ထိုငှက်များစွာတို့
ကိုအစာရေစာကောင်းကောင်းကျွေးပြီး လှောင်အိမ်ကြီးထဲထည့်ထားပါတယ် ၊လာဝယ်တဲ့သူ
တွေကို လှောင်အိမ်ထဲကနေထုတ်ထုတ်ရောင်းပါတယ် ၊ဘုရားလောင်းငုငှက်ကတော့ တနေ့မှ
အစာမစာပါဘူး ၊မုဆိုးကဘယ်လောက်ကောင်းတဲ့အစာတွေပေးပေးသူမစားဘူး ၊တခြားငှက်
များကိုလည်း မစားကြဖို့တရားဟောပါတယ် ။

သောသော် တခြားငှက်တွေကမစားဘဲမနေကြဘူး ဒီလောက်ကောင်းတဲ့အစားစာတွေစားနေ
ရတာ စားမှာဘဲ စားမှာဘဲပေါ့ ၊များများစားတော့ ဝလို့ လှလို့ အသားတွေတိုး ဝယ်သူတွေက
လှတဲ့ကောင်ကိုမှရွေးဝယ် အမြန် ဖောက်သည်လက်ထဲရောက် အမြန်သေပေါ့ ၊ဒါကို ဘုရား
လောင်းငှက်ကသိတယ် ၊လုံးဝမစားဘူး ဒီနေရာကဘယ်လိုလုပ်ရင်လွတ်မလဲ ဒါကိုပဲသူကြံနေ
တယ် ၊ထွက်ပေါက်ကို အမြဲရှာနေတယ် ၊ငြီးငွေ့နေတယ် ထိတ်လန့်နေတယ် ၊ဒီလိုနဲ့ ဝတဲ့ လှတဲ့
ငှက်တွေအကုန် ကုန်သွားတယ် ။
ဘုရားလောင်းငှက်လေးသာကျန်ခဲ့တယ် ၊သူကအစာမစားတော့ ပိန်ချုန်းပြီး အနာရနေတဲ့ငှက်
လိုဖြစ်နေတယ် ဝယ်မဲ့လူမရှိဘူး ၊ဒါကို မုဆိုးကမြင်တော့ ဟာမဖြစ်ဘူး ဒီကောင်းရောဂါရှိနေ
တယ်ဆိုပြီး လှောင်အိမ်ကနေ ဆွဲထုတ်ပစ်တယ် သွားချင်ရာသွာ သေချင်တဲ့နေရာသေပေါ့ ၊
ဒီတော့မှ ဘုရားလောင်း ငှက် အပြီးပိုင် လွတ်မြောက်လာပါတော့တယ် “မုစ္ဆီတုကမျှတာဥာဏ်”
ပေါ့ ။မိမိတို့လည်း သေမင်းမုဆိုးရဲ့ (၃၁)ဘုံလှောင်အိမ်ကြီးထဲ အလှောင်ခံနေရတယ်လို့မှတ်ကြ
ပါ ။ပြီးတော့မှ ဘုရားလောင်းငှက်က“အန္တိဘူတောအယံလောကော”လောကကြီး မျက်စိကန်း
နေပြီ ၊   ငြိမ်းချမ်းရေးရင်ခွင်-----၂၀----သို့----အရှင် ရေ၀တ  M,A*Philosophy)

ငြိမ်းချမ်းရေး ရင်ခွင့်(၁၈)

      လူစစ်စစ်ဖြစ်ဖို့လိုတယ် ။
တောင့်တဲ့သဘောဟာ ပထဝီဓာတ် ၊ရုပ်တရား တောင့်တဲ့သဘောကိုသိနေတာက နာမ်တရား၊
နာတဲ့အခါမှာလည်း နာတာကရုပ် သိနေတာက နာမ် ၊ဓာတ်(၄)ပါးထဲ့က ဘယ်ဓာတ်ကိုဘဲရှူ့
ရှူ့ ရုပ် နာမ်(၂)ပါးကိုတွေ့ပါလိမယ် ၊ဒီသဘောကိုပိုင်ပိုင်နိုင်နိုင် ရှူ့ တတ် မြင်တတ်ပြီးဆိုရင်
နာမရူပပရိစ္ဆေဒ” ဥာဏ်လို့ခေါ်ပါတယ် ၊ဘဝ၏ ငြိမ်းချမ်းရေးကို တကယ်ရယူလိုတယ်တကယ်
ပိုင်ဆိုင်လိုတယ်ဆိုရင် အောက်ထစ်ဆုံ အနည်းဆုံ ဒီဥာဏ်လောက်ကိုတော့ ရထား သိထားဖို့
လိုပါတယ် ။
နာမရူပပရိစ္ဆေဒ ဥာဏ်ကိုရထား သိထားပြီဆိုရင် “ကလျှာဏ”ပုထုဇဉ်စာရင်ထဲဝင်သွားပါပြီ ၊
လူဖြစ်ရကျိုးနပ်ပြီလို့ပြောနိုင်ပါတယ် ၊ဘုရားရှင်က လူ့ဘဝကိုရဘို့ အလွန်ခက်ခဲ့တယ်လို့ဟော
ခဲ့ပါတယ် ၊ဒါကို တချို့က ပျက်ရည်ပြုနေကြတယ် လူဖြစ်ဖို့ခက်ခဲ့တယ်ဆိုရင်ဒီကနေ့ ကမ္ဘာပေါ်
မှာ လူဦးရေတော်တော်များလာတယ် ၊အချို့နိုင်ငံများမှာဆို နေစရာနေရာမရှိတဲ့ထိဖြစ်နေပြီ ၊ဒါ
ဟာ လူဖြစ်ဖို့ မခက်ခဲ့လို့ ခုလိုများလာတာမဟုတ်ဘူးလား ၊ဘယ်လိုလုပ်ပြီး လူဖြစ်ဖို့ခက်ခဲ့တာ
လဲပေါ့ ။
ဘုရာစကားတော်ကို အမှားလုပ်ချင်လာကြတယ် ၊လူဖြစ်ဖို့ လူ့ဘဝကိုရဘို့ ခက်ခဲ့တယ် ဆိုတဲ့
ဘုရားရှင်၏ စကားတော်က ဘာကိုဦးတည်နေတာလဲ ကြည့်ပါ ၊ဒီစကားတော်၏ ဦးတည်ချက်
မှာ လူတစ်ယောက်သည် “သဒ¨ါ-သတိ-ပညာ”(၃)ပါးနဲ့ပြည့်စုံရမည်ဖြစ်သည် ၊သဒ¨ါဆိုတာ ဘု
ရား တရား သံဃာ ရတနာမြတ်(၃)ပါးတို့အပေါ် ယုံကြည်ဆည်းကပ်ကိုးကွယ်အားထားမှု
တခြား တောကိုးကွယ် တောင်ကိုးကွယ် နတ်ကိုးကွယ် သူရဿတီကိုကိုကွယ် ဘိုးဘိုးအောင်
ဘိုမင်းခေါင် ဘိုးဘိုးကြီး ဘိုးဘိုးလတ် ဘိုးဘိုးငယ် ။
ဘိုးဘိုးထွေး ၊မယ်တော်ကြီး မယ်တော်လတ် မယ်တော်ငယ် မယ်တော်ထွေး ကိုကြီးဖြူ ကိုကြီး
မဲ ကိုကြီးနီ ကိုကြီးပြာ ကိုကြီးဝါ အများကြီးပါ ဒါတွေ ကိုးကွယ်တာကတော့ ကြောက်လို့ ကိုး
ကွယ်ကြတာပါ ၊တကယ့်သဒ¨ါတရားမဟုတ်ပါဘူး ။“သတိ”ဆိုသည်မှာ ရတနာမြတ်-၃-ပါးနှင့်
ရုပ်နာမ်းတို့၏ မတည်မြဲမှု ရွေ့လျှားနေမှုတို့ကိုအမှတ်ရနေဖို့ ကိုဆိုလိုတာပါ ၊အခြားအာရုံများ
အပေါ်အမှတ်ရနေမှုတို့ကိုမဆိုလိုပါဘူး ။“ပညာ” ဆိုတာကတော့ အနည်းဆုံး ရုပ်နာမ်(၂)ပါး
ကိုခွဲသိနိုင်တဲ့ ပညာကိုမှ တကယ့်စစ်မှန်တဲ့ ပညာလို့ခေါ်တာပါ ။
လက်ရှိကမ္ဘာပေါ် နေစရာနေရာမရှိတော့လောက်အောင်များနေတဲ့ လူတွေထဲက အထက်ပါ
အင်္ဂါ-၃-ပါးနှင့်ပြည့်စုံတဲ့လူ ဘယ်လောက်ရှိမလဲ ခန်းမှန်းကြည့်ပါ အဲဒီ-၃-ပါးနဲ့ပြည့်စုံတဲ့လူကို
မှ ဘုရားရှင်က ဒီလိုလူတစ်ယောက်ယောက်လောက၌ဖြစ်ဖို့ ခက်ခဲ့တယ်လို့ဟောခဲ့တာပါ ၊ဘု
ရားရှင် အလိုရှိတဲ့လူနဲ့ ကမ္ဘာပေါ်ရှိသမျှလူအားလုံးကိုရောနှောမကြည့်ဖို့တော့ လိုပါတယ် ၊ဒီ
တော့ ရုပ်နာမ်တို့ကိုခွဲနိုင်ပြီဆိုရင် ၊ရပ်-သွာ-ထိုင်-လျှောင်း က္ကရိယာပုတ်-၄-ပါးထဲက တပါးပါး
ကိုလုပ်တိုင်း ရပ်တာက ရုပ်၊ရပ်ချင်တာက နာမ် ၊ထိုင်တာကရုပ်-ထိုင်ချင်တာကနာမ်-သွားတာ
ကရုပ်-သွားချင်တာကနာမ်-လျှောင်းတာကရုပ်-လျှောင်းချင်တာကနာမ်-စသည်ဖြင့် သုံးသပ်နိုင်
လာပါလိမယ်။
ဒါကို “သမ္မသန”ဥာဏ်လို့ခေါ်ပါတယ် ၊ရုပ်နာမ်းများကို အဖန်ဖန်သုံးသပ်တဲ့ဥာဏ်ပေါ့၊ပြီးရင်အဲဒီ
ရုပ်နာမ်တို့၏ ဖြစ်ပျက်ကိုမြင်အောင်ကြည့်ပါ“ဥဒယဗ္ဗယ”လို့ခေါ်ပါတယ် ၊“ဥဒကဗက”   တော့
မဖြစ်စေနဲ့ပေါ့၊ဘုရားရှင်လက်ထက်တော်အခါက ရဟန်းတော်တစ်ပါး တရားအားထုတ်မယ်ဆို
ပြီး တခြားတစ်ပါးထံသွားမေးတယ် ၊ဘာကိုမှတ်ရမလဲပေါ့ ဒီတော့ ဟိုကပြောလိုက်တယ်------ ဥဒယဗ္ဗယ ဖြစ်ပျက်ကိုမှတ် ခန္ဒာကိုယ်မှာဘာဘဲတွေ့တွေ့ အကုန် ဖြစ်ပျက်လို့သာမှတ်ဆိုတော့
သူကသေချာ မှတ်လာတယ် မေ့သွားမှာကြောက်လို့ ပါးစပ်ကလည်ဲးတတွတ်တွတ်ရွတ်လာတယ်၊ ဒီ
တော့ လမ်းတဝက်လည်းရောကော့ ခလှုပ်တိုက်ပါလေရော--ငြိမ်းချမ်းရေးရင်ခွင်-(၁၉)-သို့---အရှင်ရေ၀တ M,A(Philosophy)

ငြိမ်းချမ်းရေး ရင်ခွင့်(၁၇)

      မြစ်ရေစီးနေသလိုပါဘဲ။
၁။ ပထဝီဓာတ်ကို ဝိပဿနာရှူ့တဲ့အခါ “မာတဲ့သဘော တောင့်တဲ့သဘော ထုံတဲ့သဘော တင်းတဲ့သဘော နာတဲ့သဘော ကိုက်တဲ့သဘော ကျိုင်တဲ့သဘောတွေကိုတွေ့လာလိမယ် အထိုင်များသည် ကြသည်နှင့်အမျှ ခါးကနာလာသလို ဒူးကကိုက်လာသလို ကျိုင်လာသလို
ထုံလာသလို လည်ပင်းက တင်းလာသလိုစတဲ့ ဝေဒနာဆိုးတွေ ပေါ်လာတတ်တယ် ဒီသဘော
တွေဟာ သိပ်အကြာကြီးဖြစ်နေတာတော့ မဟုတ်ပါဘူး ပေါ်လိုက်ပျောက်လိုက် ဖြစ်လိုက် ပျက်လိုက်သဘောတွေပါ ။
ဒါကို လက္ခဏာရေး(၃)ပါးတင်ပြီး အနိစ္စ ဒုက္ခ အနတ္တ ပေါ်အောင် မြင်အောင်ရှူ့ ရမယ် ၊မာတဲ့
သဘောနဲ့ပေါ်လာတဲ့ရုပ် တောင့်တဲ့သဘောနဲ့ပေါ်လာတဲ့ရုပ် ထုံတဲ့သဘောနဲ့ပေါ်လာတဲ့ရုပ် ကိုက်ခဲ နာကျင်မှုတွေနဲ့ပေါ်လာတဲ့ရုပ်အားလုံးသည် ဖြစ်ပြီးရင် မကြာခင်ပျက်ကြတာပါဘဲလို့
ဥာဏ်မှာမြင်အောင် ရှူ့ရမယ် ၊အနိစ္စကိုတွေ့ဖို့မြင်ဖို့ လတွေ နှစ်တွေနှင့်ချီပြီးစောင့်စရာမလိုဘူး
ပရမတ်ရုပ် တကယ်အရှိရုပ်တွေဟာ အချိန်တိုင်း်အချိန်တိုင်း အနိစ္စ ဒုက္ခ အနတ္တ ဖြစ်နေကြတာ
ပါ ။
၂။တေဇောဓာတ်ကိုဝိပဿနာရှူ့တဲ့အခါမှာလည်း ပူတဲ့သဘော နွေးတဲ့သဘော အေးတဲ့သ
    အိုက်တဲ့သဘောတွေကိုဘဲရှူ့ရပါတယ် မနေနိုင်အောင်ပူလာတာမျိုးတော့ မဟုတ်ပါဘူး
 တေဇောဓာတ်၏ ဖောက်ပြန်မှုသဘောလောက်ပါ ၊ပူသလို နွေးသလို အေးသလို အိုက်သလို
တွေ့လာပါလိမယ် ၊အကြာကြီးလည်းမခံဘူး ဒလစပ်ဖြစ်ပျက်နေတာပါ ပူတာက အေးလိုက် အေးတာက ပူလိုက် ပရမတ်ရုပ်တွေရဲ့ ပျက်ဆီးပြောင်းလဲနေမှုတွေပါ ဒီသဘောများဟာ တစ်
စက္ကန့်မှာ ဘယ်နှစ်မျိုးလောက်ပြောင်းလဲနေသလဲ ။
ဘယ်နှစ်မျိုးလောက် ပျက်ဆီးနေသလဲ ဥာဏ်နှင့်ကြည့်ပါ သ္မာဓိရှိရင် ရှိသလောက် တွေ့ပါလိ
မည် ၊ဘုရားရှင်ကတော့ တစ်စက္ကန့်မှာ ကုဋေတစ်သောင်းထိ ဖြစ်ပျက်နေကြတယ်လို့ဟောခဲ့
ပါတယ် ၊ဒီသဘောတွေကို ရုပ်အနေနှင့်ပြောရင် ပူသဘောက ပူတဲ့ရုပ် အေးသဘောကအေး
တဲ့ရုပ် နွေးသဘောက နွေးတဲ့ရုပ် အိုက်သဘောက အိုက်တဲ့ရုပ် တေဇောရုပ်တွေပေါ့ ၊ပထဝီ
ဓာတ်ထဲမှာတွေတဲ့သဘောများကိုလည်း ပထဝီရုပ်တွေလို့မှတ်ပါ ။မရပ်မနားဘဲ တခုပြီးတခု
ဖြစ်ပျက်နေတာကိုတွေ့ပါလိမည် ။
၃။အာပေါဓာတ်ကတော့ အလွန်သိမ်မွေ့နုညံ့ပါတယ် ထိတွေ့ စမ်းသပ်လို့မရလောက်အောင်ထိ
နုညံ့ပါတယ် ၊ဒါပေမဲ့ သူ့လက္ခဏာကို သူဖော်ပြနေပါလိမည် ၊အေးစက်စက် စပ်ဖြိန်းဖြိန်း ကျိန်း
စပ်စပ်သဘောတွေပါ ၊ကြက်သီးထသလိုလို မွှေးညှင်းပင်တွေ ထောင်လာသလိုလိုတွေ့တတ်ပါ
တယ် ၊အာပေါ ရုပ်တွေပေါ့ ၊ မိမိဥာဏ်ထဲမှာ ထင်လာတဲ့ သဘောကို လက္ခဏာရေး(၃)ပါးတင်
ပြီး ၊ဖြစ်ပျက်မြင်အောင်ရှူ့ပေးပါ ။
၎။ါယောဓာတ်ကတော့အတော်ထင်ရှားပါတယ် တွန်းတဲ့သဘော၊လှုပ်တဲ့သေဘာ၊ရွ့တဲ့သဘော
ကွေ့တဲ့သဘော၊ဆန့်တဲ့သဘော၊စောင်းတဲ့သဘော၊တိန်းတဲ့သဘောများဟာ ဝါယောဓာတ် ဝါ
ယောရုပ်တွေပါ ၊ဒီ ဓာတ်ကြီး(၄)ပါးထဲပါတဲ့ ရုပ်သဘောလက္ခဏာအားလုံးတို့သည် အချိန်မခြား
ဖြစ်ပျက်ပြောင်းလဲပါတယ် ၊နဒီသောတောဝိယ မြစ်ရေယဉ်ကဲသို့ ပြတ်တောက်မှုမရှိ သွင်းသွင်
စီးကျပြောင်းလဲနေကြတယ် ဆိုပြီး ဘုရားရှင်ဟောခဲ့ပါတယ် ၊ဒီပဇာလာဝိယ မီးတောက် မီးလျှံ
ကဲသို့လောင်ကျွမ်းနေတယ်လို့လည်းဟောခဲ့ပါတယ် ။
မြစ်ရေစီးကျနေတာကို ကြည့်လိုက်တဲ့အခါ ရေတွေဟာ တပေါင်းတည်းတစုတည်းဖြစ်ပျက်မှုမ
ရှိစီးကျနေကြတာဘဲလို့ မြင်ပါလိမည် ၊တကယ်တော့ ဖြစ်ပျက်နေကြတာပါ ၊ပထမမြင်လိုက်တဲ့
ရေဟာ ဒုတိယမြင်ကွင်းမှာမရှိတော့ဘူး ၊ဒုတိယမြင်လိုက်တဲ့ရေလည်း တတိယမြင်ရတဲ့နေရာ
မှာမရှိတော့ ဘူး ၊အရှိန်လျှင်မြန်နေလွန်းလို့သာ တသွေးတသားတည်းလို့ထင်ရတာပါ ။မီးစွဲ
ထားတဲ့ ဖယောင်းတိုင်မှာလည်း စွဲခါစမီးသည် စွဲပြီးချိန်မှာမရှိတော့ဘူး ထို့အတူ အသစ်အသစ်
မီးတွေက ဆက်ခါဆက်ခါလောင်နေကြတာပါ။
ဓာတ်ကြီး(၄)ပါးမှာရှိတဲ့ ပရမတ်ရုပ်သဘောတို့သည်လည်း မြစ်ရေတို့ ဆီမီးတိုင်တို့ကဲသို့ပါဘဲ၊
ဓာတ်ကြီး(၄)ပါးတို့ သဘောလက္ခဏာများကို သေချာမှတ်ပြီးရှူ့ကြည့်ပါ ၊ဥပမာတောင့်တဲ့
သဘောကိုတွေ့ရင် ဒီသဘောက ဘာဓာတ်လဲ ၊ပြီးတော့မှ အဲဒီသဘောထဲမှာ ရုပ် နာမ်ခွဲပါ
ရုပ်နာမ်ကိုခွဲနိုင်ရင် ----ငြိမ်းချမ်းရေးရင်ခွင်(၁၈)--သို့-----အရှင်ရေ၀တ M.A(Philosophy)